Main menu

Background

ကျပြီးရင်းကျနေသည့် ပြည်တွင်းငွေလဲနှုန်း

Thu, 02/13/2020 - 16:04 -- journal_editor

     ပြည်တွင်းငွေလဲနှုန်းဈေးကွက်သည်  နှစ်စကတည်းက  ကျဆင်းနေခြင်းဖြစ် ပြီး အကျဘက်ကိုဆက်လက် ဦးတည်နေနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ပြောသည်။  လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖေဖော်ဝါရီ  ၆ ရက်အတွက် ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင်  ၁၄၅၃ ကျပ် သတ်မှတ်ထားပြီး ဈေးကွက်အနေအထားအရ အနည်းငယ်ကျဆင်းမှုသာရှိခဲ့ ကြောင်း သိရသည်။'ငွေလဲနှုန်းက တအိအိနဲ့ကျနေတယ်။ ဈေးကလည်း တစ်ပတ်နဲတစ်ပတ်ကို တအားကြီး ကွာခြားမှုမရှိဘူး။ ဒီတစ်ပတ်အတွင်း  အနေအထားနဲ့ပြောမယ်ဆိုရင်တောင် သုံးကျပ်လောက်က တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကိုရိုနာ ဗိုင်းရပ်စ် မငြိမ်သရွေ့ကတော့ ဈေးကျနေဦးမယ်လို့သုံးသပ်ရတာပဲ။ ကုန်သည်တွေ တွက်ခြေကိုက်တဲ့ အနေအထားပဲ။ ဘာပဲဖြစ်ဖြစ် ဒီထပ်ထိုးကျသွားရင်တော့ တက် ဈေးနဲ့ သွင်းထားတဲ့သူတွေအတွက်  ဆုံးရှုံးမှုတွေရှိလာနိုင်တယ်' ဟု ပြည်တွင်း ငွေကြေးအရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

     ပြည်တွင်းငွေလဲနှုန်းဈေးကွက်တွင်   ဖေဖော်ဝါရီ ၅ ရက်က  အမေရိကန် တစ်ဒေါ်လာရောင်းဈေး ၁၄၅၁ ကျပ်၊ ဝယ်ဈေး ၁၄၄၆ ကျပ်မှ ဖေဖော်ဝါရီ ၆  ရက် တွင် အမေရိကန်တစ်ဒေါ်လာ  ရောင်းဈေး ၁၄၅၃ ကျပ်၊ ဝယ်ဈေး ၁၄၄၈ ကျပ်သို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် အမေရိကန် တစ်ဒေါ်လာရောင်းဈေး ၁၄၅၁ ကျပ်၊ ဝယ်ဈေး ၁၄၄၆ ကျပ်ရှိ ကာ ယခင်ရက် သတ္တပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း သိရသည်။

 

ချောစု