Main menu

Background

ရန်ကုန်တိုင်းရွှေအသင်း ရွှေဈေးနှုန်း ကျပ် ၅၃ သိန်းကျော်တွင်ရှိနေ

Mon, 10/07/2024 - 12:11 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA) မှ ထုတ်ပြန် လျက်ရှိသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ဈေးနှုန်းမှာ ကျပ် ၅၃ သိန်း ကျော်တွင်ရှိပြီဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။  YGEA မှ နေ့စဉ်ရောင်းချရ မည့် ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ရွှေရောင်းချ သည့်အခါတွင် သတ်မှတ်သည့်ဈေးနှုန်းအတိုင်း ရောင်းချပါရန် အသိပေးထားပြီး ရွှေဆိုင်များကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ပါရန် ပန်ကြားထား သည်။
လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင် ရွက်လျက်ရှိမှုကြောင့် ရွှေဈေး ကျဆင်းလာလျက်ရှိသည်။ ယင်းအပြင် ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ် ရွှေဆိုင်များအား ဖွင့်လှစ် ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးပါရန် အသိပေး အပ်ကြောင်း၊ ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးအနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန် YGEA မှ အသိပေးထုတ်ပြန်ထားသည်။ လက်ရှိတွင် YGEA အနေဖြင့် အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းအား ကမ္ဘာ့ရွှေဈေး၊ လိုင်စင်ရဘဏ်များဖြင့် ရည်ညွှန်းဈေးများဖြင့် တွက်ချက်ကာ ရည်ညွှန်းဈေးအား နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိသည်။

 

ကိုတိုး