Main menu

Background

Sunday, 1 Jul 2012

    အိန္ဒိယပဲစိုက်တဲ့ဒေသတွေမှာ မိုးရွာသွန်းမှု ပုံမှန်အောက်လျော့ကျခြင်းနဲ့ ဝယ်လိုအားကောင်းခြင်းတွေကြောင့် ယခုတစ်ပတ်မှာလည်း အိန္ဒိယမတ်ပဲဈေး ဆက် လက်တိုးလာပါတယ်။ ပြည်တွင်းပဲလက်ကျန်လျော့ကျလာခြင်းနဲ့ အတူ ရူပီးတန်ဖိုး ဆက်တိုက်ကျဆင်းနေတဲ့အတွက်လည်း တင်သွင်းပဲဈေးများ တိုးလာတာ ဖြစ်ပါ တယ်။ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာမိုးနည်းပါးလို့ စိုက်ပျိုးမှုနှေးကွေးလျက်ရှိရာ အင်ဒရာ ပရာဒေ့ရှ်မှာ မတ်ပဲစိုက်ပျိုးမှုက ယခင်နှစ် ကာလတူထက် ၄၅ ဒသမ ၄၅ ရာခိုင် နှုန်း ကျဆင်းပြီး တန်ချိန် ၁၁၀၀ သာရှိပြီး ဂူဂျာရက်မှာ ဟက်တာ ၁၀၀ သာ စိုက်ပျိုးထားပြီးကြောင်း သိရပါတယ်။ ဈေးကွက်ေ တွမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-

Sunday, 1 Jul 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်လိုပဲ ယခုတစ်ပတ်မှာလည်း မတ်ပဲရောင်းဝယ်မှု ဆက်လက် တိုးတက်နေ ပါတယ်။ အိန္ဒိယမှာ လက်ရှိမိုးရာသီမတ်ပဲစိုက်ပျိုးမှု လျော့ကျနေတဲ့အတွက် မြန်မာ မတ်ပဲများ ဝယ်ယူမှု အားကောင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပို့ကုန် ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုးခိုင်မာနေခြင်းကလည်း ပို့ကုန်သမားတွေအတွက် ရောင်း ဝယ်မှုကို အားပေးနေပါတယ်။

Sunday, 1 Jul 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်က တစ်သောင်း အောက်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် မှာ ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်သီတင်း ၂ ပတ်ခန့်ကပြည်ပအဝယ်လျော့ ခဲ့ရာမှ ယခုနောက်ပိုင်းမှာ ဝယ်လိုအား ပြန်ကောင်း လာတဲ့အတွက် တင်ပို့မှု ပြန်တက် လာခြင်းဖြစ်ပါတယ်။

Friday, 29 Jun 2012

    ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်တာကြောင့် ဇွန်အတွင်း တရုတ်ကြက်သွန်ဖြူတင်ပို့အော်ဒါများ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပတင်ပို့မှု မြှင့်တင်ဖို့အစိုးရက ဦးစားပေးမူဝါဒအချို့ကို ထုတ်ပေးနိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ ဇွန်လ ၂၀ ရက်မှာ ပြောကြားပါတယ်။ လတ်ဆတ်ကြက်သွန်ဖြူ တင်ပို့ဈေးက ဇွန် ၁၀ ရက်မှာ တစ်တန် ကန်ဒေါ်လာ ၁၆၈၈ ရှိလို့ ယခင် တစ်နှစ် ထက် ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Friday, 29 Jun 2012

    ရှမ်းနနွင်းကတော့ ခပ်အေးအေးသာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာ တာကြောင့် အဝယ်နည်းနည်းဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ အမှုန့်ကြိတ် ဖို့နဲ့ ပရဆေးအတွက် အရည် အသွေးကောင်းတဲ့ နနွင်းကိုရွေးဝယ်ပြီး ခြင်ဆေးခွေပြုလုပ်ဖို့အတွက် နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။

Friday, 29 Jun 2012

    မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၃၆၅ သန်းတန်ဖိုးရှိ နနွင်းတက် ၂၃၆ တန်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၂၄ တန်ကို ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နနွင်းတက် ၆၂ တန်နဲ့ နနွင်းခေါင်း ၉ တန် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)

Friday, 29 Jun 2012

    အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းကြက်သွန်နီဈေးတည်ငြိမ်စေဖို့အတွက် ပိုမိုသင့် တော်တဲ့ တင်သွင်းချိန် ဇယားချမှတ်ခြင်းဖြင့် ကြက်သွန်နီကုန်သွယ်ရေးအစီအစဉ် များ တိုးမြင့်မယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြားပါတယ်။ ပြည်တွင်းဈေး ကျဆင်းဖို့ ဖိအားဖြစ်စေတဲ့ ပိုလျှံမှုမရှိရအောင် ရိတ်သိမ်းရာသီကျော်လွန်မှသာ တင်သွင်းခွင့်ပြုသွားမှာ ဖြစ်ကြောင်း၊ ဇွန် ၁၅ ရက်မှာ ပြည်တွင်းကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် Gunaryo က ပြောကြားပါတယ်။

Friday, 29 Jun 2012

     မလှိုင်မြို့နယ်အနေနဲ့ ယခုနှစ် ကြက်သွန်နီစိုက်ပျိုးနိုင်မှုမှာ ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခုနှစ် စိုက်ဧက ၃၂၀၀ ကျော်ဖြစ်ပြီး၊ ယခင်စိုက်ဧကမှာ ၃၈၀၀ ကျော်ဖြစ်ပါတယ်။ ယခုနှစ်မှာ စိုက်ဧက လျော့နည်းသလို စိုက်ပျိုးချိန်နဲ့ အပင်ဖြစ်ထွန်းချိန်မှာ အချိန်အခါမဲ့ မိုးရွာသွန်းတဲ့အတွက် အထွက်နှုန်း လည်း ကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ နှိုင်းယှဉ်ပြရင် ယခင်နှစ်ကာလတူမှာ ကြက်သွန်နီ တစ်ပိဿာ (ဂျွန်) ၃၀၀ ကျပ်ရှိပြီး၊ ယခုနှစ်မှာ ဂျွန်တစ်ပိဿာ ၅၀၀ ကျပ်ဖြစ်ပါတယ်။ စိုက်ဧကလျော့နည်းခြင်း၊ အထွက်နှုန်းလည်း  လျော့နည်းတဲ့ အတွက် လှောင်လက်များကြိုက်ဈေးစောင့်နေကြောင်း သိရပါတယ်။ ရဲမြင့်သန်း

Friday, 29 Jun 2012

    ကန်ဒေါ်လာ သုညဒသမ ၀၇၉ သန်းတန်ဖိုးရှိ  မန်ကျည်းမှည့်အစေ့ပါ ၉၉ တန်ခန့်ကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်လျှင်တန် ၄၀ ခန့် အပို့လျော့ခဲ့တယ်လို့သိရပါတယ်။MIRT(DOBT)

Friday, 29 Jun 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ထိုင်းနိုင်ငံကို မန်ကျည်း၂၅တန်နဲ့ စင်ကာပူနိုင်ငံကို မန်ကျည်း ၁၃၂ တန် ကိုသီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန် ၁၀ ရက်မှ ၁၆ ရက်အတွင်းတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် နှစ်ရာ့ခြောက် ဆယ် ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်ရာကျော်အပို့လျော့ခဲ့ပါ တယ်။ FOB ဈေးကတော့ ယခင်တစ်ပတ်ကတစ်တန်ကို ကန်ဒေါ်လာ ငါးရာကျော် ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ကန်ဒေါ်လာ လေးရာ့လေးဆယ်ေ ကျာ်သာ ရှိတာ ကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သောင်းကိုးထောင် ကျော် ရရှိခဲ့ ပါတယ်။                                                  MIRT (DOT)

Pages