Main menu

Background

ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းဒီဂျစ်တယ် ကုန်သွယ်မှု ပလက်ဖောင်းအား စက်တင်ဘာလအတွင်း စတင်ဆောင်ရွက်မည်

Thu, 09/22/2022 - 15:09 -- journal_editor

ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ငန်း စဉ်များအား အခြားမိတ်ဖက်နိုင်ငံများနှင့် ပေါင်းစပ်ဆောင် ရွက်နိုင်ရန်အတွက် ပြည်တွင်းဒီဂျစ်တယ်ကုန်သွယ်မှု ပလက် ဖောင်း (NDTP)အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းဘဏ်များအသင်း အထွေထွေမန်နေဂျာ၏ ပြောကြား ချက်အရ သိရှိရသည်။ အဆိုပါ ပလက်ဖောင်းမှာ ထိုင်းစီးပွား ရေးလုပ်ငန်းများအား နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ ကဲ့သို့ ဒီဂျစ်တယ်စီးပွားရေးကို ကူးပြောင်းဆောင်ရွက်နိုင်ရန် အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။
ထို့အပြင် အဆိုပါ ပလက်ဖောင်းတွင် ဌာနဆိုင်ရာများ နှင့် အဖွဲ့အစည်း အသီးသီးတို့မှ စာရွက်စာတမ်း အထောက် အထားများအား အတူတကွ လွှင့်တင်နိုင်မည်ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသည့် စီးပွားရေးလုပ်ငန်း များအနေဖြင့် ဒီဂျစ်တယ် ကုန်သွယ်မှုပလက်ဖောင်း( NDTP) တွင် သီးခြားတင်ပြဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့  အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အချိန် နှင့် ငွေကြေးကုန်ကျမှုများကို သက်သာစေမည်ဖြစ်ပြီး ထိုင်း နိုင်ငံ၏ အဓိကသော့ချက်ဖြစ်သည့် နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့်  (Ease Of Doing Business) ကို လည်း တိုးတက်လာစေမည်ဖြစ်သည်။ 
ထိုင်းနိုင်ငံ စက်မှုအသင်းချုပ် ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားရာတွင်( NDTP) ပလက်ဖောင်းအား လာမည့် စက် တင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံ ၏ (NTP) ပလက်ဖောင်းနှင့် ဂျပန်နိုင်ငံ၏ (Yrade Waltz)တို့ နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ အဆိုပါ ( NDTP) ပလက်ဖောင်း၏ Soft Launchလွှင့်တင်မှုအား   လာမည့် နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ်   စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) တွင် တင်ပြသွားမည်ဖြစ် ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။NDPT ပလက်ဖောင်းသည် စီးပွားရေးလုပ်ငန်းများ အတွက် စာရွက်စာတမ်း  လုပ်ငန်းစဉ်များကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည့်အပြင်   အနာဂတ်ကုန်သွယ်မှု  အခွင့် အလမ်းများကို ရှာဖွေရန်အတွက် ဒေတာစင်တာ တစ်ခုလည်း ဖြစ်သည်။ ပလက်ဖောင်းအား ပထမအဆင့်(၁) စမ်းသပ်မှု အနေဖြင့် ထိုင်းကုမ္ပဏီများမှ နယ်ပယ် သုံးရပ်ဖြစ်သည့် e-purchase order, e-invoice, e-packing list ကဲ့သို့သော စီးပွားရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ၊ သယ်ယူပို့ဆောင်ရေး စာရွက်စာတမ်းများအပြင် အခြား အစိုးရ အာမခံဆိုင်ရာ အထောက်အထားများ ပါဝင်မည်ဖြစ် သည်။ အဆိုပါNDPT ၏ အီလက်ထရွန်နစ် အထောက်အထား များအားUN နှင့် CEFACT ၏ အီလက်ထရွန်နစ် စီးပွားရေး နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး စံနှုန်းများနှင့်အညီ  တိုးတက်အောင်  ဆောင်ရွက်သွားမည်ဖြစ်သည်။ NDPT ပလက်ဖောင်းအား အဆင့် ငါးဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။  
အဆိုပါ  ပလက်ဖောင်းအား  အသုံးပြုခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများအပေါ် တာဝန်ယူမှုနှင့် ပွင့်လင်းမြင် သာမှု ရှိလာစေမည်ဖြစ်ပြီး စာရွက်စာတမ်း အထောက်အထား များတင်ပြခြင်းအား အီလက်ထရွန်နစ်ဖိုင်များအဖြစ် ကူးပြောင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုင်းကုမ္ပဏီများ အနေ ဖြင့်လည်း   ကမ္ဘာ့ဒီဂျစ်တယ်ကဏ္ဍတွင်  အခြားနိုင်ငံများနှင့် ပူးပေါင်းပါဝင်လာနိုင်မည်ဖြစ်ပြီး စံပြဖြစ်စေမည့် ပလက် ဖောင်းတစ်ခုကို တည်ထောင်နိုင်ရေး ရှာဖွေလုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ရင်းမြစ်။ The Nation,Thailand
မြဝတီကုန်သွယ်ရေးဇုန်