Main menu

Background

မော်လမြိုင်ဈေးကွက်တွင် ရော်ဘာနှင့်ဘိလပ်မြေဈေးနှုန်း အနည်းငယ်မြင့်တက်၊ မြေသြဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း တည်ငြိမ်နေ

Fri, 03/17/2023 - 13:06 -- journal_editor

မော်လမြိုင်မြို့၌ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင်  ဘိလပ်မြေ ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၈၀ဝ၊ ဆင်(ထိုင်း) ကျပ် ၁၅၃၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၆၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ 

အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50kg ပါ တစ်အိတ် မှာကျပ် ၁၅၂၀ဝ၀၊ကွန်ပေါင်း ၂၀း၁၂း၁၂ 50kg  ပါတစ်အိတ်မှာ ကျပ် ၁၆၂၀ဝ၀၊ ကွန်ပေါင်း (Thai Grow How)  ၁၅း၁၅း၁၅ 50kg ပါ တစ် အိတ်မှာ ကျပ် ၁၄၅၀ဝ၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါ တစ်အိတ်မှာ ကျပ် ၇၀ဝ၀ဝ၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ  တစ်အိတ်မှာ ကျပ် ၁၁၅၀ဝ၀၊ ပိုတက် (အာမို)  50kg ပါ တစ်အိတ်မှာ ကျပ် ၁၄၀ဝ၀ဝ၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ တစ်ပုလင်းမှာ ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ တစ်ပုလင်းမှာ ကျပ် ၁၃၈၀ဝ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ်အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ ဖေဖော်ဝါရီလမှစ၍ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာပြီး ဖေဖော်ဝါရီစတုတ္ထပတ်တွင် RSS-3 တစ်ပေါင်လျှင်ကျပ် ၁၃၇၅၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၇၅ ရှိခဲ့ပြီး ယခုမတ် ၈ ရက်မှ ၁၃ ရက်ထိ ဈေးနှုန်းမှာRSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၈၅ ၊ RSS-5  တစ်ပေါင် လျှင် ကျပ် ၁၂၈၅ ပေါက်ဈေးရှိနေကြောင်းသိရသည်။ 
မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50kg) ပါ တစ်ထုပ်လျှင် (၁၅၀ဝ) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၃၀ဝ၀ဝ) ကျပ်ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50kg) ပါ တစ်ထုပ်လျှင် (၂၅၀ဝ) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၅၀ဝ၀ဝ) ကျပ် ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။                            

 အောင်မြင့်မြတ်(မွန်)