ပခုက္ကူမြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ
ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင် သွင်းရသော မြို့ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
