Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ဖရဲရာသီ ရောက်ပြီဖြစ်တဲ့ မတ်လမှာ ပို့ကုန်တိုးတက်ဖွယ်ရှိတဲ့လွယ်ဂျယ်

Sun, 03/06/2011 - 08:03 -- Anonymous (not verified)

ဖရဲရာသီ ရောက်ပြီဖြစ်တဲ့ မတ်လမှာ ပို့ကုန်တိုးတက်ဖွယ်ရှိတဲ့လွယ်ဂျယ်              ရှေ့လာမယ့်မတ်လလယ်ခန့်မှာ ဒေသထွက် ဖရဲသီးများ ကို စတင်တင်ပို့တော့မယ့်ကာလ ဖြစ်တဲ့အတွက် ပို့ကုန်များ တိုးတက်လာနိုင်မယ်လို့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သည်များက မျှော်မှန်းနေကြပါ တယ်။ဒါ့အပြင် သြင်္ကန်ကာလမတိုင်မီ သွင်းကုန်လုပ်ငန်းများကို ကြိုတင် ဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် သွင်းကုန် များလည်း တိုးတက်လာမှာမို့ ကုန်သွယ်မှုမြင့်တက်မယ်လို့လည်း မျှော် လင့်နေကြတယ်လို့ သတင်းရရှိပါတယ်။ MIRT(DOBT)

ပုစွန်သားပေါက် တစ်ကောင် ၇ ကျပ်နှုန်းဖြင့် ရောင်းချရန်ရ

Sun, 03/06/2011 - 08:02 -- Anonymous (not verified)

ပုစွန်သားပေါက် တစ်ကောင် ၇ ကျပ်နှုန်းဖြင့် ရောင်းချရန်ရ                  မောင်တောဒေသအလယ်သံကျော် သားဖောက်စခန်းမှ မတ်လဆန်းပိုင်းကစပြီး ပုစွန်သားပေါက် တစ်ကောင်လျှင် ၇ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်၍ ဝယ်ယူလိုသော လုပ်ငန်းရှင်များငါးဦးစီးဌာနရုံးမှာ ကြိုတင်စာရင်း ပေးသွင်း နိုင်ပြီလို့ သတင်းရရှိပါတယ်။ MIRT(DOBT) Source :နကသ

မန္တလေး-မူဆယ်ကားခများ ဈေးမြင့်တက်လျက်ရှိ

Sun, 03/06/2011 - 07:58 -- Anonymous (not verified)

မန္တလေး-မူဆယ်ကားခများ ဈေးမြင့်တက်လျက်ရှိ                   မန္တလေး-မူဆယ်သယ်ယူစရိတ်များဟာ ဖေဖော်ဝါရီလလည်းကစပြီး ပြန်လည်မြင့်တက်လာနေတယ် လို့သိရပါတယ်။ ဇန်နဝါရီ လဆန်းပိုင်းကစပြီး သယ်ယူစရိတ်များတဖြည်းဖြည်းမြင့်တက်လာရာမှ ဇန်နဝါရီလ ပထမပတ်က ၁ ပိဿာ ၈၂ ကျပ် ရှိခဲ့ရာမှ ဇန်နဝါရီလနှောင်းပိုင်းမှာ ၁၇၅ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။ဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ ၁၃ဝ ကျပ်သို့ ပြန်လည် ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ တတိယပတ်မှစပြီး မြင့်တက်လာရာဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ ကျပ် ၁၅ဝ ထိပြန် လည် မြင့်တက်လာပါတယ်။ဒါပေမဲ့ ဇန်နဝါရီလနောက်ဆုံးပတ်က မြင့်တက်ခဲ့တဲ့ ၁၇၅ ကျပ် ဈေးကိုတော့ ပြန်လည် မရောက်ရှိသေးဘူးလို့ မန္တလေး-မူဆယ်ကားလိုင်းဂိတ်များက စုံစမ်းသိရှိပါတယ်။ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ မတ်လ ၁ ရက်နေ့ အဓိကပို့ကုန်ပစ္စည်းများရဲ့ မန္တလေး - မူဆယ် သယ်ယူစရိတ်နှုန်းထားများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါရတယ်                                                                                                           ကျပ်/ပိဿာ                   ဖေဖော်ဝါရီလ ၂၂ ရက်                 မတ်လ ၁ ရက်ပဲတီစိမ်း                    ၁၃၅                                   ၁၄ဝနှမ်း                          ၁၄ဝ                                   ၁၄၅ရော်ဘာ                     ၁၅ဝ                                  ၁၅ဝ               ဇန်နဝါရီလပထမပတ်မှ မတ်လပထမပတ်ထိ သယ်ယူစရိတ်ပြောင်းလဲလာမှုများကို ဖော်ပြပေးလိုက်ရပါတယ်                                                                                                                        ကျပ်/ပိဿာ                   ဇန်                  ဇန်           ဖေ             ဖေ             မတ်ကားခ      ပထမပတ်     နောက်ဆုံးပတ်   ပထမပတ်   နောက်ဆုံးပတ ်    ပထမပတ်တက်/ကျ        ၈၂             ၁၇၅             ၁၇ဝ            ၁၃ဝ             ၁၅ဝရာခိုင်နှုန်း                           ၅၃               ၃               ၃ဝ              ၁၃MIRT(DOBT)

ချင်းရွှေဟော်မှ ကြံပို့ပြီ

Tue, 02/01/2011 - 06:49 -- Anonymous (not verified)

ချင်းရွှေဟော်မှ ကြံပို့ပြီ             ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှ တရုတ် နိုင်ငံသို့ ဇန်နဝါရီ လဆန်းပိုင်းမှာ ကြံတန်ချိန် ၂ဝဝ တင်ပို့ နိုင်ခဲ့ပါတယ်။ ကွမ်လုံဒေသမှာ ကြံ ထွက်ရှိပြီး တရုတ်ဖက်က ဝယ်လိုအား ကောင်းတဲ့အတွက် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြံတစ်တန် မိမိဖက် မြေပြင်ပေါက်ဈေးက ကျပ် ၂၅ဝဝဝ ရှိပြီး တစ်ဖက်နိုင်ငံပေါက်ဈေးမှာ ယွမ် ၂၇ဝရှိကြောင်း သိရ ပါတယ်။ မျိုးသန့်

နှစ်ကူးအမီ အရောင်းအဝယ်သွက်တဲ့ ပြောင်းဈေးကွက်

Sun, 01/30/2011 - 08:18 -- Anonymous (not verified)

နှစ်ကူးအမီ အရောင်းအဝယ်သွက်တဲ့ ပြောင်းဈေးကွက်             ယခုတစ်ပတ် မန်းပြောင်းဈေးကွက်မှာ တရုတ်ဝယ်လက်သမားတို့ အဝယ်ရှိသလို လှောင်လက်သမားများမှလည်း အဝယ်ရှိလာတာကြောင့် ယခင် အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ ရှမ်းပြောင်း ဝင်ရောက်မှုနည်းသွားပြီး၊ မြင်းခြံ-ပခုက္ကူဒေသများမှ ဃဏ ပြောင်းများအပြင် အခြား နယ်စုံမှလည်း ဗမာပြောင်းများ ဝင်ရောက်လာပါတယ်။ ယခင်တစ်ပတ်က ရှမ်း ပြောင်း တစ်ပိဿာ ၂၄၁ ကျပ် (တစ်တန် ၁၄၇၅ဝဝ ကျပ်)၊ ပြောင်းဗမာတစ်ပိဿာ ၂၃၁ ကျပ် (တစ်တန် ၁၄၁၄ဝဝ ကျပ်) အထွက်တိုးပြောင်းတစ်ပိဿာ ၂၅၅ ကျပ် (တစ်တန် ၁၅၆၁ဝဝ ကျပ်) ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ ရှမ်ပြောင်းနဲ့ ဗမာပြောင်းတစ်ပိဿာ ၂၅၉ ကျပ် (တစ်တန် ၁၅၈၆ဝဝ ကျပ်)၊ အထွက်တိုး ပြောင်းတစ်ပိဿာ ၂၇၄ ကျပ် (တစ်တန် ၁၆၇၇ဝဝ ကျပ်) ဈေးတို့နဲ့ ဈေးမြင့်လာပြီး၊ အရောင်းအဝယ်အနည်းငယ်သွက်လာပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ တန် ၇၇ဝ တင်ပို့မှုရှိခဲ့သလို အခိုျ့ကုန်သည်များကလည်း တရုတ်နှစ်သစ်ကူး မတိုင်မီ တင်ပို့ရောင်းချမှု သွက်လာတဲ့အတွက် ဈေးမာလာတာဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။                                                                                        ကျော်ကျော်မိုး

လားရှိုး၊ နောင်ချို၊ ကျောက်မဲဒေသထွက်ပြောင်းများသာ ယခုအပတ် နယ်စပ်မှတင်ပို့နိုင်

Sun, 01/30/2011 - 08:14 -- Anonymous (not verified)

 လားရှိုး၊ နောင်ချို၊ ကျောက်မဲဒေသထွက်ပြောင်းများသာ ယခုအပတ် နယ်စပ်မှတင်ပို့နိုင်                  ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်တစ်ခုကသာ ကန်ဒေါ်လာ ၂ ဒသမ ၄၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉၇ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ်စခန်းများက တန်ချိန် ၁၂၁၇ဝ တင်ပို့နိုင်ခဲ့တာမို့ ယခု အပတ်မှာ ၂၄၆၈ တန်ကျော် ယခင်အပတ်ကထက် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်နယ်စပ် အနေနဲ့ ယခင်အပတ်ကထက် ၂၈၁၅ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ပြောင်းပြည်တွင်းဈေးမှာ အနိမ့်ဈေးနဲ့ ဆက်တိုက်ရှိနေရာမှ ယခင်အပတ်ကစပြီး မန္တလေးဈေး ကျပ် ၁ ဒသမ ၅၉ သိန်းထိ ပြန်တက်လာပါတယ်။ ယခုအပတ်အတွင်းမှာ သယ်ယူခနှုန်းထားများ ၁ ပိဿာလျှင် ကျပ် ၁၄ဝ ထိ ထပ်မံမြင့်တက်နေတဲ့အတွက် မန္တလေးပြောင်းစီးဝင်မှုမရှိဘဲ လားရိုး၊ နောင်ချို၊ ကျောက်မဲဒေသထွက်ပြောင်းများသာ မူဆယ်ကုန်စည်ဒိုင်သို့ ဝင်ရောက်မှု များပြား နေလျက် ရှိပါတယ်။ လားရှိုးကုန်စည်ဒိုင်မှာ ပြောင်းတစ်တန်ဈေးဟာ ကျပ် ၁ ဒသမ ၆၅ သိန်းသို့ မြင့်တက် လာပြီး တရုတ်ဖက်ရွှေလီမှာ ဝယ်ဈေး ၅ဝ ကီလို ၁ အိတ်ကို ၉၄ ဒသမ ၅ယွမ်၊ တစ်တန်ကို ယွမ် ၁၈၈၀ထိ မြင့်တက်လျက်ရှိတယ် လို့ သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ နံှစားပြောင်းတင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်။                                            မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု       ယခင်      ပြောင်းလဲမှု     %     ယခု      ယခင်     ပြောင်းလဲမှု      %ပြောင်းဖူးစေ့      ၂၈၄၂၈ဝ   ၂၄၁၃၁၇        ၄၂၉၆၃     ၁၅     ၂၈၅       ၂၈၅                         -MIRT (DOBT)

ယခုတပတ် တန် ၁၃ဝဝ ကျော် တင်ပို့ရာမှာ ပါကစ္စတန်ကို ၅ဝဝ ပါဝင်

Sun, 01/30/2011 - 08:14 -- Anonymous (not verified)

 ယခုတပတ် တန် ၁၃ဝဝ ကျော် တင်ပို့ရာမှာ ပါကစ္စတန်ကို ၅ဝဝ ပါဝင်          ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၁၃၃ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၃၃၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄ဝ၃၄ တန် တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ တန်ချိန် ၂၇ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ မလေးရှားကို တန် ၃၆ဝ၊ အိန္ဒိယကို တန် ၂၃ဝ၊ စင်္ကာပူကို တန် ၂၄ဝ နဲ့ ပါကစ္စတန်ကို တန် ၅ဝဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိ ကြောင်း သိရပါတယ်။ KZW

ရော်ဘာဈေးနှုန်း ဧပြီလတိုင်အောင် မြင့်တက်နိုင်ဖွယ်ရှိ

Sun, 01/30/2011 - 07:58 -- Anonymous (not verified)

 ရော်ဘာဈေးနှုန်း ဧပြီလတိုင်အောင် မြင့်တက်နိုင်ဖွယ်ရှိ         ရောင်းလိုအား အကျပ်အတည်းကြောင့် အနည်းဆုံးဧပြီလတိုင်အောင် ရော်ဘာဈေးနှုန်း ဆက်လက် မြင့်တက်နိုင်ကြောင်း၊ (ANRPC)အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဆောင်းရာသီကာလ ဖြစ်တာကြောင့် ဧပြီလတိုင်အောင် ရောင်းလိုအားအကျပ်အတည်းရှိနိုင်ပြီး မေလမှ နှစ်ကုန်အထိကတော့ အခြေအနေကောင်း လာမှာဖြစ်ကြောင်း၊ ရော်ဘာ ထုတ်လုပ်တဲ့နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းရဲ့ စီးပွားရေးပညာရှင်က ပြောကြားခဲ့ပါတယ်။ဆောင်းရာသီ ဟာရော်ဘာထုတ်လုပ်မှု ကျဆင်းတတ်ပါတယ်။ အိန္ဒိယ ရော်ဘာပြပွဲ ၂ဝ၁၁ မှာ ၎င်းပညာရှင်က ရော်ဘာရောင်းလိုအား ၅ ရာခိုင်နှုန်း ကျဆင်းဖွယ် ရှိကြောင်းနဲ့ တကယ်လို့ ရာသီဥတုက ပုံမှန်ရှိမယ်ဆိုရင်တောင် အပင်ပျိုတွေရဲ့ အစေး ထွက်နှုန်း ကျဆင်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (ANRPC)အသင်းဝင်နိုင်ငံများရဲ့ ထုတ်လုပ်မှုက လွန်ခဲ့တဲ့နှစ်ထက် ၄ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၉ ဒသမ ၈၇ သန်းကိုရောက်နိုင်ကြောင်း သိရပါတယ်။ (ANRPC)ရဲ့ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်မှုဇယားကို ဖော်ပြလိုက်ပါတယ်။ခုနှစ်    စိုက်ဧရိယာ(ဟတ်တာ)   စတင်ထုတ်လုပ်သည့်နှစ်    အထွက်နှုန်း(တန်ချိန်)  ANRPC ၏   နှစ်စဉ်ပြောင်းလဲမှု                                                                                         အထွက်ရာခိုင်နှုန်း(၂ဝ၁ဝ) ရာခိုင်နှုန်း၂ဝဝ၄           ၂၃၃ဝဝဝ               ၂ဝ၁၁                        ဝ .၃၇               ၃ .၉               ၃ .၉၂ဝဝ၅            ၃၃၇ဝဝဝ              ၂ဝ၁၂                       ဝ .၉၂                ၉ .၇               ၅ .၈၂ဝဝ၆            ၄၅၁ဝဝဝ              ၂ဝ၁၃                       ၁ .၆ဝ                ၁၇ .ဝ             ၇ .၂၂ဝဝ၇            ၅၁၈ဝဝဝ              ၂ဝ၁၄                       ၂ .၄ဝ                ၂၅ .၅             ၈ .၅၂ဝဝ၈            ၅၄၄ဝဝဝ              ၂ဝ၁၅                        ၃ .၃၃               ၃၅ .၃             ၉ .၈၂ဝဝ၉            ၃၅၁ဝဝဝ              ၂ဝ၁၆                        ၃ .၉ဝ                ၄၁ .၄             ၆ .ဝ၂ဝ၁ဝ            ၃၂၅ဝဝဝ              ၂ဝ၁၇                         ၄ .၄၂                ၄၆ .၉          ၅ .၆              ဒါကလည်း တစ်နှစ်ပတ်လုံးမှာ ရော်ဘာစိုက်ဧကစုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းက သက်နုအပင်တွေ ဖြစ်ခဲ့ရင် ထွက်ရှိနိုင်တဲ့ အထွက်နှုန်း ဖြစ်ပါတယ်။ ရော်ဘာက ၆ နှစ်ခန့်အကြာမှာ စတင်အစေးထုတ်နိုင်ပြီး ၁ဝ နှစ်နဲ့ ၁၉ နှစ်ကြားမှာ အစေး ထွက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အပင်အိုသွားရင်အထွက်နှုန်းကျသွားပြန်ကြောင်း သိရပါတယ်။ ယခုနှစ်မှာ အထွက်နှုန်းကျ စေနိုင်တဲ့ အကြောင်းများကတော့ ၂ဝဝ၃ ခုနှစ်မှာ စိုက်ပျိုးမှုနည်းခဲ့ပြီး ဟက်တာ ဝ ဒသမ ၂၃၃ သန်းသာရှိခဲ့လို့ ဖြစ်ပါတယ်။ ဒီစိုက်ပျိုးမြေ ပမာဏဟာ လွန်ခဲ့တဲ့နှစ် ထုတ်လုပ်နိုင်တဲ့ ဧရိယာရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယခုနှစ်မှာတော့ စတင် အစေးထုတ် နိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။              ဒါပေမဲ့ ယခုအခါ ရော်ဘာဈေးနှုန်းတွေတက်တာတဲ့အတွက် အပင်အိုများနေရာမှာ ပြန်လည်အစားထိုး စိုက်ပိုျးဖို့ လွန်ခဲ့တဲ့ (၂)နှစ်က ရွှေ့ဆိုင်းထားတာကို ပြန်လည်လုပ်ကိုင်လာစေရန် စေ့ဆော်ရာရောက်စေပါတယ်။ သက်တမ်းလွန်အပင်များ က အထွက်နှုန်းကျဆင်းတာကြောင့် ၂ဝ၁၁ မှာ တောင်သူများအသစ်တိုးခဲျ့ စိုက်ပိုျးဖွယ် ရှိကြောင်း ၎င်းပညာရှင်က ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာက ထိုင်းနိုင်ငံမှာ လေပြင်းတိုက်ခတ်ပြီး ရေကြီးခဲ့တာကြောင့် ရော်ဘာပင် (၁၆ဝဝဝ) ဟက်တာ ပျက်ဆီးခဲ့ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က ရော်ဘာစေးထုတ်လုပ်နိုင်တဲ့ ဧရိယာတွေကို ခဲျ့ထွင်ခဲ့ပေမဲ့ စိုက်ပျိုးသူများက မြုံနေတဲ့အပင်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စိုက်ဧရိယာတိုးခဲျ့ပေမဲ့ မြုံနေတဲ့အပင်တွေပါဝင် နေရင်တော့ ထုတ်လုပ်မှုက အကန့်အသတ်ရှိနေအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။အလုပ်သမား စရိတ်ကြီးမြင့်ခြင်းနဲ့ ရော်ဘာ ဈေးနှုန်းမြင့်တက်ခြင်းက စိုက်ပျိုးသူများကို ပစ်ပယ်ထားတဲ့အပင်များကို စုစည်းအာရုံ စိုက်စေကြောင်းသိရပါတယ်။လက်ရှိအပင် တွေက ၁၉၈ဝ ဝန်းကျင်က စိုက်ပျိုးခဲ့တာကြောင့် ယခုအချိန်မှာ သက်တမ်းကြောင့်အထွက်နှုန်းကျတဲ့အချိန်ကို ရောက်ရှိ နေပြီဖြစ်ပါတယ်။သက်တမ်းလွန်အပင်များအထွက်နှုန်း ကျနေပေမဲ့ ပုံမှန်မဟုတ်တဲ့ဈေးနှုန်းတက်ခြင်းက စီးပွားရေးအလားအလာ ကောင်းစေကြောင်းသိရပါတယ်။၂ဝဝ၇ ခုနှစ်က ရော်ဘာတစ်ကီလိုဂရမ်ကို ၂ ဒေါ်လာဈေးပေါက်ခဲ့စဉ်က သက်တမ်းအနှစ် (၃ဝ) ရှိတဲ့အပင်တစ်ဟက်တာကို (၁၁ဝဝ) ကီလိုဂရမ်ထွက်ရှိပြီး စိုက်ပိုျးသူက ဒေါ်လာ ၂၂ဝဝ ရရှိပါတယ်။ယခုနှစ်မှာတော့ အထွက်နှုန်းကျရင်တောင် ရော်ဘာဈေးနှုန်းတစ်ကီလိုဂရမ် ၅ ဒေါ်လာရတာကြောင့် စိုက်ပျိုးသူက ဒေါ်လာ ၂၅ဝဝ ရနိုင်ကြောင်းသိရပါတယ်။ဒါ့အပြင်ရော်ဘာစိုက်ပိုျးနေကြ မဟုတ်တဲ့ဒေသတွေကလည်း ၎င်းဒေသကစိုက်ပျိုးသူတွေက ရော်ဘာ စိုက်ပျိုးရေးမကျွမ်းကျင်သေးတာကြောင့် အထွက်နှုန်းကျနေကြောင်း သိရပါတယ်။ကျွမ်းကျင်တဲ့ ရော်ဘာလုပ်သားတွေ ပြတ်လတ်မှုကလည်း စီးပွားရေး ပြန်လည်ဦးမော့ရေးနဲ့ စိုက်ပျိုးရေး အလုပ်အကိုင်အခွင့်အလမ်း တွေကို ထိခိုက်စေကြောင်း သိရပါတယ်။ လာမယ့်နှစ်မှာတော့ ခြံသစ်တွေက စိုက်ပိုျးပင်တွေ အစေးထုတ်ဖို့အသစ်ဖြစ်နေပြီး ရော်ဘာရောင်းလိုအား တက်လာနိုင်ကြောင်း သတင်းရရှိပါတယ်။ ှSource: Business on line,KZW

ဒီတစ်ပတ် နယ်စပ် အပို့ တန် ၈ဝဝ ကျော်သာရှိ

Sun, 01/30/2011 - 07:44 -- Anonymous (not verified)

ဒီတစ်ပတ် နယ်စပ် အပို့ တန် ၈ဝဝ ကျော်သာရှိ             ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နဲ့ထိုင်းနိုင်ငံတို့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဒေသထွက် ကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၅၆ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ရော်ဘာ တန် ၁၂၂ဝ ကျော်တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ တန်ချိန် ၃၆၅ တန်ကျော် တင်ပို့မှုလျော့ကျခဲ့ပါတယ်။ RSS-3 အဆင့်နဲ့ MSR-50 အဆင့်များ တင်ပို့မှု များသော် လည်း မန္တလေး-မူဆယ်သယ်ယူစရိတ်နှုန်းထားများမှာ ထပ်မံမြင့်တက် လျက်ရှိတဲ့အတွက် ကုန်စည်စီးဆင်းမှုကိုထိန်းပြီး လုပ်ဆောင်နေကြတာကြောင့်လို့ သိရပါတယ်။ ပို့ကုန်သယ်ယူခ နှုန်းထားများမှာ ယခင်အပတ်က ၁ ပိဿာ ၉၅ ကျပ်ရှိခဲ့ရာမှ ယခုအပတ်မှာ ကျပ် ၁၄ဝ ထိ မြင့်တက်လာလျက် ရှိပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့နိုင်မှုများမှာ မူဆယ်မှ RSS-1 တန် ၅ဝ ၊ RSS-3  ၂၁၄ တန်ခွဲ၊MSR-20 ၈၇ တန်ကျော်၊ MSR-50၂ဝ၆ တန်၊ ချင်းရွှေဟော်မှRSS-1 ၉၉ တန်ခန့်နဲ့ RSS-3  တန် ၁ဝဝ၊ မြိတ်မှ MSR-50 တန် ၁ဝဝ ဖြစ်ပါတယ်။ အဆင့်အလိုက် တင်ပို့ နိုင်မှုများကတောRSS-1 ၁၄၉ တန်ခန့်၊RSS-3 ၃၁၄ တန်ခွဲ၊ MSR-20 ၈၇ တန်ကျော်နဲ့MSR-50 ၃ဝ၆ တန်ဖြစ်ပါတယ်။ တရုတ်ဈေးကွက် ရော်ဘာဝယ်ဈေးတွေကတော့RSS-3  တစ်တန် ယွမ် ၃၁ဝဝဝ နဲ့ RSS-5 တစ်တန် ယွမ် ၂၉၅ဝဝ အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                                             မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု              ယခင်      ပြောင်းလဲမှု       %         ယခု       ယခင်   ပြောင်းလဲမှု     %RSS-(3)    ၃၉၅၅၃၁ဝ   ၃၉၅၅၃၁ဝ                          -        ၄၇ဝ၂      ၄၆၉၇      ၅            ဝ .၁RSS-(5)    ၃၇၂၂၅၁ဝ   ၃၇၂၂၅၁ဝ                          -        ၄၄၇၅      ၄၄၇ဝ      ၅            ဝ .၁MIRT (DOBT)

တစ်ပတ်အတွင်း တန် ၁၃ဝဝ ကျော် တင်ပို့

Sun, 01/30/2011 - 07:42 -- Anonymous (not verified)

တစ်ပတ်အတွင်း တန် ၁၃ဝဝ ကျော် တင်ပို့              ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၃၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၁၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတန်ချိန် ၁၅၆၅ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ၂၂၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-3  တန် ၃ဝဝ၊ RSS-5 တန် ၄ဝ၊ အိန္ဒိယကိုRSS-3 တန် ၄ဝ၊ မလေးရှားကို MSR-50  တန် ၁၄ဝ၊ RSS-3 ၉၇ တန်၊RSS-5 ၇၂ဝ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကတင်ပို့တဲ့  FOB ဈေးနှုန်းတွေကတော့RSS-3  တစ်တန်ကို ဒေါ်လာ ၄၉ဝဝ၊ RSS-5 တစ်တန်ကို ၄၈ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၉ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW 

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ