Main menu

Background

အချိန်တိုအတွင်း  ဝင်ငွေရရှိနေသောတောင်ငူမြို့မှ  မှိုစိုက်ပျိုးရေးလုပ်ငန်း

Fri, 03/03/2023 - 11:17 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခိုင်၊တောင်ငူ မြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်တွင် စီးပွားဖြစ်မှိုစိုက်ပျိုးရေးမှာ အချိန်တိုအတွင်း  ဝင်ငွေရရှိသော အောင်မြင်သည့်လုပ်ငန်းတစ်ခုဖြစ်သည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်သည် မိမိတွင် ရှိရင်းစွဲဖြစ်သော မြေခံ၊ ရေခံ ခြံအကျယ် အဝန်းရှိနေမှုကို အကျိုးရှိစွာ အသုံးပြုထားသည် ကို တွေ့ရှိရသည်။ 
ဒေါ်ဝင်းပပနိုင်သည် မှိုစိုက်ပျိုးရေးလုပ်ငန်း ကို စိတ်ဝင်စားသည့်အတွက်  မှိုမျိုးစုံစိုက်ပျိုးထုတ် လုပ်နည်း   သင်တန်းအမှတ်စဉ်(၃/၂၀၂၂)ကို တက်ရောက်ထားသူဖြစ်သည်။     သင်ယူထား သော မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းပညာ ကို ကိုယ်ပိုင်အရင်းအနှီးဖြင့် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိ သည်။
မှိုစိုက်ပျိုးရန် ဝါစေ့ခွံ၊  လွှစာမှုန့်၊ ဆားခါး၊ ဖွဲနု၊ ဂလူးကို့စ်၊ ဂျုံနှင့်ထုံးတို့    လိုအပ်ပါသည်။ ဝါစေ့ခွံကုန်ကြမ်းများကို မိတ္ထီလာခရိုင်၊ မလှိုင်မြို့ မှ မှာယူရသည်။ တောင်ငူမြို့အရောက် ဝါစေ့ခွံ ကုန်ကြမ်း  တစ်ပိဿာ   ကျပ် ၆၀ဝ ဝယ်ယူရပါ သည်။ ၁၀ ပိဿာဆံ့  အိတ်ကြီးဖြင့်   ထည့်၍ ကားဖြင့် တင်ပို့ပေးသည်။ 
လွှစာမှုန့်အသုံးပြုရာတွင် ရော်ဘာပင်လွှ စာမှုန့်ကိုသာ အသုံးပြုပြီး မော်လမြိုင်မြို့မှ မှာယူ ရသည်။ ဆားခါး ၂၅ ကီလိုဂရမ်တစ်အိတ်  ကျပ် ၃၄၀ဝ၀၊ ဂလူးကို့ ၂၅ ကီလိုဂရမ် တစ်အိတ် ကျပ် ၈၅၀ဝ၀၊   ဆန်ဖွဲနု ပိဿာ ၂၀ တစ်အိတ် ကျပ် ၁၉၀ဝ၀ ၊ ဂျုံဖွဲနု တစ်အိတ်  ကျပ် ၂၂၀ဝ၀၊ ထုံး တစ်အိတ် ကျပ် ၃၅၀ဝ ဖြင့် ဝယ်ယူရသည်။
မှိုမျိုးစေ့များကို မြဝတီမှ  မှာယူရသည်။ မှိုမျိုးတစ်ပုလင်း ၁၈၀ဝ ကျပ်    ဝယ်ယူရသည်။ မှိုမျိုးထုပ်ရန်   ၇ဓဍ္ဍ၁၂ဓအိတ်ခွံများ   အသုံးပြုရ သည်။ အိတ်ခွံတစ်ပေါင်လျှင် ကျပ်၂၇၀ဝ၀ပေးရ သည်။ တစ်ပေါင်လျှင် အိတ်ခွံ ၈၀ဝ ခန့်  ပါဝင် သည်။ မှိုပျိုးထုပ်များတွင် ကော်လံကွင်းများ ထည့်ပေးရသဖြင့် ကော်လံကွင်း အခု ၁၀ဝ လျှင် ကျပ် ၁၈၀ဝ ပေးရသည်။  မှိုမျိုးများ မထည့်ခင် ရောစပ်ထားသော သဘာဝမြေထုပ်များကို လေးနာရီကြာ ပေါင်းရသည့်အတွက် ထင်းဖိုး တစ်ရက် ကျပ် ၁၅၀ဝ အသုံးပြုရသည်။    
လုပ်သား သုံးဦးဖြင့် တစ်ရက် မှိုစိုက်ပျိုးရန် အိတ် ၃၀ဝ ထုပ်သည်။ လုပ်သားခအဖြစ် တစ်ဦး လျှင် တစ်ရက် ကျပ် ၅၀ဝ၀နှုန်းဖြင့်   လုပ်သား သုံးဦးအတွက် ၁၅၀ဝ၀ ကျပ်    ကုန်ကျသည်။ စိုက်ပျိုးမှိုတစ်ထုပ်အတွက်   အထွေထွေကုန်ကျ စရိတ် ကျပ် ၅၅၀ ကုန်ကျသည်ဟု သိရှိရပါသည်။
မှိုစိုက်ပျိုးထားသည့်စင် အိတ် ၃၀ဝ၀ ဝင် ဆံ့သည့် အဆောက်အုံနှစ်လုံးဆောက်ထားသဖြင့် မှိုပျိုးထုပ် ၆၀ဝ၀ စိုက်ပျိုးထားသည်။   တစ်ရက် လျှင် အိတ် ၃၀ဝ မှ ၅၀ဝ ပုံမှန်ထည့်သွားသည်။ မှို အပင်ပေါက် ကုန်သွားသည့်အိတ်များကိုလည်း မှိုစိုက်ပျိုးစင်မှ ဖယ်ထုတ်သည်။    မှိုထွက်ရှိနှုန်း အနေဖြင့် တစ်ရက်လျှင် ပိဿာ ၂၀ ခန့်  ထွက်ရှိ သည်။ မှိုတစ်ပိဿာလျှင် ၃၅၀ဝ ကျပ်ဖြင့် ထွက် သမျှအားလုံး ခြံသို့  လာဝယ်ကြောင်း၊ တစ်ရက် ဝင်ငွေ ၇၀ဝ၀ဝ ကျပ်ခန့်    ပုံမှန်ရှိကြောင်း သိရှိရ သည်။
မှိုကြိုက်နှစ်သက်သူများအတွက်   ရာသီ ချိန်တွင်ပေါက်သော မှိုများကိုတစ်ပိဿာ၁၀ဝ၀ဝ ကျပ်ဖြင့် ဝယ်ရသည်။ ယခုအခါ   မှိုကြိုက်သူများ အတွက် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ မှိုစိုက်ပျိုးခြံအတွက် လုပ်သားလိုအပ် သည့်အနေအထားကြောင့်   ဒေသခံများလည်း အလုပ်အကိုင်များ ရလာသည်။ တောင်ငူမြို့တွင် ဟိုတယ်များ၊  စားသောက်ဆိုင်များ၊ ထမင်းဆိုင် ကြီးများရှိသည့်အတွက်   မှိုဝယ်သည့်ဈေးကွက် လည်း ရှိနေသည်။ 
ပျိုးထုပ်တစ်ထုပ်လျှင် ၄၀ ကျပ်သားမှ ၆၀ ကျပ်သားအထိ ထွက်ရှိသည်ဟု သိရှိရသည်။ မှိုထွက်နှုန်း ၄၀ ကျပ်သားထွက်လျှင်  ရောင်းရငွေ ကျပ် ၁၄၀ဝ  ရရှိသည်။ အရင်း ကျပ် ၅၅၀ ရှိသည့် အတွက် မှိုပျိုးထုပ်တစ်ထုပ်လျှင် အမြတ် ကျပ်  ၈၅၀ ရရှိသည်။  ၆၀ကျပ်သားထွက်လျှင် ရောင်းရ ငွေ ကျပ်  ၂၁၀ဝ၀ ရရှိသည့်အတွက် အမြတ်ငွေ ၁၅၅၀ ကျပ်  ရရှိကြောင်း   မှိုစိုက်ပျိုးထုတ်လုပ် သူ၏ ပြောပြချက်အရ သိရှိရသည်။

မြင့်သူ(တောင်ငူ)