Main menu

Background

တိရစ္ဆာန်အစာ ပဲပိစပ်ကို တရုတ် လျှော့ချ တင်သွင်း

Thu, 10/13/2022 - 13:40 -- journal_editor

တရုတ်အစိုးရသည်တိရစ္ဆာန်အစာအဖြစ် ပဲပိစပ်တင်သွင်းမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း စက်တင်ဘာလပထမအပတ်က  ကြေညာခဲ့ပြီး ပြည်တွင်းပဲပုပ်လိုအပ်ချက်အတွက် သွင်းကုန်အပေါ်တွင်သာ မှီခိုနေခြင်းသည်   နိုင်ငံ၏ စားနပ် ရိက္ခာဖူလုံရေးပန်းတိုင်များနှင့် ဆန့်ကျင်နေကြောင်း   တရုတ်နိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည်ကမ္ဘာပေါ်တွင် ပဲပိစပ် အများ ဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ရစ္ဆာန်အစာ အတွက် ဝယ်လိုအားမြင့်မှုကအဓိကအချက်ဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA))၏ အချက်အလက်များ အရ ၂၀၁၉ခုနှစ် တစ်နှစ်တည်းတွင်တရုတ်နိုင်ငံ၏ ပြည်တွင ပဲပိစပ်သုံးစွဲမှုမှာမက်ထရစ်တန်ပေါင်း ၁၁၀ ဒသမ ၃၂ သန်းအထိရှိခဲ့ပြီး  ၂၀၂၀ ပြည့်နှစ်တွင် မက်ထရစ်တန်ပေါင်း ၁၁၂ ဒသမ ၇၃ သန်းသို့ တိုးမြှင့် လာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင်  မက်ထရစ်တန်ပေါင်း ၁၀၆ ဒသမ ၇၂ သန်းသို့    ပြန်လည်လျော့ကျခဲ့သော် လည်း ပဲပိစပ်တင်သွင်းရန်   အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော်အထိ သုံးစွဲခဲ့သည်ကို တွေ့ရှိရသည်။၂၀၁၉ ခုနှစ်မှ  ၂၀၂၁ ခုနှစ်အထိ တရုတ်နိုင်ငံ၏ ပြည်တွင်း ပဲပိစပ် ထုတ်လုပ်နိုင်မှုပမာဏမှာ  ပျမ်းမျှ အားဖြင့်မက်ထရစ်တန် ၁၈သန်းဖြစ်သည်။ ပြည်တွင်း ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရေးအတွက်၂၀၁၉ ခုနှစ်တွင် ပဲပိစပ်တန်ချိန် ၉၈ ဒသမ ၅၃သန်း တင်သွင်း ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် တင်သွင်းမှုတန်ချိန် ၉၉ သန်း အထိ မြင့်တက်လာခဲ့သည်။ သို့ရာတွင် ပြည်တွင်း သုံး စွဲမှုသည် ၂၀၂၁ခုနှစ်တွင် ကျဆင်းခဲ့သည်ကိုတွေ့ရှိ ရပြီး တင်သွင်းမှုမှာလည်း   တန်ချိန်သန်း ၉၀ အထိ ကျဆင်းခဲ့သည်။ယခင်နှစ်က ပြည်တွင်းသုံးစွဲမှုနှင့် တင်သွင်းမှုတို့မှာ ၅ ရာခိုင်နှုန်းနှင့်   ၁၀ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပြီး  ကပ်ရောဂါ၏သက်ရောက်မှု ကြောင့် ဆက်လက်ကျဆင်းနိုင်ကြောင်းနှင့်  လက်ရှိအခြေအနေသည်ကောင်းမွန်နေသေးသော်လည်း စိုက်ပျိုးမှုအခက်အခဲများကြောင့် ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပမှ တင်သွင်းမှုများ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြသည်။ တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ဖွဲနု၊ ပြောင်း၊ ဆန်၊ ဂျုံ၊ မုယောနှင့် ပီလောပီနံ စသည့် အခြားသီးနှံ များကို ပဲပုပ်အစားထိုးအဖြစ် အသုံးပြုရန် အဆိုပြုခဲ့ပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်းကြတ်စေ့၊ နေကြာစေ့ နှင့် နှမ်းကဲ့သို့သော အခြားဆီထွက်သီးနှံများကို ပဲပိစပ် အစားထိုး စိုက်ပျိုးရန် အကြံပြုထားသည်။တောင်သူ လယ်သမားများအတွက် ကုန်ကျစရိတ်သက်သာစေရန်နှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်သူများအတွက် အကျိုးခံစားခွင့်ပိုမိုရရှိရန် ပဲပိစပ်အသုံးပြုမှုကို လျှော့ ချသင့်ကြောင်း တရုတ်အစိုးရကထပ်လောင်း တိုက်တွန်းခဲ့သော်လည်းTRIDGE ၏ လေ့လာသုံးသပ် ချက်အရမြေပဲ၊ မုန်ညင်း၊ နှမ်းနှင့်   နေကြာ စသည့် အခြားအစားထိုးသီးနှံများစိုက်ပျိုးရာတွင် အခက်အခဲ များရှိကြောင်း တွေ့ရှိရသည်။ စားနပ်ရိက္ခာဖူလုံမှုသေချာစေရန်အတွက်  ပဲပိစပ်သုံးစွဲမှုကိုလျှော့ချမည့်  တရုတ်အစိုးရအနေဖြင့်လယ်သမားများအား   အစားထိုးစိုက်ပျိုးထုတ်လုပ်ရမည့် အခြားသီးနှံများ အလွယ်တကူရရှိရန်နှင့်နည်းလမ်းသစ်များဖြင့် ပိုမိုကောင်းမွန် သော ထောက်ပံ့ရေး ကွင်းဆက်များ ပံ့ပိုးပေးနိုင်ရန် လိုအပ်သည်။
MOC(IR)