Main menu

Background

ယခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတင်ပို့ မှု ယခင်နှစ်ထက် လျော့နည်းနေ

Wed, 08/12/2020 - 14:47 -- journal_editor

ယခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတင်ပို့မှု ယခင်နှစ်ထက် လျော့နည်းနေကြောင်း မြန်မာ နိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ပြည်ပသို့     မြန်မာ့ကော်ဖီ တင်ပို့မှုမှာ နှစ်စဉ်တန် ၄၀ဝ ခန့်ရှိကာ   ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တန် ၅၀ဝ အထိ တိုးတက်တင်ပို့နိုင်ခဲ့ သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်တွင်   ကမ္ဘာ့ နိုင်ငံအနှံ့ ဖြစ်ပွားလျက်ရှိသည့်  COVID-19  ကပ်ရောဂါအခြေအနေကြောင့်    ပုံမှန်ထက် တင်ပို့မှု လျော့နည်းနေခြင်းဖြစ်ကြောင်း  ယင်း အသင်းအတွင်းရေးမှူး ဦးသီဟက    သြဂုတ်၄ ရက်တွင် ပြောသည်။“ကျွန်တော်တို့ နိုင်ငံရဲ့     အခုလက်ရှိ ကော်ဖီဈေးကွက်က   ပုံမှန်နှစ်တွေထက် နည်း နည်းလေးပါးတယ်။ ပြည်ပ တင်ပို့မှုတွေရှိတယ်။ ဒါပေမဲ့   ပုံမှန်ထက် အရေအတွက် နည်းတယ်။ တောင်သူတွေ၊  ကုမ္ပဏီတွေ အဓိက တင်ပို့တာ အမေရိကန်၊    ဥရောပ၊ အင်္ဂလန် အပါအဝင် နိုင်ငံ ၁၆ နိုင်ငံကို ပို့နေတယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့၊ ဥရောပတို့ဘက်မှာCOVID-19  အခြေအနေက ဒီမှာထက် အများကြီးဆိုးတော့ သူတို့မှာ ကော်ဖီဆိုင်တွေက ရောင်းချနိုင်စွမ်း မရှိတဲ့အခါမှာ   ကော်ဖီစိုက် တောင်သူတွေကို ပြန်လာထိခိုက်တာပေါ့”ဟု ၎င်းက ပြောသည်။

သို့သော် ပြည်ပသို့ ကော်ဖီတင်ပို့ရောင်းချ သည့်ကာလမှာ  နှစ်ကုန်ပိုင်းအထိ ဖြစ်သော ကြောင့် လာမည့် တစ်လ၊ နှစ်လအတွင်း ကော်ဖီ တင်ပို့မှု ပြန်လည်ကောင်းမွန်လာရန် မျှော်လင့် သည်ဟု ဆိုသည်။လက်ရှိတွင် မြန်မာ့ကော်ဖီများကို အမေ ရိကန်၊ ဥရောပ၊ အင်္ဂလန်အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိပြီး  USAID    နှင့် WinRock International အဖွဲ့အစည်းများ ၏ အကူအညီဖြင့် အမေရိကန်ဈေးကွက်တွင် လည်း နေရာရရှိနေကာ     ဂျပန်၊ ကိုရီးယား၊ ကနေဒါနိုင်ငံ ဈေးကွက်များသို့ ထိုးဖောက်နိုင် ရန်အတွက်လည်း   ကြိုးပမ်းနေကြောင်း သိရ သည်။

ကော်ဖီအမျိုးအစားအနေဖြင့် မြန်မာ နိုင်ငံတွင် အာရေဗီးကား (Arabica) ကော်ဖီနှင့် ရိုဘတ်စတာ (Robusta)   ကော်ဖီဟူ၍ နှစ်မျိုး ရှိသည့်အနက်   အာရေဗီးကား ကုန်းမြင့်ကော်ဖီ (အထူးတန်း ဝင်ကော်ဖီ)ကို   အဓိက စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။မြန်မာ့ကော်ဖီစိုက်ခင်း   ဧက ၅၀ဝ၀ဝ ခန့်တွင် အာရေဗီးကား ကော်ဖီစိုက်ဧက၄၀ဝ၀ဝ ခန့်ရှိပြီး အရည်အသွေးအပေါ်   မူတည်၍ မြန်မာ့ကော်ဖီသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၀ဝ၀ မှ ၈၀ဝ၀ နှင့်အထက် ဈေးနှုန်းရှိ နေပြီး ပုံမှန်အရည်အသွေးဆိုပါက   တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၂၀ဝ၀ ခန့် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၌ ကော်ဖီကို နှစ်စဉ် ဒီဇင် ဘာလမှ နောက်နှစ် မတ်လအထိ ခူးဆွတ်ထုတ် လုပ်ပြီး ဧပြီလ နောက်ပိုင်းမှ စတင်ကာ တစ်နှစ် ပတ်လုံး ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

                                                ပန်းဆု