Main menu

Background

ပြည် ပဲမျိုးစုံဈေးကွက်တွင် စားတော်ပဲသီးနှံ ဈေးအမြင့်ဆုံးဖြစ်နေ

Thu, 07/30/2020 - 15:17 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း ဝယ်လက်ပဲများနှင့် ပြည်ပဝယ်လိုအားရှိသော ပဲများအားလုံးလိုလို ဈေးအတက်အကျသိပ်မဖြစ်ဘဲ ဈေးငြိမ်နေသည်။မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများ မှာ တစ်တင်းကျပ်သုံးသောင်း အထက်မှာ ဆက်ရှိနေပြီး ပဲကြီး၊ ဗိုလ်ကိတ်၊ ပဲနီပြားသီးနှံများ ကျပ် သုံးသောင်း အောက်ရောင်းဝယ်နေခဲ့ကာ ပဲလွမ်းဖြူနှင့် စားတော် ပဲသီးနှံမှာ လက်လီပဲဈေးကွက်အတွင်း ဈေးအမြင့်များဖြင့်  ရောင်း ဝယ်နေခဲ့ကြကြောင်း သိရသည်။
မတ်ပဲ
မတ်ပဲသီးနှံမှာ ပဲဈေးကွက်အတွင်း တစ်နှစ်တာလုံး ရောင်း ဝယ်လျက်ရှိသော်လည်း ယခုအချိန်တွင် ရက်ခြားသာ ရောင်းဝယ် နေခဲ့ကြသည်။ လက်ကျန်လှောင်ပဲများကိုသာ ဝယ်လိုအားပေါ် မူတည်၍ ရောင်းဝယ်မှုဖြစ်ခြင်းကြောင့် အရောင်းအဝယ်ဖြစ် သည့်ရက်တွင် အိတ် ၁၀ဝ/၂၀ဝ ကျော် အဝယ်ရှိခဲ့ပြီး   ရန်ကုန် ဝယ်လက်သမားများ ဝယ်ယူနေခဲ့ကြသည်။
 ပဲဈေးမှာတစ်တင်းလျှင် ကျပ် ၃၁၈၀ဝ ဖြင့် ရောင်းဝယ်နေခဲ့ ကြသည့်အတွက် ယခင်နှစ်က ဇူလိုင်လအတွင်း ရောင်းဝယ်ခဲ့သည့် ဈေးထက်  ဈေးပိုရလျက်ရှိသည်။   ယခင်နှစ် ဇူလိုင်လအတွင်း မတ်ပဲသီးနှံ၏ပေါက်ဈေးမှာ   တစ်တင်း ကျပ် ၂၆၀ဝ၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။
ပဲတီစိမ်း
ပဲတီစိမ်းသီးနှံမှာ   ပဲဈေးကွက်အတွင်း အရောင်းအဝယ် မဖြစ်သလောက်ဖြစ်ခဲ့ကာ ဈေးနှုန်းမှာ တစ်တင်း ကျပ် ၃၉၀ဝ၀/ ၄၀ဝ၀ဝ အထိ ဈေးကောင်းရလျက်ရှိနေသည်။ယခင်နှစ်က ပဲသစ် ပေါ်ချိန်ကာလ   ပဲတီစိမ်းသီးနှံဈေးမှာ  တစ်တင်း ကျပ် ၃၅၀ဝ၀ ရရှိခဲ့သည့်အတွက် ယခုနှစ်ပဲဟောင်းဈေးမှာ ယခင်နှစ်ထက်ဈေးပို ရနေခဲ့ကြောင်းသိရသည်။
ပဲကြီး
ပဲကြီးသီးနှံအနေဖြင့် ဒေသတွင်းဝယ်လက်သမားအဓိကအရောင်းအဝယ်ဖြစ်ခဲ့သော်လည်း  နေ့စဉ်  ရောင်းဝယ်မှုဖြစ်နေ ကြောင်းသိရသည်။ ပဲကြော်ဖိုလုပ်ငန်းသမားများ ဝယ်ယူလျက်ရှိ ကာ တစ်ရက်အိတ် ၂၀ဝ/၃၀ဝ အထိရှိပြီး   ပဲဈေးမှာ (ရွှေကျွန်း)တစ်တင်းကျပ် ၂၈၅၀ဝ၊ (ကမ်းနား) တစ်တင်းကျပ် ၂၅၀ဝ၀တို့ဖြင့် ယခင်တစ်ပတ်က  ဈေးအတိုင်း    ဈေးအပြောင်းအလဲမဖြစ်ဘဲ ဈေးငြိမ်နေခဲ့သည်။ပဲကြီးသီးနှံ မှာ  ယခင်နှစ်က တစ်တင်း   ကျပ်သုံးသောင်း အထက်ရရှိခဲ့ပြီး  ယခုနှစ်တွင် ကျပ်သုံးသောင်းအောက်သာ လျော့ နည်းရောင်းဝယ်နေရကြောင်း သိရသည်။
စားတော်ပဲ
စားတော်ပဲသီးနှံမှာ ပဲဈေးကွက်တွင် လက်လီသာရောင်း ဝယ်မှုဖြစ်သော်လည်း ဈေးအမြင့်ဆုံးရနေသည့်    ပဲသီးနှံဖြစ်ခဲ့ သည်။ လက်ကျန်လှောင်ပဲများ နေ့စဉ်လက်လီအဝယ်ရှိ၍ အိတ် ၂၀ ကျော်ရောင်းဝယ်နေခဲ့ပြီး တစ်တင်း ကျပ် ၄၀ဝ၀ဝ မှ ၄၂၀ဝ၀ အထိ ရရှိခဲ့သည်။ စားတော်ပဲသီးနှံမျာ နှစ်စဉ်လိုလို ဈေးကောင်းရ သည့်သီးနှံဖြစ်ခဲ့ပြီး  ယခင်နှစ်က အခြားလက်လီပဲများ ဈေးအေး နေချိန်မှာပင် တစ်တင်း ကျပ်သုံးသောင်းနီးပါးအထိ ရရှိခဲ့ကြောင်း လေ့လာသိရှိရသည်။
    ခင်ဆွေဝင်း(ပြည်)