Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ခရစ္စမတ် မတိုင်မီ ဝက်(အရှင်) တင်ပို့မှုများလာ

Fri, 01/28/2011 - 05:57 -- Anonymous (not verified)

 ခရစ္စမတ် မတိုင်မီ ဝက်(အရှင်) တင်ပို့မှုများလာ              ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဆက်စပ်လျက်ရှိတဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော မီဇို လူမျိုးအများစုသည် ဝက်သားကို ပိုမိုကြိုက်နှစ်သက်ပြီး မြန်မာ နိုင်ငံဘက်မှ တင်ပို့သောဝက်မှာ အသားနှင့်အဆီ ခွဲခြား၍ စားသုံးရ လွယ်ကူတဲ့အတွက် ၎င်းးတို့ဒေသမွေးဝက်များထက် ပိုမိုကြိုက်နှစ်သက်ကြကြောင်း သိရပါတယ်။ ရိဒ်စခန်းမှ ဝက်အရှင် (Pig Alive) တင်ပို့မှုအနေဖြင့် အောက်တိုဘာလ တွင် ၁၆ ဒသမ ၅ တန်၊ တန်ဖိုးကျပ် ၂၂ ဒသမ ၆ဝ၁ သန်း၊ နိုဝင်ဘာလတွင် တန်ချိန်ပေါင်း ၂၄ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၃၄ ဒသမ ၃၅၉၁ သန်းနှင့် ခရစ္စမတ်ကာလမတိုင်မီ ဒီဇင်ဘာလအလယ်အထိ တန်ချိန် ၂၂တန်ကျော်၊ တန်ဖိုးကျပ်  ၃ဝ ဒသမ ၅၁၇ သန်းဖိုးတင်ပို့ထားနိုင်ကြောင်း သိရပါတယ်။ ဘဏ္ဍာနှစ်အလိုက် ဝက်အရှင် တင်ပို့နိုင်မှုများကို အသိပေးလိုက်ရပါတယ်။ မင်းဇော်                                       တန်ချိန်               တန်ဖိုး(ကျပ်)၂ဝဝ၇-၂ဝဝ၈                      ၉၃၃၄၆            ၁၂၅ဝ၈၃၆၄ဝ၂ဝဝ၈-၂ဝဝ၉                      ၃၄၁၉၇ဝ          ၄ဝ၈၆၂၆၇၅ဝ၂ဝဝ၉-၂ဝ၁ဝ                      ၄၉၇၉၄၇          ၆၈၂၁၈၇၃၉ဝ၂ဝ၁ဝ-၂ဝ၁၁  ဒီဇင်ဘာ ထိ   ၂၄၄၄၁၉            ၃၃၄၈၄၄ဝ၃ဝ

မောင်တောတောင်သူကို ဝင်ငွေကောင်းစေတဲ့ အာလူး

Sun, 01/09/2011 - 07:55 -- Anonymous (not verified)

 မောင်တောတောင်သူကို ဝင်ငွေကောင်းစေတဲ့ အာလူး                   မောင်တောခရိုင်အတွင်း စိုက်ပိုျးရန် ဘင်္ဂလားဒေ့ရှ်မှ အာလူးလုံးကြီးမျိုးများကို FAO မှ ၂ဝဝ၈ ခုနှစ်ကစတင်ပြီး စိုက်ပျိုးမယ့်မြို့နယ်များအရောက် ဖြန့်ဖြူးပေးပြီး ဒေသခံ တောင်သူများကို စိုက်ပျိုးစေလျက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် အာလူးမျိုးမှာ ရာသီဥတုအေးမြမှုကို ပိုမိုကြိုက်နှစ်သက်တဲ့ အတွက် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းမှာ ပိုမိုဖြစ်ထွန်း ခဲ့ပါတယ်။                 စတင်ဖြန့်ဝေစဉ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှ မျိုးများ ကို ကားနဲ့သယ်ယူတဲ့ လမ်းခရီးရက်ကြာမြင့်တဲ့အတွက် မောင်တောသို့ ရောက်ချိန်မှာ မျိုးအာလူးများ ပုပ်ရိ ပျက်စီးမှုနဲ့ ကြုံတွေ့နေခဲ့ရတဲ့အတွက် ၂ဝဝ၉ ခုနှစ်ကစပြီး ရှမ်းမျိုးများကို တင်သွင်းခြင်းမပြူဘဲ ဘင်္ဂလားဒေ့ရှ်မျိုးများကိုသာ ဖြန့်ဖြူးပေး လျက်ရှိပါတယ်။               ဒေသမျိုးဟာ ဘင်္ဂလားမျိုးထက် အရွယ်အစား သေးငယ်ပြီး တစ်ဧက မျိုးလိုအပ်ချက်လည်း ဘင်္ဂလားမျိုးထက် နည်းပါတယ်။ ဒေသမျိုးကြိုက်နှစ်သက်တဲ့ မြေအမျိုးအစားက နုန်းတင်မြေနုနဲ့ သဲနုမြေဖြစ်ပြီး ဘင်္ဂလားမျိုးကတော့ နုန်း တင်မြေနုနဲ့ မြေနီကို ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။ စိုက်ပျိုးချိန်ကတော့ အောက်တိုဘာ၊ နိုဝင်ဘာလများဖြစ်ပြီး ဘင်္ဂလားမိုျးက ဒေသမျိုးထက် အအေးပိုကြိုက်ပါတယ်။                အထွက်နှုန်းက တစ်ဧကလျှင် ဒေသမျိုးက ပိဿာ ၂၂ဝဝမှ ၄ဝဝဝ နဲ့ ဘင်္ဂလားမျိုးက ပိဿာ ၃ဝဝဝ မှ ၅ဝဝဝ ရှိပါတယ်။                 FAO က ဘင်္ဂလားမိုျးကို တင်သွင်း စမ်းသပ်စိုက်ပိုျး စေခဲ့ခြင်းကတော့ အလုံးကြီးပြီး အထွက်နှုန်းကောင်းတဲ့ အတွက် တောင်သူများအမြတ်အစွန်း အများအပြား ရရှိ စေရန်နဲ့ ဒေသတွင်းစားသုံးမှုဖူလုံပါက အခြားမြို့နယ်များကို ရောင်းချနိုင်ရန် ရည်ရွယ်တယ်လို့ သိရပါတယ်။                ဘင်္ဂလားမျိုးအား ဘင်္ဂလားဒေ့ရှ်မှာ တစ်ဧက အာလူး မိုျးပိဿာ ၄ဝဝ ခန့်ကိုခွဲစိတ်ပြီး စိုက်ပျိုးတဲ့အတွက် အထွက် နှုန်းမှာ တစ်ဧက ပိဿာ ၃ဝဝဝ မှ ၄ဝဝဝ ကျော် ထွက်တဲ့ အတွက် တစ်ဧကပျမ်းမျှကျပ် ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၆ သန်းထိရရှိပါတယ်။ နည်းပညာ စနစ်တကျ ဖြန့်ဝေပေးပါက မောင်တော၊ ဘူးသီးတောင်ဒေသမှာလည်း အထွက်နှုန်း ကောင်းစေမှာ ဖြစ်ပါတယ်။ မောင်တောခရိုင်မှာ အာလူး စိုက်ဧက ၁၆ဝဝ ကျော်ရှိပြီး အထွက်မှာ ဒေသမိုျးက ပိဿာ သိန်း ၃ဝ ဖြစ်ပြီး ဘင်္ဂလားမျိုးက ပိဿာ ၄၈ သိန်းကျော် ထွက်ရှိပါတယ်။ ဒေသတွင်းစားသုံးမှုက ပိုလံျှတဲ့ အာလူးများ ကို စစ်တွေကိုတင်ပို့ရောင်းချလျက်ရှိတာ ဖြစ်ပါတယ်။ ဒေသ မျိုး တစ်ဧက စိုက်ပိုျးက ကျပ်သုံးသိန်းခွဲဝန်းကျင် အမြတ် အစွန်းရရှိပြီး ဘင်္ဂလားမျိုးများကို နည်းပညာ ပံ့ပိုးပေးပြီး စိုက်ပါက တစ်ဧက ကျပ်ခြောက်သိန်းဝန်းကျင် အမြတ်အစွန်း ရရှိနိုင်တဲ့အတွက် မောင်တောဒေသမှာ စပါးပြီးလျှင် အာလူး စိုက် တောင်သူများ ဝင်ငွေကောင်းနေတယ်လို့ သိရပါတယ်။ Source:နကသ 

ဒီဇင်ဘာလမှာ ဗီယက်နမ်မှ နဂါးမောက်သီး ဈေးမြင့်တက်ခဲ့

Sun, 01/09/2011 - 07:38 -- Anonymous (not verified)

 ဒီဇင်ဘာလမှာ ဗီယက်နမ်မှ နဂါးမောက်သီး ဈေးမြင့်တက်ခဲ့              ဒီဇင်ဘာလလယ်ကစပြီး နဂါးမောက်သီး ခြံများမှ ရောင်းဈေးဟာ တစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၂၁ဝဝ ထိမြင့်တက်ခဲ့ပြီး နှစ် ၂ဝအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့တာ ဖြစ်တယ်လို့စိုက်ပျိုးရေးနဲ့နယ်စပ်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန လက်အောက်ရှိ သွင်းကုန်သီးနံှစောင့်ကြည့်စိစစ်ရေးဌာနရဲ့ ထုတ်ဖော်ပြောကြား ချက် အရ သိရပါတယ်။                ဗီယက်နမ်နိုင်ငံမှာ Binh Thuan  ပြည်နယ်ဟာ နဂါးမောက်သီး အများဆုံး စိုက်ပျိုးတဲ့နေရာဖြစ်ပြီးလွန်ခဲ့တဲ့ နှစ်လခန့်ကစပြီး မီးသီးများထွန်းကာ နဂါးမောက်သီးများ လှိုင်လှိုင် ထွက်ဖို့အတွက် စီမံခဲ့ကြပါတယ်။Binh Thuan  မှာ နဂါးမောက်သီးစိုက်မြေ ၁၂၅ဝဝ ဟက်တာရှိပြီး ၂၆ဝဝ ဟက်တာက ထွက်ရှိတဲ့ နဂါးမောက်သီးများက Vietnam GAP  စံမှီလျက်ရှိပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ၁ဝဝ ရာခိုင်နှုန်း လုံး GAP စံမှီစေဖို့ ရည်ရွယ်ချက်ထား လုပ်ဆောင် လျက်ရှိပါ တယ်။ အမေရိကား၊ အီးယူ၊ အာရှ၊ အထူးသဖြင့် တရုတ် နိုင်ငံတို့သို့ နဂါး မောက်သီးများတင်ပို့နေပြီး စုစုပေါင်း တင်ပို့မှုရဲ့ ၇ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံမှ နဂါး မောက်သီး တန် ၈ဝဝ ခန့် တင်သွင်းလိမ့်မယ်လို့ မျှော်မှန်းလျက် ရှိပါတယ်။                                                                                 Source: VNA ,KKCM

ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး တမူးမှာ ကျင်းပ

Thu, 12/09/2010 - 08:29 -- Anonymous (not verified)

 ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး တမူးမှာ ကျင်းပ                 နယ်စပ်ကုန်သွယ်ရေး စခန်းများမှ လစဉ်ပုံမှန်ပြုလုပ်နေကျ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။                အစည်းအဝေးမှာ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချပြီးဖြစ်တဲ့အတွက် ကုန်သွယ်မှု လုပ်ငန်းများ စနစ်တကျဖြစ်စေရေး လုပ်ထုံးလုပ်နည်းများနဲ့အညီ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိရေး ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကုန်သွယ်မှု ပမာဏ တိုးတက်ရေးအတွက် လစဉ် ကုန်သွယ်မှု ညှိနှိုင်းအစည်းအဝေးများ သို့ စိတ်ပါဝင်စားစွာ တက်ရောက် ညှိနှိုင်း ဆွေးနွေးရန်၊ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ အစည်းအဝေးသို့ တမူးနယ်စပ် ကုန်သွယ်ရေး ညွှန်ကြား ရေးမှူးရုံး တာဝန်ခံ၊ OSS  အဖွဲ့ဝင် ဌာန တာဝန်ခံများ၊ ခရိုင် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့မှ ဥက္ကဋ္ဌများ၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်း ကုန်သည်များ၊ မော်တော်ယာဉ်လိုင်း တာဝန်ခံများ နဲ့ ကိုယ်စားလှယ်များ စုစု ပေါင်း (၄ဝ) ဦး တက်ရောက်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။                                                                                    Source: နကသ (တမူး) MIRT (DOBT)

မြန်မာ့မျှစ်ကို အရောင်ဆိုးကြသူများ

Thu, 12/09/2010 - 08:28 -- Anonymous (not verified)

 မြန်မာ့မျှစ်ကို အရောင်ဆိုးကြသူများ              ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာ မျှစ်(အစို/အခြောက်)များကို တရုတ်နိုင်ငံသို့ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လမှ စပြီး တင်ပို့ခဲ့ရာ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ မူဆယ်နယ်စပ်ခန်းမှတစ်ဆင့် ကုမ္ပဏီ(၇)ခုက မျှစ်စို ၇ဝဝ တန်၊ တန်ဖိုးကျပ်သန်း (၉ဝ)ကျော်၊ မျှစ်ခြောက် (၁၉၅)တန် တန်ဖိုးကျပ် (၆၇)သန်းကျော်ကို တင်ပို့ခဲ့တာ တွေ့ရှိရပါတယ်။ မျှစ်စိုတစ်တန်ကို လိုင်စင် ဈေး (၁၃ဝဝဝဝ)ကျပ်၊ မျှစ်ခြောက်တစ်တန်ကို (၃၅ဝဝဝဝ)ကျပ်နှုန်းနဲ့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။            တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ ၁၆-၁၁-၁ဝ ရက်နေ့ ယူနန်ချွမ်ချိန်ဝမ်ပေါင်သတင်းစာမှာ ''မြန်မာနိုင်ငံမှ တင် သွင်းသည့် မျှစ်များတွင် ဓာတုဆေးဝါး ရောစပ်ပါဝင်မှု စိစစ်တွေ့ရှိ''ခေါင်းစဉ်နဲ့ မသမာသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင် အချို့ဟာ မြန်မာနိုင်ငံရှိ တောင်ပေါ်ကျေးရွာတွေမှာထွက်ရှိနေတဲ့ မျှစ်စိမ်း (အစို)၊ မျှစ်ခြောက်များဝယ်ယူပြီး မျှစ်အချောကိုင် ဆောင်ရွက်ရာမှာ ဓာတု ဆေးဝါးများရောစပ်ပါဝင်လာတာကိုတွေ့ ရကြောင်း၊ အဆိုပါဆေးဝါးများများစားသုံးသူအား ကိုယ်ခန္ဓာ ချို့ယွင်းမှုနှင့် ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့လို့ ရွှေလီနယ်စပ် စားသောက်ကုန်စိစစ်ရေးအဖွဲ့မှ ဓာတ်ခွဲစိစစ်တဲ့အခါ ကာဗွန်ဒိုင်ဆာလဖိတ်စွမ်းရည် (၂၉၃ ဒသမ ၃ mg/kg)ရှိလို့ စားသောက် ကုန် ပစ္စည်းသတ်မှတ်နှုန်းထက် (၄ ဒသမ ၉) ဆကျော်လွန်သွား၍ စံနှုန်းမမှန်တဲ့ စားသောက်ကုန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မှ တင်သွင်းတဲ့မျှစ်များကို အဆင့်ဆင့်စစ်ဆေးပြီး စံနှုန်းမမှီပါကတင်သွင်းခွင့်မပြုရေး သို့မဟုတ် မီးရှို့ဖျက်ဆီးရေးများ ဆောင် ရွက်လျက် ရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။              အဆိုပါသတင်းဖော်ပြချက် မှန်ကန်မှုရှိမရှိကို ကုန်သည်များ၊ ဝန်ထမ်း များနဲ့တွေ့ဆုံစိစစ်ဆွေးနွေးမှုများ ပြုလုပ်တဲ့အခါမှာ မျှစ်စို၊ မျှစ်ခြောက်တင်ပို့တဲ့ မိမိဘက်မှကုမ္ပဏီတွေက ဓာတုဆေးဝါးများ အသုံးပြုခြင်းမရှိကြောင်းနဲ့ တရုတ်နိုင်ငံဘက်မှ မျှစ် ဝယ်ယူသူများက ၎င်းတို့ဝယ်ယူတဲ့မျှစ်တွေကို တရုတ်နိုင်ငံ ဂျယ်ဂေါင်ဒေသမှာ ၎င်းတို့အစီအစဉ်နဲ့ ဓာတုဆေးဝါးတွေကို အသုံးပြုပြီး ပြန်လည်ရောင်းချကြတယ်လို့ သိရှိခဲ့ရပါတယ်။               မူရင်းကောင်းမှ မိတ္တူကောင်းမယ်လို့ ပြောလေ့ရှိကြပါတယ်။ မူရင်းကောင်းပါလျက် မိတ္တူမကောင်းတာက တော့ စက် ဒါမှမဟုတ် အသုံးပြုသူရဲ့ ချို့ယွင်းမှုကြောင့်ပဲဖြစ်ပါလိမ့်မယ်။ မြန်မာ့ထွက်ကုန် မျှစ်အရည်အသွေး ကောင်းမွန်ပါရဲ့ နာမည် ပျက်ရတာဟာ မိမိနိုင်ငံသားလုပ်ငန်းရှင်များရဲ့ မရိုးသားမှုကြောင့်မဟုတ်ဘဲ တစ်ဖက်နိုင်ငံမှ ဝိသမာလောဘသား တရုတ် စီးပွားရေး လုပ်ငန်းရှင်အချို့ရဲ့ ဖန်တီးမှုကြောင့်သာဖြစ်ပါကြောင်း ရှင်းလင်း တင်ပြလိုက်ပါတယ်။နကသ   (ပို့ကုန်)

ပွင့်လင်းရာသီရောက်ရှိပြီဖြစ်လို့ တီးတိန်-ရိဒ်ကားလမ်းပိုင်း အသင့်အတင့်ကောင်းမွန်လာ

Tue, 11/30/2010 - 05:23 -- Anonymous (not verified)

 ပွင့်လင်းရာသီရောက်ရှိပြီဖြစ်လို့ တီးတိန်-ရိဒ်ကားလမ်းပိုင်း အသင့်အတင့်ကောင်းမွန်လာ            ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် မိုးတွင်းကာလ အတွင်း က ပျက်စီးလျက်ရှိသော တီးတိန်- ရိဒ် ကားလမ်းပိုင်းအား တီးတိန်မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း (လမ်းတံတား) အဖွဲ့က မြေတူး မြေ ကော်စက်နဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က စတင်ဆောင်ရွက်နေ ပြီ ဖြစ်ပါတယ်။ စတင်ဆောင်ရွက်ပြီး ၃ ရက်မြောက်နေ့ မှာတော့ တီးတိန်မြို့ နယ် အပိုင်ဟိုင်မွာ ရွာအနီး အချို့နေရာများမှာ ရေစိမ့် ထွက်မှုကြောင့် ချိုင့်များ ရှိတာကလွဲပြီး အသင့်အတင့် ကောင်းမွန်လာပြီလို့ သိရပါတယ်။ လမ်းကောင်းမွန်လာ တာကြောင့် ယာဉ်သွားလာမှုများ အဆင်ပြေချောမွေ့လာစေပြီး ကလေးမှ ရိဒ်သို့ ဟိုင်မွာဂျစ်ယာဉ်ငယ်များ သာမက သွင်းကုန် ဓါတ်မြေသြဇာများကို ခြောက်ဘီးယာဉ်ကြီး အချို့နဲ့ နေ့ချင်း ပေါက် သယ်ယူ ပို့ ဆောင်နိုင်မှုရှိလာပြီ လို့သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလ ခရစ်စမတ်ပွဲတော် နီးကပ်လာပြီဖြစ်တဲ့ အတွက် တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်မှ မဝတ်တီရှပ်၊ ကျား၊ မ စီးကင်း ဘတ်ရှူး၊ ကလေးစီးဖိနပ် စသည်များ အဝယ်လိုက်လာပြီး ကုန်စည်စီးဆင်းမှု များ ပိုမိုလာပြီလို့ ရိဒ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ သတင်းရရှိပါတယ်။ Sources: နကသ (ရိဒ်)၊၊ သိန်းဝင်း

စက်သုံးလောင်စာဆီမပြတ်လပ်ရေးနဲ့ မသမာမှုမရှိရေးစိစစ်လျက်ရ

Tue, 11/30/2010 - 05:18 -- Anonymous (not verified)

 စက်သုံးလောင်စာဆီမပြတ်လပ်ရေးနဲ့ မသမာမှုမရှိရေးစိစစ်လျက်ရ           ယူနန်ပြည်နယ် တယ်ဟုန်တိုင်းမံစီခရိုင်မှာ လောင်စာဆီဈေးနှုန်းမြင့်တက်လျက်ရှိတဲ့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ က နိုဝင်ဘာလ တတိယပတ်အတွင်းမှာတရုတ်နိုင်ငံ ရေနံသဘာဝဓာတ်ငွေ့၊ ရေနံကုမ္ပဏီနဲ့ အရောင်းဆိုင်များနဲ့ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါတယ်။          စက်သုံးလောင်စာဆီမပြတ်လပ်စေရေးအတွက် တယ်ဟုန်ကုမ္ပဏီခွဲက ယခင်ကတစ်နေ့ကို ဒီဇယ်ဆီ တန် ၇ဝ မှ ၉ဝ ( ၁၈၃၇၅ ဂါလံမှ ၂၃၆၂၅ ဂါလံ ထိ) ဖြန့်ဖြူးခဲ့ရာမှ ယခုအခါ တန် ၁၃ဝ (၃၄၁၂၅ ဂါလံ) ထိ တိုးမြှင့်ဖြန့်ဖြူး နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပြီး လောင်စာဆီလိုအပ်ချက်အားအစွမ်းကုန် ဖြည့်ဆည်းပေးနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များ တိုးခဲျ့ဖြန့်ဖြူးသွားမယ်လို့လည်း ခရိုင်စီးပွားရေးဌာနကဆိုပါတယ်။ လောင်စာဆီ အရောင်းဆိုင်နဲ့ ကုမ္ပဏီများအား စိစစ်မှုများ လုပ်ဆောင်ရာမှာ ဒီဇယ်ဆီအညံ့စားတင်သွင်းဖြန့်ဖြူးမှုကို ခရိုင် စီးပွားရေးနဲ့ ကုန်သွယ်ရေးဌာနမှ စိစစ်ရာမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်ထိန်းရဲအဖွဲ့နဲ့ မီးသတ်အဖွဲ့တို့ ပူးပေါင်းကာ လောင်စာဆီများတရားမဝင်ရောင်းဝယ်မှုနဲ့မသမာမှုများကို နှိမ်နင်းဟန့်တားသွားမယ်လို့ နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။  Source:ယူနန်မန်စီသတင်းစာ၊သောင်းနိုင်

မျှစ်များတွင် ဓာတုဆေးဝါး ရောစပ်ပါဝင်မှုများ စိစစ်တွေ့ရှိရလျက်ရှိ

Tue, 11/30/2010 - 04:41 -- Anonymous (not verified)

မျှစ်များတွင် ဓာတုဆေးဝါး ရောစပ်ပါဝင်မှုများ စိစစ်တွေ့ရှိရလျက်ရှိ         မြန်မာနိုင်ငံ တောင်ပေါ် ကျေးရွာ တစ်လျှောက်ထွက်ရှိတဲ့ မျှစ်စို (အစိမ်း) နဲ့ မျှစ်ခြောက်များကို နယ်စပ် ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် နယ်စပ် ကုန်သွယ်ရေး နည်းလမ်းနဲ့ တင်ပို့လျက် ရှိပါတယ်။ ယခုအခါ မသမာတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ဟာ ဝယ်ယူပြီးမျှစ်စို၊ မျှစ်ခြောက်များကို ကုန်ချောပြုလုပ်ဆောင်ရွက်ရာမှာ ဓာတု ဆေးဝါးများ ရောစပ်ပါဝင်နေတာကို စစ်ဆေးတွေ့ရှိရကြောင်းနဲ့ အဆိုပါ ဆေးဝါးများမှာ စားသုံးသူများအား ခန္ဓာကိုယ်ချို့ယွင်းမှုနဲ့ ကင်ဆာ ရောဂါ ဖြစ်စေနိုင်တယ်လို့ ယူနန်ပြည်နယ် ကျန်းမားရေးဌာနက စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။ စားသောက်ကုန် စိစစ်ရေးအဖွဲ့မှ ဓာတ်ခွဲ စမ်းသပ်သောအခါ ကာဗွန်ဒိုင် ဆာလဖိတ်ပါဝင်မှု ၂၉၃ mg/kgm  ရှိတာ တွေ့ရပြီး ခွင့်ပြုချက်ထက် ၅ ဆနီးပါး ကျော် လွန်တဲ့အတွက် စံနှုန်းမမှန်တဲ့စားသောက်ကုန်အဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက တင်သွင်းတဲ့မျှစ်များအား အဆင့်ဆင့်စစ် ဆေးပြီးစံချိန်မမီပါက တင်သွင်းခွင့် ပြုမည်မဟုတ်ကြောင်း သတင်းရရှိတဲ့ အတွက် မျှစ်တင်ပို့သူများအနေနဲ့ သတိထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပေးလိုက်ရပါတယ်။                                                                                                          Source:ယူနန်မန်စီ၊သောင်းနိုင်

၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးဆွေးနွေး

Tue, 11/30/2010 - 04:37 -- Anonymous (not verified)

 ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးဆွေးနွေး       မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်၏ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေး ကို ကုန်သွယ်ရေးဇုန်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ၂၄-၁၁-၂ဝ၁ဝ နေ့ ၁၃းဝဝ ချိန်တွင်ကျင်းပရာ OSS အဖွဲ့ခေါင်းဆောင်ညွှန်ကြားရေးမှူး ဦးဝင်းတင့်မှကုန်သွယ်မှုပမာဏတိုးတက်မှု၊ လာမည့်ကာလ၌ပိုမို ဆောင်ရွက်နိုင်မည့် အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများအပေါ် ကုန်သည်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်သည် များကိုဆွေးနွေးခဲ့ပြီးOSSအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်အပါအဝင် စုစုပေါင်းအင်အား (၅၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။                                                                            စမ်းစမ်းအေး

ဓာတုဆေးဝါးရောစပ်ပါဝင်တဲ့ ခေါက်ဆွဲထုပ်အား ဈေးကွက်များမှ ပြန်လည်သိမ်းယူ

Tue, 11/30/2010 - 04:31 -- Anonymous (not verified)

ဓာတုဆေးဝါးရောစပ်ပါဝင်တဲ့ ခေါက်ဆွဲထုပ်အား ဈေးကွက်များမှ ပြန်လည်သိမ်းယူ           အင်ဒိုနီးရှားနိုင်ငံထုတ် ရင်တော်တံဆိပ်အသင့်စား ခေါက်ဆွဲထုပ်များအား တရုတ်နိုင်ငံ ကျန်းမာရေး ဌာနစားသောက်ကုန် ပစ္စည်းလုံခြုံမှု စစ်ဆေးရေးအဖွဲ့ရဲ့ ဓာတ်ခွဲစိစစ်ရာ ဓာတုဆေးဝါးများသတ်မှတ်ချက်ထက် ပိုမိုပါရှိနေတာကို စိစစ်တွေ့ရှိခဲ့ပါတယ်။ ဟောင်ကောင်၊ ထိုင်ဝမ်(တရုတ်တိုင်ပေ)၊ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့မှာ ဖြန့်ဖြူးရောင်းချနေမှုများကို နိုဝင်ဘာလဆန်း ကစပြီး ရပ်ဆိုင်း ကာပြန်လည်သိမ်းယူမှုများလုပ်ဆောင်လျက် ရှိပါတယ်။ ၈၅ ဂရမ်ရှိ အထုပ်သေး တစ်ထုပ်ကို တရုတ်နိုင်ငံမှာ ၂ ဒသမ ၅ ယွမ်နှုန်းနဲ့ ရောင်းချဖြန့်ဖြူးနေ တာဖြစ်ပါ တယ်။ ယခုအခါ ကူမင်းရှိ စူပါမားကတ်များမှာလည်းရောင်းချခွင့် မပြုတော့ဘဲ သိမ်းယူလျက်ရှိနေတယ်လို့ တရုတ်နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။                                                                                                    Sources: ယူနန်ချွမ်းချိမ်ဝမ်ပေါင်၊၊ သောင်းနိုင် 

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ