Main menu

Background

ရှန်ဟိုင်းစက်ရုံတွင် မော်တော်ကားထုတ်လုပ်မှု တက်စ်လာ ယာယီရပ်ဆိုင်း

Mon, 01/02/2023 - 12:45 -- journal_editor

ကမ္ဘာကျော် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla သည် တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ စက်ရုံတွင် ၎င်းတို့၏ မော်တော်ကားထုတ်လုပ်နေမှုကို ယာယီရပ်ဆိုင်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Tesla အနေဖြင့် ထိုကဲ့သို့ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းမှုတွင် တရားဝင် အသိပေးထုတ်ပြန်ခြင်းမရှိဘဲ စက်ရုံတွင်း ညွှန်ကြားမှုတစ်ခုသာဖြစ်ကြောင်း အတွင်းအသင်းတစ်ခုအရသိရသည်ဟု ရိုက်တာသတင်း ဌာနက ဆက်လက်ဖော်ပြထားသည်။

အဆိုပါ အမေရိကန် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla သည် ရှန်ဟိုင်းစက်ရုံမှ ၎င်းတို့၏ မော်တော်ကားထုတ်လုပ်မှုကို မည်မျှကြာသည်အထိ ရပ်ဆိုင်းထားမည်ကို အတိအကျမသိရသေးကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရခြင်းမှာ တရုတ်နိုင်ငံတွင် ပြန်လည်ဖြစ်ပွားနေသည့် ကိုဗစ်(၁၉) ရောဂါကြောင့်ဖြစ်ကြောင်း ရိုက်တာသတင်း၏ အဆိုအရ သိရသည်။

Teslaသည် ရှန်ဟိုင်းစက်ရုံမှ လျှပ်စစ်မော်တော်ကားများကို ထုတ်လုပ်နေခြင်းဖြစ်ပြီး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်မှုကို မည်သည့်အချိန်တွင် ပြုလုပ်နိုင်မည်ကို မသိရှိသေးကြောင်းနှင့် ယင်းမှာ တရုတ်နိုင်ငံတွင် ပြန်လည် ပြင်းထန်စွာ ကူးစက်နေသည့် ကိုဗစ်(၁၉)ရောဂါအပေါ် မူတည်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဒီဇင်ဘာလ အစောပိုင်းက ၎င်းတို့၏ ကိုဗစ်မူဝါဒကို ဖြေလျှော့ပေးပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများ  ကောင်းစွာ လည်ပတ်နိုင်မှုကို အားပေးခဲ့သော်လည်း ဒီဇင်ဘာလထဲတွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုက ပြင်းထန်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်းမျာ းကောင်းစွာလည်ပတ်မှုအတွက် အရှိန်လျော့ကျစေခဲ့ရသည်။            

Source; Reuters

စိုင်းဗညား