Main menu

Background

မော်လမြိုင်မြို့ အေးသာယာဈေး ကုန်ဈေးနှုန်းအခြေအနေ

Thu, 01/05/2023 - 15:12 -- journal_editor

မွန်ပြည်နယ်မော်လမြိုင်မြို့ရှိအေးသာယာဈေး၌ မွန်ပြည်နယ်အတွင်း နေရာဒေသစုံအသီးသီးမှထွက်ရှိသည့် ရာသီကုန်စည်များအား အဓိကကုန်စိမ်းများကိုရောင်းချလျက်ရှိရာ လက်လီဈေး၊ လက်ကားဈေးနှုန်းများဖြင့်  အရောင်း အဝယ် ဖြစ်ပေါ်မှုအား တွေ့ရှိရသည်။ အေးသာယာဈေးသည် ညနေ ၃ နာရီမှ ည ၇ နာရီအထိ ညဈေးအဖြစ်လည်း ဈေးဝယ်သူ ဈေးရောင်းသူ စည်ကားသည့်အချိန်လည်းဖြစ်သည်။ 
အေးသာယာဈေး၌  ရောင်းချလျက်ရှိသော ကုန်စိမ်းများမှာ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊  မုန်ညင်း သီးနှံများ၊ ဘူးသီး၊ ရွှေဖရုံသီး၊ ပဲသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ရှောက်သီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ကန်စွန်းဥ၊ လိမ္မော်သီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ဖရဲသီး၊ ဖရဲသခွားသီး၊ ငှက်ပျောသီး အမယ်စုံနှင့် ဘုရားပန်း မျိုးစုံတို့အား ရောင်းချလျက်ရှိသည်။
ယင်းအမယ်မျိုးစုံများမှ ဈေးနှုန်း အခြေအနေမှာ  ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၀ဝ၀၊ အာလူးတစ် ပိဿာလျှင် ကျပ် ၃၀ဝ၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ရွှေဖရုံသီး တစ်လုံးလျှင် ကျပ် ၁၀ဝ၀၊ ဘူးသီးတစ် လုံးလျှင် ကျပ် ၅၀ဝ မှ ၇၀ဝ အတွင်း၊ မုန်ညင်း  တစ်ထုပ်လျှင် ကျပ် ၁၂၀ဝ၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ်၂၀ဝ၀၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၆၀ မှ ၇၀ အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်း လျှင် ကျပ် ၆၀ မှ ၈၀ အတွင်း၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်၂၀ဝ၀၊ သံပရာသီး တစ်လုံးလျှင် ကျပ် ၁၀ဝ မှ ၂၅၀ အတွင်း၊ လိမ္မော်သီး  တစ်ကီလို ကျပ် ၂၅၀ဝ မှ ၄၀ဝ၀ အတွင်းဖြစ်ကြောင်း သိရသည်။
ခင်ကြည် (မွန်ပြည်နယ်)