Background
ယခုတစ်ပတ်မှာအောင်ပန်း၊ တောင်ကြီးတို့မှ ချင်းပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အဝင်ရှိပြီး၊ ယခင်အပတ်ထက် အဝင်ပိုများလာကာ ဈေးနှုန်းများမှာလည်း တစ် ပိဿာကို ချင်း(ရှယ်) ၅၀၀ ကျပ် (ဂျွန်) ၃၅၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိလို့၊ ယခင်တစ်ပတ်ထက်တစ်ပိဿာကို ၁၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်းမှာ လက်လီ၊ လက်ကား ရောင်း ဝယ်သူများအပြင် ဧရာဝတီနဲ့ ရခိုင်ကို တင်ပို့မှုအပါအဝင် တစ်ရက်ကို ပိဿာချိန် ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်
အိန္ဒိယပြည်တွင်း ပဲမျိုးစုံဈေးကွက်အားလုံးနီးပါးမှာ ပဲမျိုးစုံဈေးနှုန်းတွေမြင့်မားနေပါတယ်။ အိန္ဒိယ ပြည်တွင်း မိုးတွင်း ကာလမှာ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်ရရှိနိုင်မှု နည်းပါးတဲ့အတွက် ပဲမျိုးစုံဝယ်လိုအားမြင့်မား လေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇွန်မှာ ကုန်ဆုံးမယ့်လက်ရှိသီးနှံနှစ်အတွင်း ပဲမျိုးစုံအထွက်နှုန်းကို ၁၇ ဒသမ ၀၂ သန်းသာရှိမယ် ခန့်မှန်းထားရာ ယခင်နှစ်ပဲမျိုးစုံထွက်နှုန်း ၁၈ ဒသမ ၄၂ သန်းနဲ့ ယှဉ်ရင် ကျဆင်းလျက်ရှိပါတယ်။
မုတ်သုံမိုးက ပျမ်းမျှမိုးရေချိန်အောက်ကိုရောက်ရှိနေခြင်းဟာ နိုင်ငံရဲ့ ပဲထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ စိုးရိမ်မှုတွေနဲ့အတူ ဥပုသ်လပွဲတော်နီးကပ်လာတဲ့ ကာလအတွင်း စားသုံးသူဝယ်လိုအား မြင့်တက်ဖွယ်ရှိခြင်း တို့ကြောင့် ဇွန်လ ၂၇ ရက် အိန္ဒိယ ကုလားပဲကြိုပွိုင့်ဈေးမြင့်တက်ခဲ့ပါတယ်။ NCDEX မှာဇူလိုင် ကုလားပဲ စာချုပ်ဈေးက တစ်တန်ကို သုည ဒသမ ၈၄ ရာခိုင် နှုန်း မြင့်တက်ပြီး၊ ရူပီး ၄၃၁၅၀ (ကန်ဒေါ်လာ ၇၅၆)ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၈ သန်းတန်ဖိုးရှိ ပဲယင်း ၁၂၆၁ တန်ကျော်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက တန် ၉၉၀ ဝန်းကျင် ယခုအပတ်မှာပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ် -
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အခြားပဲဈေး တိုးလာခြင်းနဲ့အတူ ကုလားပဲဈေးလည်း ဆက်လက် မြင့်တက်လာခဲ့ပါ တယ်။ လက်ရှိမိုးရာသီမှာ မိုးနည်းပါးတဲ့အတွက် ဆောင်းကုလားပဲစိုက်ပျိုးမှုအပေါ်လည်း ဆက်ပြီးထိခိုက်မှာ ကုန်သည်များ စိုးရိမ် နေကြပါတယ်။ ဥပုသ်ကာလအတွက် ဝယ်လိုအားကောင်းနေခြင်းက လက်ငင်းဈေးများ မြင့်တက်စေခဲ့ပါတယ်။
ပြည်တွင်းမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲကို ရောင်းဝယ်မှုရော ပြည်ပတင်ပို့မှုမှာ အနည်းငယ် သာရှိပါတယ်။ ယခင်တစ်ပတ်ကပင်လယ်ရေကြောင်း တင်ပို့မှုတန်ချိန် ၁၅၀၀ ရှိပြီး ယခုတစ်ပတ်မှာ တန်ချိန် တစ်သောင်းကျော်သာ တင်ပို့ နိုင်ကြောင်းတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၂ ရက်ထိ စုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၃၅၀၀၀ ကျော်ရှိပြီး ရရှိ တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၆ သန်းနီးပါးရရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၅၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၉ သန်းခန့်ရှိလို့ ယခုနှစ် ကာလတူမှာ တင်ပို့မှု ပမာဏရော ဝင်ငွေပါ ပိုမိုရရှိတာတွေ့ရပါတယ်။
ပြည်ဈေးကွက်အတွင်း အခြားပဲသီးနှံအချို့မှာ ဈေးမြင့်လာမှုရှိခဲ့သော်လည်း ပဲတီစိမ်းသီးနှံကတော့ ဈေးငြိမ် လျက်ရှိခဲ့ပါ တယ်။ ဈေးကွက်အတွင်း ပဲလက်ကျန် အဟောင်းများ နည်းလာခဲ့ပြီဖြစ်ပြီး၊ ပဲအဝင်လည်းမရှိခဲ့တာကြောင့် လက်ကျန်ပဲများ သာ ဝယ်လက်အပေါ် မူတည်ပြီးအရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဝယ်ယူမှုအနေ နဲ့ နေ့တိုင်းအဝယ်မရှိဘဲ အဝယ်ရှိတဲ့ရက်မှာ အိတ် ၂၀၀ ကျော်ရောင်းဝယ်ခဲ့ကြ သလို ဈေးနှုန်းကတော့ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေလျက်ရှိတာ ကို တွေ့ရပါ တယ်။ ခင်ဆွေဝင်း
အိန္ဒိယပြည်တွင်း လက်ရှိမိုးပဲစိုက်ရာသီမှာ ပဲတီစိမ်းစိုက်ဧရိယာက ယခင် နှစ်ထက် လျော့ကျနေတဲ့အတွက် တင်သွင်း ပဲတီစိမ်းဈေးအနည်းငယ်တိုးလာခဲ့ပါ တယ်။ ဝယ်လိုအား အသင့်အတင့်ရှိပြီး ပဲဝင်ရောက်မှုပုံမှန်ရှိနေတဲ့ အတွက် ပြည် တွင်းထွက် ပဲတီစိမ်းဈေးကတော့ အပြောင်းအလဲနည်းတာ တွေ့ရပါတယ်။ အင်ဒရာ ပရာဒေ့ရှ်မှာလက်ရှိအချိန်ထိ ပဲတီစိမ်းစိုက်ပျိုးမှုက ယခင်နှစ်ကာလတူထက် ၇ ဒသမ ၈၉ ရာခိုင်နှုန်းလျော့ကျပြီး ဟက်တာ ၃၈၀၀၀ စိုက်ပျိုးထားကြောင်း သိရပါတယ်။ ဇွန် ၂၆ ရက်အထိ တစ်ပတ်အတွင်း မွန်ဘိုင်းဆိပ်ကမ်းကို တန်ဇန်းနီးယား ပဲတီစိမ်း ခွဲခြမ်း ကွန်တိန်နာ ၂၉ လုံး၊ ရိုးရိုးပဲတီစိမ်း ၅ လုံး၊ သြစတြေးလျပဲတီစိမ်း ၅၀ လုံး၊ မြန်မာပဲတီစိမ်း ၃ လုံး အသီးသီးဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၈၁၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၁၉၅ တန်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှု နဲ့နှိုင်းယှဉ်လျှင် ၁၂၈၁ တန် ယခုအပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင် ဈေးမြင့်တက်လျက်ရှိသော်လည်း တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှုမရှိပါဘူး။ ငွေလဲ နှုန်းကြောင့်သာ အနည်းငယ်လျော့နည်းခဲ့တာ ဖြစ်ပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ အရောင်းအဝယ်ဖြစ်မှု လျော့ကျနေ ပါတယ်။ ပြည်တွင်းမှာ လက်ကျန် နည်းလာပြီ ဖြစ်သလို ပြည်ပကလည်း ဝယ်လိုအားနည်းနေပါတယ်။ ဗီယက်နမ်မှ တစ်ဆင့် တရုတ်ကို တင်ပို့မှုလည်း လျော့ကျလာတဲ့အတွက် အရောင်းအဝယ်လည်း လျော့ကျလာကြောင်း သိရပါတယ်။
