Main menu

Background

စစ်တွေ မြို့မဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Fri, 03/31/2023 - 13:06 -- journal_editor

၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးနှုန်းမှာ ပထမပတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပြီး စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။မတ်လ ပထမပတ်အတွင်း   ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါ    တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ၇၂၀ဝ၀၊ ဧည့်မထ ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ၊  ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀ဝ၀ မှ ၅၈၀ဝ၀ အတွင်း စားဖိုဆောင် သီးနှံများဖြစ်သော ကြက်သွန်ဖြူ (ရှမ်း)၁၀ပိဿာ တစ်အိတ်ကျပ် ၆၇၀ဝ၀မှ ၆၈၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ် အိတ် ကျပ် ၄၃၀ဝ၀ မှ ၄၄၀ဝ၀ အတွင်း ချင်း တစ်ပိဿာ ကျပ် ၂၂၀ဝ မှ ၂၃၀ဝ အတွင်း၊ ငရုတ်သီ ခြောက် (အိန္ဒိယ) တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ၁၄၀ဝ၀ အတွင်း၊   ငရုတ်သီးခြောက် (ဒေသထွက်)  တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ မှ  ၂၂၀ဝ၀ အတွင်း၊  ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် ၆၀ဝ မှ ၈၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ်  ၅၀ဝ မှ ၇၀ဝ အတွင်း၊ ခရမ်းသီး (တစ်ပိဿာ) ကျပ် ၅၀ဝ မှ ၇၀ဝ အတွင်း၊ ခရမ်းချဉ်သီး(တစ်ပိဿာ)ကျပ်   ၈၀ဝ မှ ၁၀ဝ၀ အတွင်း လက်ကားဈေးတို့ဖြင့်  အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ဆိုင်ခန်း  ဈေးသည်များနှင့် ပွဲရုံ ဈေးသည်များထံမှ သိရှိရသည်။
မတ်လ စတုတ္ထပတ်အတွင်း    ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါ  တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ ၇၂၀ဝ၀အတွင်း၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ အတွင်း၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀ဝ၀ မှ ၅၈၀ဝ၀ အတွင်း  ကြက်သွန်ဖြူအသစ် (ရှမ်း) ၁၀ ပိဿာ တစ်အိတ် ကျပ်၄၃၀ဝ၀ မှ ၄၅၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ပိဿာ  တစ်အိတ် ကျပ် ၄၁၀ဝ၀ မှ ၄၂၀ဝ၀ အတွင်း၊ ကြက်သွန်နီ ၁၀ပိဿာ တစ်အိတ် ကျပ်   ၁၃၀ဝ၀ မှ ၁၃၅၀ဝ အတွင်း၊ ချင်း တစ်ပိဿာ ကျပ် ၂၂၀ဝ မှ ၂၃၀ဝ အတွင်း၊  ငရုတ်သီးခြောက် (အိန္ဒိယ)တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ၁၄၀ဝ၀ အတွင်း၊ ငရုတ်သီးခြောက် (ဒေသထွက်) တစ်ပိဿာ ကျပ် ၁၇၀ဝ၀ မှ ၁၈၀ဝ၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် ၇၀ဝ မှ ၉၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ် ၈၀ဝ မှ ၁၀ဝ၀ အတွင်း၊   ခရမ်းသီး (တစ်ပိဿာ)  ကျပ် ၈၀ဝ မှ ၁၀ဝ၀ အတွင်း၊ ခရမ်းချဉ်သီး တစ်ပိဿာကျပ် ၁၀ဝ၀ မှ ၁၂၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာ   ကျပ် ၃၃၀ဝ မှ ၃၅၀ဝ အတွင်း ငရုတ်သီးစိမ်း(ဒေသထွက်)တစ်ပိဿာကျပ်၁၆၀ဝ မှ ၁၈၀ဝ အတွင်း လက်ကားဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်။
မတ်လ ပထမပတ်အတိုင်း ဆန်ဈေးနှုန်း ပုံမှန်အရောင်းအဝယ်  ဖြစ်ပေါ်လျက်ရှိပြီး စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ် မြင့်တက်ကာ အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်၊ ပွဲရုံများထံမှ သိရသည်။                           စားသုံးသူရေးရာဦးစီးဌာန