Main menu

Background

ချင်းနှင့် ကြက်သွန်နီ ဈေးနှုန်း မြင့်တက်လျက်ရှိ

Fri, 07/29/2022 - 16:19 -- journal_editor

ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ ဆောင်ပြောင်း၊ ကုန်းသာ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ချင်းကို ဟင်းခက်အမွှေး အကြိုင်အဖြစ်  ရိုးရာအစားအစာများ၊ ဟင်းလျာများတွင် အသုံးများ သဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခု ဇူလိုင်လ ပထမပတ်တွင် ဈေးကွက်အတွင်း ဒေသထွက် ချင်း တစ်ပိဿာလျှင် ၂၂၀ဝ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဇွန်လပထမပတ်တွင် ဒေသထွက်ချင်း တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်ခ န့်သာရှိခဲ့ပြီး  ဇွန်လပထမပတ်နှင့် ဇူလိုင်လ ပထမပတ် နှိုင်းယှဉ်လျှင် ဒေသထွက်ချင်း  တစ်ပိဿာလျှင် ၇၀ဝ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့် တက်လာရခြင်းမှာ  ချင်းစိုက်တောင်သူများမှာ စိုက်ဧက အနည်းငယ်သာ စိုက်ပျိုးနိုင်ပြီး အချို့နေရာများတွင် အချိန်မီ တူးဖော်နိုင်မှု မရှိခြင်း၊ ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်း ကြောင့်ဖြစ်သည်ဟု ဒေသထွက်ချင်း ရောင်းချသူတစ်ဦးထံမှ သိရသည်။
ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင် သီးနှံကို ပြည်နယ်တွင်းစိုက်ပျိုးမှု လျော့နည်းသဖြင့် စားသုံးမှု လိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိတ္ထီလာမှ အများဆုံး တင်သွင်းရပြီး ဇွန်လတွင် ပြည်နယ်အတွင်း ကြက်သွန်နီဝင် ရောက်မှုမှာ ၂၄၂၀ အိတ် ၇၂၆၀ဝ ပိဿာရှိခဲ့ပြီး ယခုလက်ရှိ ဇူလိုင်ပထမပတ်တွင် ဈေးကွက်တွင် ဖြစ်ပေါ်နေသော ကြက် သွန်နီဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿာလျှင် ကျပ်၂၅၀ဝ၊ အလုံးသေး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင် ဇွန်လပထမပတ်တွင် ကြက် သွန်နီ အလုံးကြီး တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ အလုံးသေး တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ သာရှိခဲ့ပြီး ယခင်ဇွန်လပထမ  ပတ်နှင့် ယခုဇူလိုင်လပထမပတ် နှိုင်းယှဉ်လျှင် ကြက်သွန်နီ အလုံးကြီး တစ်ပိဿာ ကျပ် ၁၀ဝ၀၊ အလုံးသေး တစ်ပိဿာ ကျပ် ၈၀ဝ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့် တက်ရခြင်းမှာ ပြည်နယ်တွင်း စိုက်ပျိုးထုတ်လုပ်နိုင်မှု လျော့ နည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိခြင်း၊ စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်၍ သယ်ယူစရိတ်များ မြင့်မား လာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးရှိ ကြက်သွန်နီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
ခင်မြို့ရီ (စားသုံးသူ၊ကယား)