Main menu

Background

တညင်းကုန်းဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်း

Tue, 03/28/2023 - 15:37 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီး အတွင်းသို့ မတ် ၁၅ ရက်မှ မတ် ၂၁ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၆၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀ဝ မှ ၂၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၅၀ဝ မှ ၁၅၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၀ဝ၀ မှ ၂၃၀ဝ အတွင်း၊ မုန့်လာဥနီ (ပိဿာ) ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀ဝ မှ ၄၅၀ဝ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၅၀ဝ မှ ၁၅၀ဝ အတွင်း၊ မုန်ညှင်း (ထုပ်)(ပိဿာ)ကျပ် ၁၅၀ဝ မှ ၂၀ဝ၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၁၀ဝ မှ ၁၈၀ဝ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၃၂၀ဝ မှ ၆၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၈၀ဝ မှ ၄၀ဝ၀ အတွင်း၊ ချင်း(ပိဿာ)  ကျပ် ၁၆၀ဝ မှ ၂၀ဝ၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၅၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၀ဝ အတွင်း၊  ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၈၀ဝ မှ ၁၂၀ဝ အတွင်း၊ သံပရာသီး (လုံး)ကျပ် ၈၅ မှ ၂၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၀ဝ၀ မှ ၅၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။ 
တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီး အလုံးပေါင်း ၁၀၅၃၀ဝကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) ၄၁၆၅၅ ကျော်၊ ဘူးသီးအလုံးပေါင်း ၃၇၃၃ ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း ၂၉၀ဝ ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း  ၁၇၅၀ဝ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း  ၁၀၁၀ဝ ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း  ၉၅၅၅ ကျော်၊ ဖရဲသီးလုံး ပေါင်း  ၁၁၆၀ဝ ကျော်  အသီးသီး ကုန်အဝင်ရှိကြောင်း သိရသည်။
မြင့်မြင့်စန်း(ရန်ကုန်)