Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

မူဆယ် ပဲ၊ပြောင်း၊နှမ်း လယ်ယာထွက်ကုန် လေ့လာရေးခရီး

Fri, 09/03/2010 - 07:34 -- Anonymous (not verified)

မူဆယ် ပဲ၊ ပြောင်း၊ နှမ်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင်အဖွဲ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ လေ့လာရေးခရီးလာရောက်ခဲ့     မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နမ့်ခမ်း ကုန်သည်များ အသင်းမှ ပဲပြောင်းနှမ်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင်ဥက္ကဌ ဦးလှမောင်ဦးစီးသော ပဲပြောင်းနှမ်းကုန်စည်ဒိုင်နှင့် သစ်သီး ဝလံကုန်စည်ဒိုင်တို့မှ အဖွဲ့ဝင် (၁ဝ) ဦးပါ အဖွဲ့သည် ရန်ကုန် မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ သြဂုတ်လ၊ ဒုတိယပတ် အ တွင်း လေ့လာရေး ခရီးလာရောက်ခဲ့သည်ဟု သတင်းရရှိ သည်။ ဘုရင့်နောင် ကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးအုန်းဆိုင်မှ ကုန်စည်ဒိုင် အစည်းအဝေးခန်းမတွင် မူဆယ်ကုန်စည်ဒိုင် လေ့လာရေးအဖွဲ့အား လက်ခံ တွေ့ဆုံပြီး ကုန်စည်ဒိုင် ဖြစ်ပေါ်လာမှု အခြေအနေ၊ ကုန်စည်ဒိုင်၏ သင်းဖွဲ့ စည်းမျဉ်း များ၊ အသင်းဝင် ၄ဝဝဝ ကျော်ဖြင့် လုပ်ငန်း ဆောင်ရွက်မှု၊ အသင်းသားလက်ခံသည့် စည်းမျဉ်းများ အမှုဆောင် ၄၇ ဦးအား တာဝန်ချထားမှု၊ ကုန်ဈေးနှုန်းထုတ်ပြန် အတည်ပြုမှု၊ များ၊နေ့စဉ်ရောင်းဝယ်ရေးဆောင်ရွက်မှုနှင့် ရောင်းဝယ်မှု ဆိုင်ရာပေါ်ပေါက်လာသော ပြဿနာများ ကိုဖြေရှင်းပေးမှု များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။    မူဆယ်ကုန်စည်ဒိုင်အသင်း ဥက္ကဌမှ မူဆယ်ကုန်စည်ဒိုင် အား လွန်ခဲ့သော တစ်နှစ်ကျော်ကမှသာ ဖွဲ့စည်းထား ခြင်း ဖြစ်ကြောင်း၊ မိမိပြည်တွင်းမှာဈေးကွက်ဖြစ်ပေါ်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေ၊ လောလောဆယ် မန္တလေး ကုန်စည်ဒိုင်နဲ့ နေ့စဉ်ဈေးနှုန်း သတင်းထုတ်ပြန် ချိတ်ဆက် ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး နောင် ရန်ကုန် ကုန်စည်ဒိုင်နှင့်လည်း ချိတ်ဆက် ဆောင်ရွက်သွားလို ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။ မူဆယ်ကုန်စည်ဒိုင် မှ လေ့လာရေးအဖွဲ့ဝင်များသည် လုပ်ငန်း ဆောင်ရွက်ချက် များ ရောင်းဝယ်မှုအခြေအနေနဲ့ ကုန်စည်ဒိုင်မှကောက်ခံမှု နှုန်းထားများ အငြင်းပွားမှုပြဿနဖြေရှင်းမှု များအား အသေး စိတ်မေးမြန်းကာ ကုန်စည်ဒိုင်အတွင်း ရောင်းဝယ်မှု အခြေ အနေများကို လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။                                                                                                                    MIRT (DOBT) 

မယ်လမင်းပါတဲ့နို့မှုန့်ထုတ်လုပ်သူများအား ဖမ်းဆီး

Mon, 03/01/2010 - 08:17 -- Anonymous (not verified)

  တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ ဝေ့နန် နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံနဲ့ လူလေးဦးကို မယ်လမင်းပါဝင်တဲ့ နို့မှုန့် ထုတ် လုပ်မှုနဲ့ ဖေဖော်ဝါရီလ  ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှာ  ဖော်ပြခဲ့ပါတယ်။

နယ်စပ်ပို့ကုန်၊ သွင်းကုန် လိုင်စင်များ မြန်ဆန်စွာဆောင်ရွက်ပေးလျက်ရှိ

Mon, 03/01/2010 - 08:03 -- Anonymous (not verified)

  ဖိုးမှန်က မြန်မာ-တရုတ် မူဆယ်နယ်စပ်မှာ ပို့ကုန်၊ သွင်း ကုန် ဆောင်ရွက်နေတဲ့ ကုန်သည်တစ်ဦၤးပါ။ ဖိုးမှန်ကိုယ်တိုင် သစ်သီးဝလံများ တင်ပို့ပြီး ရရှိတဲ့ Export Earningနဲ့ သွင်းကုန်ပစ္စည်းတွေ တင်သွင်းနေတာပါ။ နယ်စပ်ကုန်သွယ်ရေး စပေါ်ကတည်းက လုပ်နေတာ အတော်ကြာနေခဲ့ပါပြီ။ နယ်စပ်ကုန်သွယ်ရေးဌာနက ဖိုးမှန်တို့လို နယ်စပ်ကုန်သည်တွေအကျိုးကို အမှန်တကယ် ကူညီဆောင်ရွက်ပေးနေတဲ့ဌာနတစ်ခုပါ။ နယ်စပ်ကုန်သွယ်ရေးဌာနရဲ့ ရည်ရွယ်ချက်ထဲမှာ ကိုက ကုန်သည်များ လုပ်သာ ကိုင်သာ ရှိရေးနှင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုတဲ့ အချက်တွေပါရှိပြီးဖြစ်တာကိုတွေ့ရပါတယ်။

မိုးခေါင်ရေရှားမှုဘေးဒဏ် ကာကွယ်ရေးအတွက် ယွမ်ငွေ သိန်း ၉၅၀ ကျော် ထပ်မံခွင့်ပြု

Mon, 03/01/2010 - 07:51 -- Anonymous (not verified)

  ယူနန်ပြည်နယ်အတွင်း ၂၀၀၉ ခုနှစ် ဇူလိုင်လခန့်ကစပြီး မိုးရွာသွန်းမှုမှာ မှတ်တမ်းများအရ အနည်းဆုံးဖြစ်ခဲ့ပြီး ပြည်နယ် တစ်ခု လုံး ဧရိယာရဲ့ ၈၀ရာခိုင်နှုန်းကျော် မိုးခေါင်ရေရှားမှုဘေးဒဏ်ခံစားနေရပါတယ်။ နယ်မြေအတွင်းရှိ ခရိုင် ၁၆ခုရှိတဲ့အနက် ပေါင် ဆန်းခရိုင်၊ဝင်ဆန်းဒေသတာလီခရိုင်၊လင်ချမ်းမြို့၊ကူမင်းခရိုင်ချုစုံ၊ ရိုစီး၊ချုချင့်နဲ့ဟုန်ဟော်ဒေသတွေဟာအဆိုးရွားဆုံးတွေ့ကြုံရခဲ့ကြ ရပါတယ်။

ရင်းနှီးမြုပ်နံှသူများက ငွေကြေးဈေးကွက်ကိုမျက်စိကျနေ၍ ကမ္ဘာ့ရွှေဈေးနှုန်း တည်ငြိမ်

Mon, 03/01/2010 - 07:36 -- Anonymous (not verified)

  အမေရိကန်ဒေါ်လာတန်ဖိုးမြင့်မားလာခြင်း၊ ရင်းနှီးမြုပ်နံှသူများကငွေကြေးဈေးကွက်အပေါ် မျက်စိကျနေခြင်း၊တရုတ်နှစ်ကူး အားလပ်ရက်ဖြစ်နေခြင်းတို့ကရွှေဈေးနှုန်းကိုတည်ငြိမ်စေကြောင်းသိရပါတယ်။နယူးယောက်တွင်ယခင်အပတ်အပိတ်ဈေးကွက်တွင် တစ်အောင်စကို ၁ဝ၉၂ ဒသမ ၄ဝ ဒေါ်လာရှိတဲ့ ရွှေလက်ငင်း ဈေးနှုန်းက ယနေ့ဖေဖော်ဝါရီလ ၁၅ ရက်တွင် သုညဒသမ ၁ ရာခိုင် နှုန်းကျဆင်းကာ ၁ဝ၉၁ ဒသမ ၈၅ ဒေါ်လာဖြစ်လာကြောင်း သိရပါတယ်။

ဂရိနှင့် ဒူဘိုင်းကြွေးမြီပြဿနာများကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးခိုင်မာလာ

Mon, 03/01/2010 - 07:26 -- Anonymous (not verified)

  ဂရိနဲ့ ဒူဘိုင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ ကြွေးမြီပြဿနာများကြောင့်  ကမ္ဘာ့စီးပွားရေး ပြန်လည်အားကောင်းလာမှု တုံ့ဆိုင်းသွားလိမ့် မယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုမိုခိုင်မာလာပြီး အမေရိကန်ဒေါ်လာတန်ဖိုး လေးရက်မြောက်အဖြစ် မြင့်မားလာခဲ့ပါတယ်။  ယူရိုငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းတွင် ၉လမြောက်အဖြစ် ဆက်လက် တန်ဖိုးကျ ဆင်းလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဥရောပမှ ဘဏ္ဍာရေးဝန်ကြီးများတွေ့ဆုံပြီး ဂရိအတွက် ကယ်ဆယ်ရေးအစီအစဉ် အသေးစိတ်ကို ထုတ်ပြန်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဂရိရဲ့ ကြွေးမြီအပေါ် စိုးရိမ်ပူပန်မှုက အမေရိကန်ဒေါ်လာ အားကောင်းစေတဲ့ အဓိကအချက်ဖြစ်ကြောင်း သိရပါတယ်။

လိမ္မော်သီးတန်ချိန် ၄ဝဝ ခန့်ထိုင်းနိုင်ငံသို့ဖေဖော်ဝါရီ ဒုတိယပတ်မှာတင်ပို့နိုင်

Mon, 03/01/2010 - 07:06 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့လိမ္မော်သီး တန်ချိန် ၄၈၅ခန့် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် ၉ဝ ခန့်သာတင် ပို့နိုင်ခဲ့သဖြင့် ယခု အပတ်မှာ တန်ချိန် ၃၉ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု

Tue, 02/23/2010 - 08:57 -- Anonymous (not verified)

မြန်မာ-အိန္ဒိယနယ်စပ်  ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဝက်အရှင်၊ ဆပ်ပြာမှုန့်၊ ပလတ်စတစ်အိတ် တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကို ဖော်ပြလိုက်ပါ တယ်- ပစ္စည်းအမည်  ရေတွက်ပုံ  မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး) ဝက်အရှင် ကီလိုဂရမ်   ၂၀၀၀  ၉၈ ဆပ်ပြာမှုန့်  ဖာ  ၉၀၀၀  ၄၃၀ ပလတ်စတစ်အိတ်  အိတ်  ၁၈၀၀၀  ၈၆၀  မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် ထိုင်း နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ မဲဆောက်ပေါက်ဈေးတွေကို ဖော်ပြလိုက်ပါတယ်- ပစ္စည်းအမည်  ရေတွက်ပုံ  မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ဘတ်)   ပဲတီစိမ်း  တန် ၁၀၄၄၄၇၅  ၃၃၉၃၃ ပဲလွန်းဖြူ  တန်  ၇၀၆၂၂၅  ၂၂၉၄၄ ပဲကြီး  တန်  ၅၈၃၂၂၅  ၁၈၉၄၈ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက်ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဆီးသီခြောက်၊ နနွင်းတက်၊ မန်ကျည်းစေ့တို့ တင်ပို့လျက် ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက် ဈေးတွေကို ဖော်ပြလိုက်ပါတယ်-  ပစ္စည်းအမည်  ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်)  တစ်ဖက်နိုင်ငံဈေး (တာကာ) ဆီးသီးခြောက်    တန်  ၁၅၀၅၅၂  ၁၇၁၁၂ နနွင်းတက်  တန် ၁၂၈၈၈၇၂   ၉၉၅၄၃ မကျည်းစေ့  တန်  ၁၀၁၅၉၂  ၁၂၃၃၃ခိုင်ဝင်းကေသွယ်

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ