Main menu

Background

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Fri, 03/17/2023 - 13:09 -- journal_editor

၂၀၂၃ ခုနှစ် မတ်လ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည် ၃၈၀ဝ ကျပ်၊ ဧည့်မထ တစ်ပြည် ၂၅၀ဝကျပ်၊ မနောသုခ တစ်ပြည် ၂၃၅၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၀ဝ၀ကျပ်၊ (လတ်)တစ်ပိဿာ ၁၈၀ဝကျပ်၊ (သေး)တစ်ပိဿာ ၁၅၀ဝကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ 

ကြက်သွန်ဖြူ လက်လီဈေးမှာ(ကြူကုတ်) တစ်ပိဿာ ၃၈၀ဝ ကျပ်မှ ၄၅၀ဝကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၄၁၀ဝ ကျပ်မှ ၄၆၀ဝ ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၁၅၀ဝ ကျပ်မှ ၁၆၀ဝ၀ ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀ဝ၀ ကျပ်မှ ၁၈၅၀ဝ ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၀ဝ ကျပ်မှ ၂၈၀ဝ ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၀ဝ၀ ကျပ်မှ ၁၈၀ဝ ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

ကြက်ဥ လက်လီဈေးမှာ တစ်လုံး ၂၁၀ ကျပ် မှ ၂၄၀ကျပ်ထိ ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေ၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၇၆၀ဝ ကျပ်မှ ၁၀ဝ၀ဝ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၅၀ဝ ကျပ်မှ ၁၅၀ဝ၀ ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀ဝ ကျပ်မှ ၁၄၀ဝ၀ ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၀ဝ၀ဝကျပ်မှ ၁၃၀ဝ၀ ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၈၀ဝ ကျပ်မှ ၁၀ဝ၀ဝ ထိ၊ ငါးကြင်း တစ်ပိဿာ ၁၀၅၀ဝ ကျပ်မှ ၁၅၀ဝ၀ ကျပ်ထိ  ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ၁၄၅၀ဝ ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၂၀ဝ ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၅၀ဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ထွန်းမင်းသန့်(နေပြည်တော်)