Main menu

Background

Sunday, 29 Jul 2012

    အိန္ဒိယနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်  အရေးကြီးတဲ့ မုတ်သုံမိုးပုံမှန်ထက်နည်းလို့ သီးနှံတွေ ထိခိုက်ပြီး စားသောက်ကုန်ဈေးတွေ မြင့်တက်ခဲ့ပါတယ်။ ယခုအချိန်ထိ မုတ်သုံမိုးက ပုံမှန်အောက် ၅ ပုံ ၁ ပုံ လျော့နည်းခဲ့ပါတယ်။ မကြာသေးမီက ရွာတဲ့မိုးကလည်း မလုံလောက်လို့ ဒီမိုးနည်းတဲ့ ပြဿနာဟာ လျော့မသွားဘူး ဖြစ်နေပါတယ်။ ဥပုသ်လ ရာသီလဲဖြစ်နေတော့ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲဈေးတွေအတက်ကြမ်းပြီး တက်လိုက် ကျလိုက်ကစားနေပါတယ်။

Sunday, 29 Jul 2012

    ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်ရှိ ပဲဈေးနှုန်းများ ယခု ဇူလိုင်အတွင်း ဈေးမြင့်လာခဲ့ပါတယ်။ မတ်ပဲဈေးကွက်မှာ ယခင်အပတ်အတွင်း တစ်တင်း ၁၆၆၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ မြင့်တက်လာခဲ့ပြီး၊ လှောင်လက် သမားများမှလည်း ထုတ်ရောင်းချလာကြတာကြောင့် ရန်ကုန်ဘုရင့်နောင်ကို တစ်ရက် အိတ် ၃၅၀၀ ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။

Sunday, 29 Jul 2012

    ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ဒေသတွင်းစက်သမားများသာမက ရန်ကုန်ဝယ်လက် ပါရှိပြီး၊ ပဲအားလုံး ဈေးအမြင့်ဆုံး ပေါက်ခဲ့တာတွေ့ရပါတယ်။ ထိုင်ဝမ် တစ်တင်း ၂၃၇၀၀ ကျပ်၊ V2 တစ်တင်း ၂၄၅၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၂၄၀၀၀ ကျပ်အသီးသီးဈေးအမြင့်ဆုံး ပေါက် ခဲ့ပါတယ်။

Sunday, 29 Jul 2012

    ယခု တစ်ပတ် ပဲမျိုးစုံတင်ပို့မှုမှာ ကုလားပဲမှအပ ကျန် ပဲများမှာ တင်ပို့မှု ဆက်လက်လျော့နေဆဲဖြစ်ပါတယ်။ ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အတွင်း ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၂၃၇၀၈ သာရှိတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တင်ပို့မှု တန်ချိန် ၃၁၇၈၅ ရဲ့ ၇၅ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။

Wednesday, 25 Jul 2012

    ဘရာဇီးနိုင်ငံရဲ့ ရိတ်သိမ်းထုတ်လုပ်မှုနှောင့်နှေးခြင်းနဲ့ မိုးကြီးနေမှုတို့ကြောင့် ကမ္ဘာ့တစ်ဝန်းမှာရှိတဲ့ သကြားသုံးစွဲသူတွေရဲ့ ဝယ်လိုအားမြင့်တက်နေပေမယ့်လည်း ရောင်းလိုအားကျဆင်းနေတဲ့အတွက် အိန္ဒိယသကြားတင်ပို့သူတွေဟာ အကျိုး အမြတ်များစွာ ရနေကြောင်း သိရပါတယ်။ ဘရာဇီးမှာ မိုးကြီးတာကြောင့် ရိတ်သိမ်း ချိန် နှောင့်နှေးပြီး ဆိပ်ကမ်းတွေမှာ သကြားကုန်စည်များသင်္ဘော တင်ဖို့ အဟန့် အတားဖြစ်နေကြောင်း သိရပါတယ်။

Wednesday, 25 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၀၆ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၉၉၇ တန်ကျော်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၆၆၇ တန်ကျော် ပိုမို တင်ပို့ခဲ့ပါတယ်။ အခုလို တင်ပို့မှု ပိုမိုရခြင်းမှာ ယခင်အပတ်က တင်ပို့မှု မရှိခဲ့တဲ့ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာအခွံ မပါ၊ တောဂျုးမြစ်၊ တောင်လုံးကျော်နဲ့ ရွေးရွက်တို့ကို ယခုအပတ်မှာတင်ပို့မှု ရှိခဲ့ခြင်းနဲ့ ကွမ်းသီးခွံ၊ ကြက်ဆူစေ့၊ ချဉ်ပေါင်ဖာလာအခွံပါ၊ စမုံနက်၊ ဆီးဆန်၊ တောချင်း၊ ဒရင်ကောက်မြစ်၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ မာလာခေါင်းတို့ တင်ပို့မှု ပိုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ချင်း ခြောက်၊ ဂုံညှင်းလုံး၊ စကားပန်းပွင့်ခြောက်၊ နနွင်းခေါင်း၊ ဖန်ခါးသီးခြောက်၊ အုံတုံခေါက်တို့ တင်ပို့မှုလျော့ခဲ့တယ် လို့သိရပါ တယ်။ တမူး နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၀၁ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၅ တန် တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၄ တန် ပိုခဲ့ပါတယ်။ မြဝတီ နယ်စပ်မှ ကန်ဒေါ် လာသုညဒသမ ၀၀၃ သန်းတန်ဖိုးရှိ ကံ့ကော်ပွင့်ခြောက် ၄ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။   MIRT(DOBT)

Sunday, 22 Jul 2012

    ယခင်က တစ်ဖက်နိုင်ငံမှာ ဈေးကွက်ရရှိပြီးဖြစ်တဲ့ မြန်မာ့ ကြက်သွန်နီများကို မိမိနိုင်ငံစားသုံးမှုလိုအပ်ချက် အရ တင်ပို့မှုအား ယာယီပိတ်ထားခဲ့ရာမှ ၂၅-၁၀-၂၀၁၁ ရက်နေ့မှစ၍ ပြန်လည်တင်ပို့ခွင့်ရရှိခဲ့ပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန်မှ ဇွန်လမှာ ကြက်သွန်နီ ၂၀ ဒသမ ၈၅ တန်၊ ဇူလိုင် (ဒု) ပတ်အတွင်း ၁၀ တန်၊ စုစုပေါင်း ၃၀ ဒသမ ၈၅ တန်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ ရှိရပါတယ်။ ခွင့်ပြုလိုင်စင်ဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၃၇၀ နှုန်းဖြစ်ပြီး ယခုအချိန်မှစ၍ တစ်ဖက်နိုင်ငံရဲ့ ဈေးကွက် ထဲသို့ မိမိနိုင်ငံထွက် ကြက်သွန်နီများ စတင်ထိုးဖောက် ဝင်ရောက်နေပြီဖြစ်ပါတယ်။နကသ

Sunday, 22 Jul 2012

    ဖိလစ်ပိုင်အစိုးရကသာ ကြက်သွန်နီတင်သွင်းခွင့်မပြုခဲ့ရင် ကြက်သွန်နီတစ်ကီလိုကို ပီဆို ၁၀၀(ကန်ဒေါ်လာ ၂ ဒသမ ၃၉)ထိ ရောက်ရှိနိုင်တယ်လို့ ကြက်သွန်နီ ကုန်သည်များနဲ့ လက်လီသမားများက ဇူလိုင် ၁၇ ရက်မှာ သတိပေးပြော ကြားတယ် လို့ သိရပါတယ်။

Sunday, 22 Jul 2012

    အာရှရဲ့အကြီးမားဆုံးဟင်းခတ်အမွှေးအကြိုင် ဈေးကွက် ကြီးဖြစ်တဲ့ နယူးဒေလီရှိ နနွင်းဈေးကွက်မှာ အဝယ်အော်ဒါ မရှိတာကြောင့် ဈေးသိသိသာသာ ကျဆင်းခဲ့ပါတယ်။ နနွင်း ဝင်ရောက်မှု သိသိသာသာ ကျဆင်း ခဲ့တာကြောင့် ကုန်သည် များ တုန်လှုပ်လာကြတယ်လို့ ဆိုပါတယ်။

Sunday, 22 Jul 2012

    ဒီတစ်ပတ်မှာ နနွင်းအဝင်နည်းပါတယ်။ မန္တလေးဝယ်လက်တွေကလည်း အဝယ်ရပ်နေတာကြောင့် ဈေးကလည်းငြိမ်နေပါ တယ်။ ဆင်တောင်နနွင်းတွေလည်း အောင်ပန်းဈေးကွက်ကို လက်လီလောက်သာ အဝင်ရှိနေပါတယ်။ ထိပ်စနနွင်းတွေ အဝယ်ရပ်နေပေမဲ့ ညံ့စဖြစ်တဲ့ ပင်လောင်းနနွင်းကတော့ တစ်ပိဿာကို ၃၀၀ ကျပ်၊ ၃၇၅ ကျပ်နဲ့ အရောင်းအဝယ် အနည်း ငယ်ဖြစ်နေပါတယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။

Pages