Main menu

Background

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၁ သန်းတန်ဖိုးရှိ နနွင်းတက် ၃၂၉ တန် ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၂ တန်ကျော်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလ အတွင်းမှာ အပို့ရှိခဲ့ပြီး မြဝတီနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၉၉ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ်စခန်းများမှ နနွင်းတက် ၄၂၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၈၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)

Sunday, 22 Jul 2012

    ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှမန်ကျည်းတင်ပို့မှု ဇူလိုင် ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း ၁၇၃ တန်ရှိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာ ပူနိုင်ငံကို ၁၄၈ တန်နဲ့ ထိုင်းနိုင်ငံကို ၂၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်း တင်ပို့မှုက တန်ကိုးဆယ်ကျော်ရှိခဲ့ပြီးဒီတစ်ပတ်မှာ တန်ရှစ်ဆယ် ကျော်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်တစ်တန်ကို FOB ဈေးကန်ဒေါ်လာ လေးရာ့ သုံးဆယ်ကျော်ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ FOB ဈေးက ကန်ဒေါ်လာ လေးရာ့ခုနစ်ဆယ်ကျော်ထိ ရရှိခဲ့ပါတယ်။MIRT(DOT)

Sunday, 22 Jul 2012

    ချင်း(ဥမ)တွေ အဝင်များသလို၊ ပုံမှန်လည်းပြန်ရောင်းနေရပါတယ်။ အောင်ပန်း ဈေးကွက်မှာ တစ်ရက်ကို ပိဿာချိန်ထောင်ချီပြီး အဝင်ရှိနေတယ်လို့သိရပြီး၊ ပဲခူးနဲ့ မန္တလေးက အတော်များများဝယ်ယူနေတယ်လို့သိရပါတယ်။ ချင်းတက်တွေကတော့ အဝင်အတော်နည်းသွားပါတယ်။ လက်ကျန်ရှိနေပေမယ့် ဈေးကွက်မှာတော့ အဝင် သိပ် မရှိဘူးလို့လည်းသိရပါတယ်။

Sunday, 22 Jul 2012

    အောင်ပန်းချင်းများ ပြည်ဈေးကွက်အတွင်းသို့ ယခင်တစ်ပတ်ကအတိုင်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိပြီး၊ အခြားတိုင်းဖြစ်သော ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့သို့ ပိဿာ ၈၀၀ ခန့်ကို ဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်း ပွဲရုံများမှာ အရောင်းအဝယ်ပုံမှန် ဖြစ်ပြီး၊ အဝင်လည်း ပုံမှန်ရှိနေတဲ့အတွက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်၊ ချင်း (ဥမ) ရှယ် ၅၀၀ ကျပ်၊  ဂျွန် ၃၅၀ ကျပ်တို့နဲ့ အသီး သီးရောင်းဝယ် လျက်ရှိကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်း တန်ဖိုးရှိ ချင်းခြောက် ၃၆ တန်ကျော်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ချင်းခြောက်အပို့ ၂၉ တန် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

Sunday, 22 Jul 2012

    ပြည်မတ်ပဲဈေးမှာ တဖြည်းဖြည်း ဈေးမြင့်လာခဲ့ပေမယ့် ပဲအဝင်ပါးလာခဲ့တယ် လို့သိရပါတယ်။ ပြည်၊ အောင်လံကြားရွာ များမှ ပဲလက်ကျန်ရှိတဲ့ အချို့တောင်သူ များက လှောင်ပဲများကို ရောင်းချလာကြလို့ နေ့စဉ်အိတ် ၂၀၀ ခန့် အဝင်ရှိတယ် လို့ သိရပါတယ်။ ပြည်ပဲဈေးကွက်မှာ အဝင်နည်းနေပေမယ့် ဈေးမြင့်နေပြီး၊ ရန်ကုန် ဝယ်လက်ကလည်း  ဝယ်အားများနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ တတိယ ပတ်ရဲ့ အစရက်မှာ မတ်ပဲတစ်တင်းကို ၁၆၆၀၀ ကျပ်မှ အလယ်ရက်မှာ ၁၈၀၀၀ ကျပ်ထိ မြင့်လာခဲ့ တယ်လို့သိရပါတယ်။ ရန်ကုန် ဝယ်လက်မှ တစ်နေ့ကို အိတ် ၆၀၀-၇၀၀ ခန့် အဝယ်ဖြစ်ပြီး၊ ပြည်မှ ရန်ကုန်ဘုရင့်နောင်သို့ တစ်နေ့ အိတ် ၃၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။                                မိမိအေး

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းတန်ဖိုးရှိ ပဲယင်း ၇၂ တန် အပို့ရှိပါတယ်။ ယခင်အပတ်ကလည်း ၇၇ တန်ခန့် အပို့ရှိခဲ့ရာ ပဲယင်းအပို့ပုံမှန်ရှိနေတယ်လို့ဆိုရ ပါမယ်။ နှစ်ဖက် မြေပြင်ဈေး များ မြင့်တက်လျက် ရှိပါတယ် -

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၂၈၈ တန်ခန့်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၆၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းအခြမ်း ၆၇ တန်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ တင်ပို့မှု ရှိခဲ့ပါတယ်။  မိမိဘက်ရောတစ်ဖက်နိုင်ငံမှာပါ ပဲတီစိမ်းမြေပြင် ပေါက်ဈေးများ လျော့ကျလျက်ရှိပါတယ် -

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၄၃ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၆၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းတန်ဖိုးရှိ ထောပတ် ပဲ တန် ၇၀ ခန့်ကို အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် စွန်တာနီ/ပြာ ၁၃ တန်နဲ့ ထောပတ်ပဲ ၄၂ တန်တင်ပို့မှုပိုမိုခဲ့ပါတယ်။MIRT(DOBT)

Sunday, 22 Jul 2012

    ယခုတစ်ပတ်အတွင်း ရန်ကုန်ဝယ်လက်မရှိဘဲ ပြည်တွင်း စက်မှုကုန်ကြမ်းသုံး ဝယ်လက်သာရှိတဲ့ ကုလားပဲမျိုးစုံဟာ ပဲ လက်ကျန်အခြေအနေကြောင့် တက်ဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ တစ်တင်း အနိမ့်အမြင့်ပေါက်ဈေးမှာ ထိုင်ဝမ် ၂၀၇၀၀ ကျပ်မှ ၂၁၃၀၀ ကျပ်၊ V2 ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ ကျပ်၊ 929  ၂၀၉၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးတက်ဈေးရခဲ့ကြပါ တယ်။

Pages