Main menu

Background

မလေးရှားနိုင်ငံ၌ လယ်ယာထွက်ကုန်ပစ္စည်းအချို့၏ ပြည်တွင်းဖူလုံမှုအချိုး ၁၀ဝ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိခဲ့

Thu, 09/29/2022 - 13:20 -- journal_editor

၂၀၂၁ ခုနှစ်တွင်   မလေးရှားနိုင်ငံ၏ လယ် ယာထွက်ကုန်ပစ္စည်းအမယ်    ၂၆ မျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး  (Self-Sufficiency Ratio-SSR)မှာ ၁၀ဝ  ရာခိုင်နှုန်းကျော်သို့     စံချိန်တင် ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ  စာရင်းအင်း ဌာန(Department of Statistics Malaysia-DOSM)၏ ဖော်ပြချက်အရ သိရသည်။ DOSM   က၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့စွဲဖြင့်   ထုတ်ပြန်သည့်စာရင်းဇယားများ အရ မလေးရှားနိုင်ငံ၌ သစ်သီးဝလံ ၁၄ မျိုးအနက် ၁၀ မျိုးသည် ပြည်တွင်းဖူလုံမှုအချိုး  ၁၀ဝ ရာခိုင် နှုန်းကျော်ရှိခဲ့ပြီး သစ်သီးဝလံများတွင် သင်္ဘောသီး ၁၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဖရဲသီး ၁၃၉ ဒသမ ၅ ရာခိုင်နှုန်း၊ ပိန္နဲသီး ၁၁၀ ဒသမ၈ ရာခိုင်နှုန်းတို့ဖြင့် ပြည်တွင်းဖူလုံမှုအချိုးရှိခဲ့သည်။ သို့ရာတွင် မလေးရှားနိုင်ငံအနေဖြင့် ပြည် တွင်း သရက်သီး လိုအပ်ချက်ကို ပြည့်မီရေးအတွက် ပြည်တွင်း၌သရက်သီးစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် ၂၀၂၀ ခုနှစ်တွင် ၂၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ 
၂၀၂၁ခုနှစ်တွင် ၁၆ဒသမ၂ ရာခိုင်နှုန်းသို့ ကျဆင်း ခဲ့ပြီး ပြည်တွင်းဖူလုံမှုအချိုး အနိမ့်ဆုံးဖြစ်ခဲ့သည်။ အလားတူ မလေးရှားနိုင်ငံသည် ဟင်းသီး ဟင်းရွက်အမယ် ၁၀ မျိုးအနက်    ခုနစ်မျိုးသည် ပြည်တွင်းဖူလုံမှုအချိုး    ၁၀ဝ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။   ဟင်းသီးဟင်းရွက် အမယ်များအနက်   ခရမ်းချဉ်သီးမှာ ၁၁၈ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ပြည်တွင်းဖူလုံမှုအချိုး အမြင့်ဆုံး ဖြစ်ပြီး ငရုတ်သီးမှာ ၂၉  ဒသမ  ၃ ရာခိုင်နှုန်းဖြင့် ပြည်တွင်းဖူလုံမှု အချိုးအနိမ့်ဆုံးဖြစ်သည်။ အခြားလယ်ယာထွက်ကုန်   သီးနှံများတွင် မလေးရှားနိုင်ငံ၏ ကြံသီးနှံ ပြည်တွင်းဖူလုံမှု အချိုး မှာ ၁၄၉ဒသမ၄ ရာခိုင်နှုန်း၊ ပီလောပီနံဖူလုံမှုအချိုး ၁၀ဝဒသမ၂ ရာခိုင်နှုန်း အသီးသီး ရှိခဲ့သည်။ မွေး မြူရေး ထွက်ကုန်များအနေဖြင့်  ဘဲသား  ၁၃၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကြက်သား/ ကြက်ဥ ၁၁၄ ဒသမ၄ ရာခိုင်နှုန်းတို့ဖြင့်   ပြည်တွင်းဖူလုံမှုအချိုး ရှိခဲ့သည်။DOSM   ထုတ်ပြန်သည့်စာရင်းဇယားများ အရ  မလေးရှားနိုင်ငံ၌ ငါးအမျိုးအစား ၁၃ မျိုးတွင် ရေချိုငါးခူ၊ကဏန်း၊ ငါးကွမ်းရှပ်(mackerel) ၊ ပုစွန်၊ ငါးနုသန်း(silver catfish) စသည့် ငါးအမျိုးအစား ငါးမျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး ၁၀ဝ ရာခိုင် နှုန်းကျော်ရှိခဲ့ကြောင်း သိရသည်။
ကျော်စိန်ဝင်း(MYANTRADE)