Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

အေးခဲကြက်သားနဲ့ ကြက်ခြေထောက်များအား မီးရှို့ဖျက်ဆီး

Mon, 11/29/2010 - 10:48 -- Anonymous (not verified)

 အေးခဲကြက်သားနဲ့ ကြက်ခြေထောက်များအား မီးရှို့ဖျက်ဆီး      ယူနန်ပြည်နယ်ကျန်းမာရေးနဲ့စားသုံးကုန်ပစ္စည်းလုံခြံမှုရှိစေရေး စစ်ဆေး ရေး ဌာနနဲ့ အကောက်ခွန်ဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအရ မန်စည်ခရိုင်မှာ အေးခဲကြက်သား၊ ကြက်ခြေထောက်များလတ်ဆတ်သန့်ရှင်းမှု မရှိဘဲအများ ပြည်သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် မီးရှို့ဖျက်ဆီးမှုများကို နိုဝင်ဘာလ ၁၉ ရက်နေ့ကဆောင်ရွက်ခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ အေးခဲ ကြက်သား၊ ကြက်ခြေထောက်ပမာဏဟာ တန်ချိန်အားဖြင့် ၁၂ တန်ကျော် ( ၂၄၇ ဖာ) ဖြစ်ပြီး မန်စည်ခရိုင် အထွေထွေလယ်ယာထွက်ကုန်ပစ္စည်းနဲ့ စားသုံးကုန်ဖြန့်ဖြူးမှု ဈေးကွက်ရှိ ဆိုင် ၅ ဆိုင်အား စိစစ်ခဲ့ရာမှာ တွေ့ရှိခဲ့ ရတယ်လို့ သိရပါတယ်။        Sources: ယူနန်ချွမ်းချိမ်ဝမ်ပေါင်၊၊   သောင်းနိုင်

နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၈ဝဝ ကျော်တင်ပို့

Mon, 11/15/2010 - 09:01 -- Anonymous (not verified)

နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၈ဝဝ ကျော်တင်ပို့        နိုဝင်ဘာလ ၃ ရက်နေ့မှ ၉ ရက်ထိ ကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ ၊၈၂၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရင်အပတ်ကထက် တန်ချိန် ၁၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မိမိဘက်ရော်ဘာပေါက်ဈေးဟာ ကျပ် ၉၁ဝဝ မှ ၉၅ဝဝ ထိ မြင့်တက်လျက် ရှိပြီး တစ်ဘက်နိုင်ငံ ယွမ်ဈေးကတော့ မပြောင်းလဲဘဲတည်ငြိမ်လျက်ရှိပါတယ်။ ငွေဈေးအတက်အကျ အပြောင်း အလဲကြောင့်သာ ဒေါ်လာဈေးအရ ၆ ဒေါ်လာခန့် ယခင်အပတ်ကထက် လျော့ကျတာတွေ့ရပါတယ်။ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးများက ထွက်ရှိတဲ့ ရော်ဘာများကို မြန်မာ-တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေတာဖြစ်ပါတယ်။ ချင်းရွှေဟော်ဘက်မှာ မိမိဘက်ပေါက်ဈေးက ၂၇ဝဝဝဝဝ ကျပ်ရှိပြီးတစ်ဖက်နိုင်ငံပေါက်ဈေးကတော့ ယွမ် ၂၁ဝဝဝ ရှိပြီး မြိတ်ဘက်မှာတော့ မိမိဘက်ဈေးက ၂၈၇၈၇၅ဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးက ဒေါ်လာ ၃ဝဝ ဝန်းကျင် ရှိတယ်လို့သိရပါတယ်။ ယခုအပတ်မှာ မူဆယ်မှRSS (1)  ၅ တန်၊RSS (3)  ၄ဝ၂ တန်ခန့်၊ RSS (5)  တန် ၃ဝ၊ MSR (20)  ၁၃၈ တန် နဲ့ MSR (50 )  ၁၂၁ တန်၊ စုစုပေါင်း ၆၉၅ တန်ကျော်၊ ချင်းရွှေဟော်မှ RSS (3)  တန် ၃ဝ၊ မြိတ်မှ RSS (3)  တန် ၁ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ် -                                    မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်      ပြောင်းလဲမှု   %        ယခု        ယခင်  ပြောင်းလဲမှု    %မူဆယ်RSS(3)     ၃၂၃၆၈ဝဝ      ၃၂၂၇၂၈ဝ      ၉၅၂ဝ     ဝ .၃      ၃၅၆၄      ၃၅၇ဝ      ၆           ဝ .၂RSS(5)     ၃၁ဝဝ၈ဝဝ       ၃ဝ၉၁၆၈ဝ     ၉၁၂ဝ     ဝ .၃      ၃၄၁၄       ၃၄၂ဝ      ၆           ဝ .၂MIRT (DOBT)

ရော်ဘာအပို့လျော့

Mon, 11/15/2010 - 08:52 -- Anonymous (not verified)

 ရော်ဘာအပို့လျော့         နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၃၇၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၈၅ တန်တင်ပို့ခဲ့တာကြောင့် ယခုရက်သတ္တပတ်မှာ ၁ဝ၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-3  ၁၁၈ တန်နဲ့၊ မလေးရှားကို RSS-3 ၂၅၉ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။

မျိုးအာလူးများ မောင်တောနယ်စပ်မှ တင်သွင်းလျက်ရ

Mon, 11/15/2010 - 08:53 -- Anonymous (not verified)

 မျိုးအာလူးများ မောင်တောနယ်စပ်မှ တင်သွင်းလျက်ရ     နိုဝင်ဘာလ ပထမပတ်အတွင်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ Arbul Trading Co. Ltd မှ မျိုးအာလူးများ မောင်တော နယ်စပ်မှ တစ်ဆင့်တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ တင်သွင်းမှုတန်ချိန်က ၂၈ တန်ဖြစ်ပြီး မိမိဘက်တစ်တန်ပေါက်ဈေးက ၃ဝ၆ဝဝ ကျပ်နဲ့ တစ်ဖက် နိုင်ငံပေါက်ဈေးကတော့ ၁၆၈၆၆ တာကာဖြစ်ပါတယ်။ မောင်တောမှာ ရုံးစိုက်ထားတဲ့ FAO မှ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း ကျေးလက် ဒေသအသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး အထောက်အကူပြုစီမံကိန်းအရ မောင်တောခရိုင်အတွင်းရှိ တောင်သူများကို အခမဲ့မျိုးဖြန့်ဝေပေးရန် သက်ဆိုင်ရာဌာနများရဲ့ ထောက်ခံချက်များနဲ့အညီ သွင်းကုန်လိုင်စင် လျှောက်ထားတင်သွင်းခဲ့တာဖြစ်တယ်လို့ ကျော်ကျော်စိုး ကုမ္ပဏီမှ တာဝန်ရှိသူထံက သိရှိရပါတယ်။                                                                                            Sourceး နကသ (မောင်တော)MIRT (DOBT)

ခရမ်းချဉ်သီး ကျပ် ၆ သန်းကျော်ဖိုး တမူးနယ်စပ်မှ တင်ပို့နိုင်

Mon, 11/15/2010 - 08:51 -- Anonymous (not verified)

 ခရမ်းချဉ်သီး ကျပ် ၆ သန်းကျော်ဖိုး တမူးနယ်စပ်မှ တင်ပို့နိုင်      မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့လျက် ရှိပါတယ်။ အောက်တိုဘာလ အတွင်းမှာ ခရမ်းချဉ်သီး ၂၄ တန်ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၆ ဒသမ ၆၈ သန်းကျော်ဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ခရမ်းချဉ်သီး အပြင် အောက်တိုဘာလအတွင်း ကွမ်းသီးခြောက်၊ ကွမ်းသီးစို၊ ချင်းပဲ (ပဲယင်း)၊ အုန်းသီး၊ ပန်းသီး၊ ရေထွက်ကုန်၊ ငါးလေးခြောက်၊ ငါးမြစ်ချင်းနဲ့နမ့်ဖာလုံ အမယ်စုံများကို ကန်ဒေါ်လာ ၃၆၃၈၂ ဖိုးတင်ပို့နိုင်ခဲ့တယ် လို့ ကလေး-တမူး-ကလေးဝ နယ်စပ်ကုန်သည် အသင်းမှ သတင်း ရရှိပါတယ်။                                           Source:နကသ (တမူး) MIRT (DOBT)

နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအား ယွမ်ငွေနဲ့ ဆောင်ရွက်သွားမည်

Mon, 11/15/2010 - 08:48 -- Anonymous (not verified)

 နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအား ယွမ်ငွေနဲ့ ဆောင်ရွက်သွားမည်         ယူနန်ပြည်နယ် ထွက်ကုန်များဖြစ်တဲ့ ဟင်းသီးဟင်းရွက်များအား ထိုင်းနဲ့ ဂျပန်၊ စင်ကာပူစတဲ့နိုင်ငံ တို့သို့ တင်ပို့ရာမှာ ငွေကြေးနှုန်းထားပြောင်းလဲမှုကို ဝန်ထုပ်ဝန်ပိုးအဖြစ် ကြုံတွေ့ခဲ့တဲ့အတွက် တရုတ်ယွမ်ငွေနဲ့ ငွေပေးချေမှုကို လုပ်ဆောင်ခဲ့ရပါတယ်။ ယူနန်ပြည်နယ် ' လုံချိန်' လယ်ယာထွက်ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေး ကုမ္ပဏီလီမိတက် အနေနဲ့ ၂ဝဝ၉ ခုနှစ်က ပြည်ပသို့ဟင်းသီးဟင်းရွက်တန်ချိန် ၂၃ဝဝ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ပါတယ်။ ယခုနှစ်မှာ ယွမ်ဖြင့် ဆောင်ရွက်မှုမြင့်တက်ခဲ့တဲ့အတွက်ပထမ ၉ လတာကာလမှာ ယွမ်သန်း ၅၅ဝ ကျော် ဟင်းသီး ဟင်းရွက် များ ပြည်ပသို့ တင်ပို့မှုမှ ဝင်ငွေရရှိခဲ့ရာ ယမန်နှစ်ကထက် ဝင်ငွေ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ယူနန်ဘဏ်ခွဲအား ယွမ်ငွေဖြင့် စာရင်းရှင်းတမ်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး အရှေ့တောင်အာရှဈေးကွက် အထူးသဖြင့် ဗီယက်နမ်၊ လာအိုနဲ့ မြန်မာနိုင်ငံတို့နဲ့ ကုန်သွယ်ရာမှာ ယွမ်ငွေနဲ့ လုပ်ဆောင်သွားမယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။   Source: ယူနန်ချွမ်းချိမ်ဝမ်ပေါင်သတင်းစာ၊သောင်းနိုင်

လယ်ယာလုပ်ငန်းကဏ္ဍ၏ ထုတ်ကုန်ပစ္စည်းနှုန်းထားများ တိုးမြင့်လာ

Mon, 11/15/2010 - 08:37 -- Anonymous (not verified)

 လယ်ယာလုပ်ငန်းကဏ္ဍ၏ ထုတ်ကုန်ပစ္စည်းနှုန်းထားများ တိုးမြင့်လာ         ၂ဝ၁ဝ စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်း မြို့ပြခရိုင်ပေါင်း ၃၆ ခုမှာ ဟင်းသီးဟင်းရွက်၊ ဆန်စပါး၊ စားသုံးဆီ၊ အသားငါးနဲ့ သစ်သီးစတဲ့ အမယ် ၃ဝ ခန့်ရဲ့ ကုန်ဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချမှုကို လေ့လာ စိစစ်ခဲ့ရာမှာ အမယ် ၂၄ မျိုးက ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ဟင်းသီးဟင်းရွက် စားသုံးဆီ ပျှမ်းမျှတစ်တန်ကိုယွမ် ၉၅ဝဝ မှ ၉၆ဝဝ ထိလည်းကောင်း၊ ပဲဆီ တစ်တန် ကို ယွမ် ၈၉ဝဝ မှ ၉၅ဝဝ သို့လည်းကောင်း တိုးမြင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စားသုံးဆီသုံးစွဲမှု တန်ချိန် ၂၃ဝ ကျော်ရှိပြီး ရာခိုင်နှုန်း ၆ဝ ကျော်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ စားသုံးဆီဝယ်ယူ စုဆောင်းမှု များတဲ့အတွက် ပြည်ပမှ ပဲတင်သွင်းမှုများဟာ အောက်တိုဘာလမှာ တင်သွင်းမှု ပိုမိုလာလျက်ရှိပါတယ်။        ကုန်ဈေးနှုန်းမြင့်တက်လာသော ၂၄ မယ်မှာ သခွားသီးနဲ့ဖရဲသီးနှုန်းထားဟာ အများဆုံးမြင့်တက်လျက် ရှိပြီး ၁ဝ ရာခိုင်နှုန်းကျော်နဲ့ ဆိတ်သားဈေးမြင့်တက်မှုနှုန်း မှာ ဝ ဒသမ ၇၇ ရာခိုင်နှုန်းရှိပြီး အနိမ့်ဆုံးမြင့်တက်တဲ့ အမယ်ဖြစ်ပါတယ်။ ယခုလို စားသုံးဆီအပါအဝင် ပစ္စည်းအမယ်များဈေးမြင့်လာရခြင်းဟာ ကမ္ဘာ့ပတ်ဝန်းကျင်ရဲ့ လယ်ယာကဏ္ဍရဲ့ ထုတ်ကုန်ပစ္စည်းနှုန်းထားများတိုးမြင့်လာတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။                                                                                             Source: ယူနန်ချွမ်းချိမ်ဝမ်ပေါင်သတင်းစာ၊                                                                                                                 သောင်းနိုင်

စစ်တွေနယ်စပ်ကုန်သွယ်ရေးရုံးမှာ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ

Wed, 11/10/2010 - 10:20 -- Anonymous (not verified)

 စစ်တွေနယ်စပ်ကုန်သွယ်ရေးရုံးမှာ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ         မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးရုံးမှာ အောက်တိုဘာလအတွက် ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးကို အောက်တိုဘာလ၂၉ရက်နေ့ကကျင်းပခဲ့ပါတယ်။ အောက်တိုဘာလဆန်းပိုင်းနဲ့ လလယ်ပိုင်းကာလများမှာ ဘင်္ဂလား ပင်လယ်အော်၌ မုန်တိုင်းငယ် (၂) ကြိမ်ခန့်ဖြစ်ပေါ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရခိုင်ပြည်နယ် အတွင်း ဒေသအချို့ရှိ ပုစွန်မွေးမြူ ရေးကန်များ တာကျိုး ပျက်စီးဆုံးရှုံး ခဲ့မှုများနဲ့ အောက်တိုဘာ ၂၂ ရက်နေ့ က ကျောက်ဖြူမြို့အနီးမှ ကုန်းတွင်း သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း ဂီရိကြောင့် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင် အစရှိတဲ့ ဒေသများမှာ ပုစွန်ကန် ဧက အများအပြားနဲ့ ရေလုပ်ငန်း အများ အပြား ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ငါးဦးစီးဌာနအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ ပျက်စီးဆုံးရှုံးခဲ့တဲ့ ပုစွန်မွေးမြူရေးကန်များ ပြန်လည် ထူထောင်နိုင်ရေးအတွက် အတတ်နိုင် ဆုံး ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားမယ် လို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူကလည်း အစည်းအဝေး မှာ ငါးပုစွန် လုပ်ငန်းရှင်များကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါ တယ်။             ခင်ရတနာဖြိုး ကုမ္ပဏီမှ ဒါရိုက် တာဖြစ်သူ ဦးညီညီက စက်တင်ဘာလ က ကျင်းပခဲ့တဲ့ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ၎င်းတို့ကုမ္ပဏီအနေ နဲ့ ပဲတီစိမ်းနဲ့ မတ်ပဲ ၁ဝ တန်ခန့် တစ်ဘက် နိုင်ငံသို့ တင်ပို့ ရန်အတွက် နေပြည်တော်သို့ လိုင်စင်သွားရောက် လျှောက်ထားရန် အခက်အခဲရှိတာ ကြောင့် စစ်တွေနယ်စပ်ရုံးတွင် လိုင်စင် လျှောက်ထားခွင့် တင်ပြခဲ့ခြင်းအပေါ် အထက်ဌာနနှင့် ညှိနှိုင်းပြီး ဆောင်ရွက် ခွင့်ပေးသဖြင့် အောက်တိုဘာ လဆန်း ပိုင်းတွင် စစ်တွေစခန်း လိုင်စင်ဖြင့် တင်ပို့နိုင်ခဲ့ကြောင်းနဲ့ ယခုလို မိမိအရပ် ဒေသရှိ နယ်စပ်ရုံးမှ တစ်ဆင့်လျှောက် ထားခွင့်ရတဲ့အတွက် မိမိတို့ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များအတွက် အကိုျးကျေးဇူးများစွာ ရရှိတယ်လို့ ပြောကြားခဲ့ပါတယ်။             ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် များက တစ်ဖက်နိုင်ငံမှ ဝယ်လိုအား ရှိတဲ့ ပို့ကုန်အမယ်စုံတင်ပို့နိုင်ရေး ပျောက် ကွယ်လျက်ရှိသော အမယ်များ ပြန်လည်တင်ပို့နိုင်ရေးကြိုးပမ်း ဆောင် ရွက်သွားကြမယ်လို့ ပြောကြားခဲ့ပါ တယ်။                                                                                                                        ှSourceး နကသMIRT(DOBT)

လမ်းများအသင့်အတင့်ကောင်းမွန်လာသဖြင့် ရိဒ်ကုန်သွယ်မှုပိုမိုလာ

Wed, 11/10/2010 - 10:17 -- Anonymous (not verified)

 လမ်းများအသင့်အတင့်ကောင်းမွန်လာသဖြင့် ရိဒ်ကုန်သွယ်မှုပိုမိုလာ      အောက်တိုဘာလ အတွင်း မိုးရွာ သွန်းမှု နည်းပါးခြင်း၊ လမ်းများ အသင့် အတင့်ကောင်းမွန်ပြီးကုန်တင် ဂျစ်ကား များ ဝင်ရောက်မှုများခြင်း၊ တစ်ဖက် နိုင်ငံမှ ဝယ်လိုအားကောင်းလာခြင်း တို့ ကြောင့် ရိဒ်နယ်စပ်ရဲ့ အောက်တိုဘာ လ ပို့ကုန်ပမာဏဟာ စက်တင်ဘာလ ထက် ကန်ဒေါ်လာ (၇) သောင်းကျော် ပိုမို လာတယ်လို့ ရိဒ်နယ်စပ်ကုန်သွယ် ရေးမှ သိရပါတယ်။ ရိဒ်ကုန်သွယ်မှုမှာ အသုံးပြုတဲ့ လမ်းကြောင်းကတော့ မုံရွာ-ကလေး-တီးတိန်-ရိဒ် ဖြစ်ပါတယ်။ ရိဒ်နယ်စပ်ရဲ့ အများဆုံး ပို့ကုန် တွေကတော့ ဝက်အရှင်၊ ပလတ်စတစ် အိတ်၊ မုန့်မိုျးစုံ၊ မ-ဝတ်တီရှပ်၊ ဆေးကြေမှုန့်၊ စောင်၊ ကွမ်းသီးခြောက်၊ ကင်းဘတ်ရှုး ( အရွယ်စုံ) ၊ ဆပ်ပြာမှုန့်၊ ဆေးရိုး၊ ခြင်ထောင်စ၊ အိပ်ယာခင်း၊ ပေါက်ပြားနဲ့ဖယောင်းပုဆိုးတို့ဖြစ်ပါတယ်။ အများဆုံးသွင်းကုန်တွေ ကတော့ ဓာတ်မြေသြဇာပိုတက်ရှ်နဲ့ ယူရီးယား၊ လူသားဆံပင်နဲ့ ရွှေချည်ငွေချည်တို့ ဖြစ်ပါတယ်။       ယခုလမှာ ယမန်နှစ်ကာလတူ ထက်ရော အနီးစပ်ဆုံးကာလထက် ပို့ ကုန်ရော သွင်းကုန်ပါ ပိုမိုဆောင် ရွက်နိုင်သဖြင့် ကုန်သွယ်မှု ပမာဏများ လည်း ပိုမိုခဲ့တယ်လို့ သတင်းရရှိပါ တယ်။                                                                                                                        Source:နကသ၊ခင်မိုးသ

အောက်တိုဘာမှာ မုန်တိုင်းအရှိန်ကြောင့် မြိတ်က ရေထွက်ပို့ကုန်လျော့

Wed, 11/10/2010 - 10:08 -- Anonymous (not verified)

 အောက်တိုဘာမှာ မုန်တိုင်းအရှိန်ကြောင့် မြိတ်က ရေထွက်ပို့ကုန်လျော့              မြန်မာထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ အတွင်းငါးမျိုးစုံ တန် ၆၃၄ဝ ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှ ငါးမျိုးစုံအပါအဝင် ရေထွက်ကုန် တန်ချိန် ၈ဝဝဝ နီးပါးတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇ သန်းကျော်ဖိုးမြိတ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလနဲ့ နှိုင်းယှဉ်လျှင် ရေထွက်ကုန်တင်ပို့နိုင်မှု လျော့နည်းခဲ့ပါ တယ်။ အောက်တိုဘာလမှာ မုန်တိုင်းရှိတဲ့အတွက် ပင်လယ်ပြင်မှာ မိုးသက်လေပြင်း ကျရောက်ခြင်း၊ လှိုင်းကြီးခြင်းများကြောင့် ထွက်ပြီးငါးဖမ်း လှေများ ကျွန်းခိုနေရခြင်း၊ ငါးဖမ်းမထွက်ခြင်း၊ သီးတင်းကျွတ်ပွဲတော်ကာလ ဝင်ရောက်ရပ်နားခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။                မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ တင်ပို့တဲ့ ကုန်တွေကတော့ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ကဏန်းအရှင်၊ ငါးမှုန့်၊ ငါးအသားလွှာ၊ ငါးခြောက်သေး၊ ခရုအသား၊ အေးခဲပုစွန်၊ ပင်လယ်စာအရော၊ အေးခဲကဏန်းပျော့၊ ကဏန်းနီ၊ ကဏန်းအသေး (အသေ)၊ အေးခဲကင်းမွန်၊ ခရုအကောင်၊ ငါးအကြေးခွံချွတ်အလွှာ၊ ငါးခြောက်၊ အေးခဲကျောက်ပုစွန်အသေ၊ ပုစွန်ခြောက်၊ ကင်းမွန်ပြုတ်ခြောက်၊ အေးခဲဂဏန်းအနီ တို့ဖြစ်ပါတယ်။ သွင်းကုန်အနေနဲ့ ဘိလပ်မြေ၊ ကွန်ပေါင်းဓာတ်မြေသြဇာ၊ ဒီဇယ်ဆီ၊ ဂျာစီစ၊ အတွင်းခံ လိုင်နင်စ၊ ပလတ်စတစ်ခြင်းတောင်း၊ ကော်စေ့၊ Angle Iron, MS rod   နဲ့Wire rod in coil တို့ဖြစ်ပါတယ်။                   မြိတ်နယ်စပ်စခန်းရဲ့ အောက်တိုဘာလကုန်သွယ်မှု ပမာဏဟာ ယမန်နှစ် ကာလတူ ထက်ပို့ကုန်ရော သွင်းကုန်ပါ ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်း လျော့နည်းပြီး သွင်းကုန်ပိုင်း မှာတော့ ပိုမိုဆောင်ရွက် နိုင်ခဲ့တယ်လို့ မြိတ်နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။               ဧပြီလမှအောက်တိုဘာလကုန်ထိမြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ လ အလိုက် ရေထွက်ကုန်တင်ပို့နိုင် မှုများက ဧပြီလမှာ ၉၃၉ဝ တန်ကျော်၊ မေလမှာ ၉၉၃ဝ ကျော်၊ ဇွန်လမှာ ၉၇၈ဝ ကျော်၊ ဇူလိုင်လမှာ တန် ၉၂ဝဝ ကျော်၊ သြဂုတ်လမှာ တန် ၈၄ဝဝ နီးပါး၊ စက်တင်ဘာလမှာ တန် ၈၂ဝဝ ကျော်နဲ့ အောက်တိုဘာလမှာ တန် ၇၇ဝဝ ကျော်ဖြစ်ပြီး မေလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပါ တယ်။ မိုးတွင်းကာလမှာတော့ ရာသီဥတုအခြေအနေ ကြောင့် ကုန်တက်နည်းသွား သဖြင့် တင်ပို့မှု လျော့နည်းခဲ့တာတွေ့ရပါတယ်။                                                                                         ခင်မြနွယ်MIRT

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ