Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ဝဥခြောက်တင်ပို့မှု ကျပ်သန်း ၆ဝဝ ကျော်

Tue, 10/12/2010 - 08:14 -- Anonymous (not verified)

ဝဥခြောက်တင်ပို့မှု ကျပ်သန်း ၆ဝဝ ကျော်     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ၂ဝ၁ဝခုနှစ် စက်တင်ဘာလ အတွင်း ဝဥခြောက် ၄၄၉ တန်၊တန်ဖိုးအားဖြင့် ကျပ်သန်း ၆၄ဝ ကျော်ဖိုးတင်ပို့နိုင်ခဲ့ ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ဝဥခြောက် ၁ဝ၃ တန်ကို တန်ဖိုးကျပ် ၁၄၇ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တာကြောင့် ယခုလမှာ ကျပ်သန်း ၄၉ဝ ကျော်ဖိုးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။     ဝဥဈေးဟာ တစ်တန်ကိုကျပ် ၁၈၈၉၄၇၅ ဝန်းကျင်ရှိပြီး ပြည်တွင်းက ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ တွေနဲ့စိုက်ပျိုးသူ တွေဆီကတစ်ဆင့် ဝယ်ပြီး တင်ပို့ နေကြတာပါ။ မြေသားစိုစွတ်တဲ့ မိုးရာသီ မေလတွင် စတင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် တူးဖော်ရတာဖြစ်ပါတယ်။ ဝဥများကို တရုတ်နိုင်ငံသာမက ဂျပန်ကို လည်းတင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများမှ စားသောက်ကုန် စီးပွားရေး လုပ်ငန်းရှင်များကလည်း စိတ်ဝင်စားကြကြောင်း သတင်းရရှိပါတယ်။                                                                                                                      မော်မော်အောင်(MIRT)

ဖရဲသီးရာသီရောက်နေပြီ

Thu, 10/07/2010 - 04:43 -- Anonymous (not verified)

ဖရဲသီးရာသီရောက်နေပြီ        မြန်မာ-တရုတ်နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေး နဲ့ ချင်းရွှေဟော်စခန်းများမှ ယခုစက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက် တာကာလ အတွင်း ဖရဲသီး ၆၈ ဒသမ ၅ တန်ကို တန်ဖိုးကျပ် ၇ သန်းကျော်ဖိုး စတင်တင်ပို့ နေပါပြီ၊ မန္တလေးတိုင်းကထွက်ရှိတဲ့ ဖရဲသီးတွေကို တရုတ်ပြည်သို့ မိမိဘက် ပေါက်ဈေး တစ်တန်ကို ၉၉ဝဝဝ ကျပ်၊ တစ်ဘက်နိုင်ငံ ယွမ်ဈေး ၁ဝဝဝ နဲ့ တင်ပို့ ခဲ့တာပါလို့ နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။                                                                                                                         မော်မော်အောင်((MIRT)

မြန်မာပိုံ့ကုန်ပစ္စည်းများ နယ်စပ်မှ တင်ပို့မှု

Tue, 10/05/2010 - 11:42 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -    ပစ္စည်းအမည်         ရေတွက်ပုံ              မိမိဘက်ဈေး (ကျပ်)                တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့                      တန်                         ၅၈ဝ၃၄၅                                   ၃၅၁ဝပဲယင်း                       တန်                          ၆၃၁၂၂ဝ                                   ၄ဝ၁ဝပဲလွန်းဖြူ                    တန်                          ၇၇၁၂၁၄                                   ၅၃၁ဝ                                                                                                                                           ကေသွယ်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး(အစေ့ပါ)နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည်              ရေတွက်ပုံ                  မိမိဘက်ဈေး (ကျပ်)                တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း                              တန်                           ၆၇ဝ၁၄ဝ                                  ၇၅၃ဝဝမန်ကျည်းသီး (အစေ့ပါ)     တန်                           ၃၇၉၄၄ဝ                                  ၃၁၇၅ဝနနွင်းတက်                      တန်                         ၁၅၂၆၉၄ဝ                                 ၁၃ဝ၅ဝဝ                                                                                                                                              မြတ်မြတ်ထွန်း  

ဘာသာရေးပွဲတော်ချိန်မို့ သြဂုတ်လတစ်လတည်း တမူးနယ်စပ်မှ အုန်းသီးအလုံးငါးသောင်းကျော်တင်ပို့နိုင်

Tue, 09/14/2010 - 10:01 -- Anonymous (not verified)

 ဘာသာရေးပွဲတော်ချိန်မို့ သြဂုတ်လတစ်လတည်း တမူးနယ်စပ်မှ အုန်းသီးအလုံးငါးသောင်းကျော်တင်ပို့နိုင်    တမူးနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တစ်ဖက်အိန္ဒိယနိုင်ငံသို့ ယခုသြဂုတ်လ တစ်လလုံး အုန်းသီးအလုံး ငါးသောင်းကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၁၁ သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယမန်နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ပါက အလုံးရေ လေး သောင်းကျော် ကျပ်သန်းပေါင်း ၈ သန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အုန်းသီးများ အမြောက်အမြား တင်ပို့နေခြင်းဟာ တစ်ဖက်နိုင်ငံမိုရေးနဲ့ အင်ဖာမှာရှိတဲ့ ကသည်း လူမိုျးနဲ့ အိန္ဒိယလူမိုျးတွေရဲ့ဘာသာရေးပွဲတော်မှာအသုံးပြုကြခြင်းကြောင့် ဖြစ်ပါတယ်။ ဘာသာရေးပွဲတော်ဟာ သီတင်းကျွတ်လ မတိုင်မီ ၁ဝ ရက် အလိုမှာ ကျင်းပမှာဖြစ်တာကြောင့် ပွဲတော်ကာလမတိုင်မီ စက်တင်ဘာလမှာလည်း ဆက် လက် တင်ပို့သွားနိုင်ဖွယ်ရှိတယ်လို့ မျှော်မှန်းနေကြကြောင်း ကုန်သည်အသိုင်း အဝိုင်းမှ သိရပါတယ်။                          Source:နကသ (တမူး)၊ခင်မိုးသူ

အရည်အသွေးအလိုက် အဝယ်လိုက်နေတဲ့ ရှမ်းချင်း

Tue, 09/07/2010 - 10:33 -- Anonymous (not verified)

အရည်အသွေးအလိုက် အဝယ်လိုက်နေတဲ့ ရှမ်းချင်း         ချင်းဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ သီးနံှတွေကို ဝယ်လို အားကောင်းချိန်မှာ သိမ်းကြုံး ဝယ်ကြပြီး၊ ဝယ်လိုအားနည်း တဲ့အခါမှာ ရွေးလာ ပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာလည်း ပစ္စည်းပေါ် မူတည်ပြီး ဝယ်လာ တယ်လို့သိရပါတယ်။ ပစ္စည်း ကောင်းတွေကိုတော့ တစ်ပိဿာ ၁ဝ၅ဝ ကျပ်အထိပေးပြီး ဝယ်ယူနေသလို အရည်အသွေးအနည်းငယ်ညံ့တဲ့ ချင်းနီတွေကတော့ တစ်ပိဿာ ၉ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်ဈေးနဲ့ မုံရွာ၊ ပြည်က ဝယ်လက်တွေပြန် အဝယ်လိုက်လာပါတယ်။ ချင်း (ဥမ) တွေကလောနယ် ကသာ ဝင်နေပြီး၊ အဝင်က လည်း နည်းလာပါတယ်။ ၅ ရက်တစ်ဈေးမှာ ပိဿာချိန် ၅ဝဝဝ လောက်သာ အဝင်ရှိတော့တယ်လို့ ပွဲရုံ တွေကသိရပါတယ်။ လက်ကျန်နည်းလာပေမဲ့ အောက်တို ဘာလဆန်းမှာ ချင်းတက်အသစ်တွေ ဈေးကွက်ကိုပြန်ဝင်လာတော့မှာ ဖြစ်ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၂၇ဝဝ ကျပ်ဈှေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၅၅ဝ ကျပ်ဈေးရှိပါ တယ်။                                                                                                                                    ဧဧခိုင်

ချင်းစို တင်ပို့မှုပို

Tue, 09/07/2010 - 10:28 -- Anonymous (not verified)

ချင်းစို တင်ပို့မှုပို       သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ ချင်းစို ၁၄ တန် ကန်ဒေါ်လာ ၁၄ဝဝဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်အပတ်က ၇ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၇ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ မိမိဘက်မှာ ချင်းစိုတစ်တန်ကို ၂၇၅၄ဝဝ ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံမှာ ၂၅၃၁၅ဝ တာကာဈေးပေါက်လျက်ရှိပါတယ်။ ယခင်အပတ်အတိုင်း ဈေးနှုန်း ပြောင်းလဲမှု မရှိဘူးလို့သိရပါတယ်။                                                                                                                       တင်တင်ထွန်း

တုံးဟိန်းတံဆိပ် မယ်လမင်းအဆိပ်သင့်နို့မှုန့် ဈေးကွက်မှာသိမ်း

Tue, 09/07/2010 - 10:17 -- Anonymous (not verified)

တုံးဟိန်းတံဆိပ် မယ်လမင်းအဆိပ်သင့်နို့မှုန့် ဈေးကွက်မှာသိမ်း     တုံးဟိန်း နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံအား စစ်ဆေးရာ အဆိပ်သင့် နို့မှုန့်များကိုတွေ့ရှိရသဖြင့် အဆိုပါစက်ရုံမှ တာဝန်ရှိသူ များအား အရေးယူ ထိန်းသိမ်းလိုက်ပြီး စက်ရုံကိုပိတ်သိမ်းထားကြောင်း ယူနန်ဒူးရှိ ပေါင် သတင်းစာမှာ ဖော်ပြထားပါတယ်။     နို့ထွက်ပစ္စည်းကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ တိုက်ပင်မင့် ဆိုသူ ဟာ ၂ဝဝ၈ ခုနှစ်က မယ်လမင်းပါဝင်သော အဆိပ်သင့်နို့ထွက် ပစ္စည်းကုန်ကြမ်း ၄၈ တန်ခန့်ကိုဖျက်ဆီးရမဲ့အစားတိတ်တဆိတ် သိုလှောင်ထားခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်ဖေဖော်ဝါရီ လကနေ ဇွန်လ အတွင်းမှာ အဲဒီနို့မှုန့်တွေကို တုံးဟိန်းစက်ရုံကို ရောင်းချလိုက်တာဖြစ်ပြီး  ၈ တန်ကျော်အား ကုန်ချောပြုပြင် ထုတ်လုပ်ဖြန့် ဖြူးပြီး ဖြစ်တယ်လို့သိရပါတယ်။ ကျန်ရှိတဲ့ကုန်ကြမ်းတွေကိုအလုပ်သမားများ ရဲ့အိမ်တွေမှာသိုဝှက်သိမ်းဆည်း ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်နယ် များမှာ တုံးဟိန်း တံဆိပ်နဲ့ ဖြန့်ဖြူးထားတဲ့နို့မှုန့်ကုန်ချောတန် ၁၂ဝ ကျော်ကို သိမ်းဆည်း လိုက်တယ်လို့ သိရပါတယ်။                                                                                       Source: ယူနန်ဒူးရှိပေါင်သတင်းစာ ၊သောင်းနိုင်

လက်ပံပွင့်ခြောက် တရုတ်ပြည်ရောက်

Tue, 09/07/2010 - 10:04 -- Anonymous (not verified)

လက်ပံပွင့်ခြောက် တရုတ်ပြည်ရောက်                             မြန်မာနိုင်ငံ အလယ်ပိုင်းအညာ ဒေသမှာ ေြွကကျတဲ့ လက်ပံပွင့်ခြောက်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုျင်း တုံမှ တစ်ဆင့် တရုတ်နိုင်ငံရဲ့ ဟိုတယ်ကြီးများနဲ့ စား သောက်ဆိုင်ကြီးများကို တင်ပို့နေရတယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်နဲ့လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းတွေကနေ လက်ပံပွင့်ခြောက်  ၆ ဒဿမ ၃၅ တန်ကို တန်ဖိုးကျပ် ၂ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ လက်ပံပွင့်ခြောက်တစ်တန်ရဲ့ မိမိဘက် ပေါက်ဈေးက ၆၄၂၆ဝဝ ကျပ်ဖြစ်ပြီး တစ်ဖက် နိုင်ငံဈေးကတော့ ၈၈ဝဝ ယွမ်လို့သတင်း ရရှိပါတယ်။                                                                                           မော်မော်အောင် (MIRT)

ကော့သောင်း၊ မြိတ်နဲ့ တာချီလိတ်နယ်စပ်စခန်းများမှလည်း မြဝတီနယ်စပ်စခန်းကဲ့သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပေ

Tue, 09/07/2010 - 09:48 -- Anonymous (not verified)

 ကော့သောင်း၊ မြိတ်နဲ့ တာချီလိတ်နယ်စပ်စခန်းများမှလည်း မြဝတီနယ်စပ်စခန်းကဲ့သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပေ        မြန်မာ-ထိုင်း မြဝတီနယ်စပ်မှာနှစ်နိုင်ငံအကြား လတ်တလောနယ်နိမိတ်ဆိုင်ရာကိစ္စများ ညှိနှိုင်းဖြေရှင်း နေဆဲ ဖြစ်လို့ မြဝတီ နယ်စပ်ကုန်သွယ်မှုကို ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီလိုရပ်ဆိုင်းထားလို့ ထိုင်းပစ္စည်းတွေပြည်တွင်း အဝင်နည်း လို့ ကုန်ပစ္စည်း တွေဈေးတက်တယ်ဆိုပြီး ပြောဆိုနေကြတာနဲ့ပတ်သက်ပြီး မြဝတီနယ်စပ်ကုန်သည်အသင်းက တာဝန်ရှိသူတစ်ဦးကို ကောမတ်စ်က မေးခဲ့ပါတယ်။ တကယ်တော့ ထိုင်းပစ္စည်းတွေ တော်တော် များများဟာ တံတား မပိတ်ခင်ကတည်းက မြဝတီကုန်သွယ်ရေးဇုန်မှာရှိတဲ့ bonded warehouse တွေမှာ ရောက်ရှိ နေကြပြီး ဖြစ်ပါတယ်။ လိုင်စင်ခွင့်ပြုချက်ရယူပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှာ အစစ် ဆေးခံကာ ပြည်မကို သယ်ယူနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တံတားပိတ်ထားပေမဲ့ ကုန်သွယ်ရေးဇုန်အတွင်းက သိုလှောင် ရုံများမှာ အမှန်တကယ် ရောက်ရှိထားပြီး ဖြစ်တဲ့ ကုန်ပစ္စည်းများမှန်ကန်ကြောင်း OSS အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လိုင်စင်လျှောက်ထား ရယူပြီး ပြည်မသို့ သယ်ယူခွင့် ရရှိပါတယ်။ ကိုယ့်ဖက်က ပို့ကုန်များ သာတင်ပို့နိုင်ခြင်းမရှိပေမဲ့ ထိုင်းပစ္စည်းများ မြဝတီကုန်သွယ်ရေး ဇုန်မှတစ်ဆင့် ပြည်မသို့ရောက်ရှိနေတဲ့အတွက်အများပြောသလိုထိုင်းပစ္စည်းတွေ မြဝတီချစ်ကြည်ရေးတံတားပိတ်လို့ ပြတ်လပ်တယ် ဆိုတာမိုျး မရှိဘူးဆိုတာ သိစေချင်ပါတယ်။ မြဝတီမှလတ်တလော မတင်သွင်းနိုင်ပေမဲ့ မြိတ်နဲ့ ကော့သောင်းနယ်စပ်များမှ ထိုင်း ပစ္စည်းတွေ တင်သွင်းလို့ရနေပါတယ်။''                                                                                                                            MIRTDOBT)

အဝယ်လိုက်တဲ့မျှစ်ခြောက်၊မျှစ်စို

Tue, 09/07/2010 - 09:47 -- Anonymous (not verified)

 အဝယ်လိုက်တဲ့ မျှစ်ခြောက်၊မျှစ်စို        မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ယခုအပတ်မှာ မျှစ်စို ၁ဝ၉ ဒသမ ၅ တန်၊ တန်ဖိုးကျပ် ၁၄ သန်း ကျော်ဖိုး တင်ပို့ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်စခန်းကနေ ရှမ်းပြည်နယ် မြောက်ပိုင်းကထွက်ရှိတဲ့ မျှစ်ခြောက် ၉ ဒသမ ၃၆ တန်ကို တန်ဖိုးကျပ် ၃ သန်းဖိုး ခန့်တင်ပို့နိုင်ခဲ့ပါတယ်။မျှစ်စို၊ မျှစ်ခြောက်    တို့ရဲ့မိမိနိုင်ငံပေါက်ဈေးများနဲ့တစ်ဘက်နိုင်ငံယွမ်ဈေးများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်                     မိမိဘက်ပေါက်ဈေး    တစ်ဘက်နိုင်ငံဈေး                      (ကျပ်/တန်)            (ယွမ်/တန်)    မျှစ်ခြောက်         ၃၂ဝဝဝဝ              ၂၅၃ဝ    မျှစ်စို                ၁၂ဝဝဝဝ                ၉၃ဝ                                                            မော်မော်အောင် (MIRT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ