Main menu

Background

တရုတ်က အာရှ၏ အနက်ရှိုင်းဆုံး ရေနံနှင့် ဓာတ်ငွေ့တွင်း တူးဖော်

Wed, 05/10/2023 - 16:34 -- journal_editor

တရုတ်နိုင်ငံ၏ အကြီးဆုံး China Petrochemical Corporation (Sinopec) က အာရှတွင် အနက်ရှိုင်းဆုံး ရေနံနှင့်ဓာတ်ငွေ့တွင်း တူးဖော်ခြင်းကို တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌  စတင်တူးဖော်နေပြီ ဖြစ်ကြောင်း သိရသည်။
China Petrochemical Corporation(Sinopec) အနေဖြင့် ရေနံ နှင့်  ဓာတ်ငွေ့တွင်းတူးဖော်ခြင်းကို မေ ၁ ရက်က  စတင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
တရုတ်နိုင်ငံက ယခုတူးဖော်နေသော အဆိုပါ ရေနံတွင်းသည် အနက် ၉၄၇၂ မီတာရှိကြောင်းနှင့် ယင်းမှာ ချိုမိုလန်းမားတောင်၏ အမြင့်ထက် မီတာ ၆၂၀ ပိုမိုရှည်လျားကြောင်း China Petrochemical Corporation (Sinopec) ၏ အဆိုအရ သိရသည်ဟု ဆင်ဟွာသတင်းတွင် ရေးသားထားသည်။ အဆိုပါရေနံနှင့် ဓာတ်ငွေ့တွင်းသည် မြေအောက်ရေနံတွင်း တူးဖော်ခြင်းနည်းပညာ၌ တရုတ်နိုင်ငံ၏ နောက်ထပ် ဦးဆောင်မှုတစ်ရပ်ဖြစ်ပြီး အာရှတွင် အနက်ရှိုင်းဆုံး အဖြစ်လည်း မှတ်တမ်းဝင်မည် ဖြစ်သည်။                                        

Source; Xinhua

စိုင်းဗညား