Main menu

Background

ပြည်ပဲစင်းငုံ ရန်ကုန်ဝယ်လက်အပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်

Tue, 10/30/2018 - 13:13 -- journal_editor

   ပြည်ပဲဈေးကွက်မှာ ယခုတစ်ပတ်အတွင်း  မတ်ပဲသီးနှံဈေးပိုရလာသလို ပဲစင်းငုံသီးနှံကလည်း ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးပိုရလာခဲ့တာကို တွေ့ ရပါတယ်။ လက်ကျန်ပဲများရှိသော်လည်း ရန်ကုန်ဝယ်လက် ဝယ်လိုအား အပေါ် မူတည်၍ ရောင်းချခဲ့ကြရတာကြောင့် အရောင်းအဝယ်ဖြစ်သည့်ရက်တွင်   အိတ် ၃၀ဝ-၄၀ဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နေ့စဉ်အဝယ်မရှိဘဲ  ရက်ခြားအရောင်း အဝယ်ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း အခြားပဲအားလုံးထက် လျော့နည်းခဲ့ကာ တစ်တင်း ကျပ် ၁၄၀ဝ၀ ဖြင့် ဈေးအနိမ့်ဆုံးရခဲ့လို့ ယခုနှစ်အတွင်း တစ်နှစ်တာလုံး ဈေးအေးခဲ့တဲ့ သီးနှံဖြစ်နေခဲ့ပါတယ်။
ခင်ဆွေဝင်း