Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတင်ပို့မှု ယခင်တစ်ပတ်ထက် ပိုမိုတင်ပို့နိုင်

Mon, 03/16/2020 - 13:19 -- journal_editor

       ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ၂ ဒဿမ ၃၉၀ ဒေါ်လာသန်းတန်ဖိုးရှိ ဆန်တန်ချိန်၈၀ဝ၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၇၃၀ဝ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ် ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၅၀ဝ ခန့် တင်ပို့နိုင်ခဲ့ပြီး  ယခင်တစ်ပတ် တင်ပို့ မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ သည်။

       ယခုတစ်ပတ်   ကုန်သွယ်ရေးစခန်းများမှ ၁ ဒသမ သုညနှစ် ဒေါ်လာသန်း တန်ဖိုးရှိ  ဆန်ကွဲတန်ချိန် ၄၁၀ဝ ခန့် တင်ပို့နိုင်ခဲ့သည်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှဆန်ကွဲ တန်ချိန်  ၃၈၃၆ ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၂၆၅၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၁၇ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်  တန်ချိန် ၉၀ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်ဟု သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၉ ရက်ထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ဝ၂၇ဒေါ်လာ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၀ဝ၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့်  အာရှနိုင်ငံများသို့ တန်ချိန် ၁၇၀ဝ၀ ကျော်၊ အီးယူနိုင်ငံများသို့   တန်ချိန် ၇၅၀ဝ ကျော်၊ အာဖရိက နိုင်ငံများသို့ ၁၅၆၀ဝ ခန့် တင်ပို့နိုင်ခဲ့သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်   ၁၉၀ဝ၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ သည်။

      ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ၅ ဒသမ ၈၈၅ ဒေါ်လာသန်း တန်ဖိုး ရှိ ဆန်ကွဲတန်ချိန် ၂၂၀ဝ၀ နီးပါး တင်ပို့ နိုင်ခဲ့သည်။ အီးယူနိုင်ငံများသို့  တန်ချိန် ၈၆၀ဝ ကျော်၊ အာဖရိကနိုင်ငံများသို့ တန်ချိန် ၁၁၀ဝ၀ ကျော်နှင့် အာရှနိုင်ငံများ ဆန်ကွဲတန်ချိန် ၂၂၅၀ ခန့် တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ် ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၃၀ဝ ကျော် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲစုစုပေါင်း တန်ချိန် ခုနစ် သောင်းခွဲခန့် တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၂၀ဝ၀ဝ ခန့်  ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

အေးအေးသန့်