Main menu

Background

Sunday, 24 Jun 2012

        ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း အောင်ပန်းမှ နွေချင်းအသစ်များ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ဈေးနှုန်းမှာလည်း တစ်ပိဿာ ချင်း(ရှယ်) ၆၀ဝ ကျပ်၊ (ဂျွန်) ၄၅၀ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ဈေး ၁၀ဝ ကျပ်နှုန်းကျလာ တာ တွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်းပွဲရုံများမှ လက်လီ၊ လက်ကားအဝယ်အပြင်ဧရာဝတီတိုင်းေ ဒသကြီးကို တင်ပို့မှုရှိလို့ ပိဿာချိန် ၃၀ဝ - ၄၀ဝ ကြား အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါ တယ်။ဝင်းဝင်းခိုင်

Sunday, 24 Jun 2012

        အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးမြေရဲ့ ၅၅ရာခိုင်နှုန်းဟာ မိုးရေအပေါ်လုံးဝအားထားနေရတာဖြစ်လို့ မုတ်သုံမိုးဟာ အိန္ဒိယအတွက် အလွန်ပဲ အရေးပါလှပါတယ်။ စိုက်ပျိုးရေးကဏ္ဍကနေ နိုင်ငံစီးပွားရေးရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ဝင်ငွေ တိုးစေတာမှန်ပေမယ့် ကျေးရွာနေ ပြည်သူသန်းပေါင်းများစွာကို စိုက်ပျိုးရေးကဏ္ဍက သက်ရောက်စေပြီး၊ မိုးရွာသွန်းမှုနည်းရင် စားသောက်ကုန် ဈေးနှုန်းမြင့်တက်စေကာ တစ်နိုင်ငံလုံးရဲ့ ငွေကြေးဖောင်းပွမှုကိုလည်း ကြီးမားစေတာကြောင့် မုတ်သုံမိုးက ကျယ်ကျယ် ပြန့်ပြန့်ကို ထိခိုက်စေတာဖြစ်ပါတယ်။

Sunday, 24 Jun 2012

        အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်ပက တင်သွင်းတဲ့ ကုလားပဲဈေးအနည်းငယ်ပိုလာပေမဲ့ ပြည်တွင်း ကုလားပဲဈေး ကတော့ အနည်းငယ်လျော့ကျမှုရှိတာ တွေ့ရပါတယ်။ လတ်တလောမှာ ပြည်တွင်းစားသုံးသူများမှ ဝယ်ယူမှုလျော့တဲ့အပြင် မိုးပဲစိုက်ပျိုးမှု ပိုမိုမယ့် ခန့်မှန်းချက်များအရလည်း ပြည်တွင်းကုလားပဲဈေး အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ပြည်တွင်းမှာ ကုလားပဲက လက်ကျန်တော်တော်လေးနည်းလာပြီဖြစ်လို့ ပြည်ပတင်ပို့မှုမှာလည်း နည်းလာတာဖြစ်ပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန်ချိန် ၃၄၀ဝ ခန့် တင်ပို့မှုရှိခဲ့ရာမှ ဇွန်လ ၄-၈ ရက်အတွင်းမှာတော့ တန်ချိန် ၂၁၀ဝ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ယခုတစ်ပတ် ပြည်ပဲဈေးကွက်အတွင်း ပဲတီစိမ်းအဟောင်းလက်ကျန်များ ဆက် လက် အရောင်းအဝယ်ဖြစ်နေခဲ့ ပါတယ်။ ဈေးနှုန်းကတော့ ယခင်အပတ်အတိုင်း တစ်တင်း ၁၅၅၀ဝ ကျပ်နဲ့သာ ဈေးငြိမ်လျက်ရှိ ပါတယ်။ ရန်ကုန်ဝယ်လက် အဝယ် ရှိပြီး၊ တစ်ခါတစ်ရံမှာ အိတ် ၄၀ဝ ကျော်ထိ အဝယ်လိုက်ကာ ဒေသတွင်း ဝယ်လက် သမားများ အဝယ်အေးနေခဲ့ပါတယ်။ ယခင်နှစ်က ဇွန်လကုန်တွင် ပဲသစ်များ စတင်ဝင်ရောက်ခဲ့ပြီး၊ အဖွင့်ဈေးမှာ တစ်တင်း ၁၅၀ဝ၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူခဲ့ ကြတာကို တွေ့ရပါတယ်။ခင်ဆွေဝင်း

Sunday, 24 Jun 2012

        အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ပြည်တွင်းပဲတီစိမ်းဈေးငြိမ်နေပေမဲ့ မွန်ဘိုင်း၊ ချန်နိုင်းဈေးကွက်မှာ တင်သွင်းပဲတီစိမ်းဈေးလျော့ကျတာ တွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲတီစိမ်းအဝင်ပုံမှန်ရှိနေတဲ့အပြင် အရောင်းအဝယ်ငြိမ်နေတဲ့ အတွက် ဈေးကွက်အများစုမှာ ဈေးငြိမ်နေပါတယ်။ ဒါပေမဲ့ဆိပ်ကမ်းမြို့ ဈေးကွက် တွေမှာတော့ တင်သွင်းပဲတွေ ဆက်တိုက်ရောက်ရှိနေတာကြောင့် ယခုရက်ပိုင်း တင်သွင်းဈေး ကျဆင်းနေပါတယ်။

Sunday, 24 Jun 2012

        ဇွန် ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၃၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း တန် ၃၅၃၀ ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀ဝ ကျော် အပို့ ပိုပါတယ်။ ယခု အပတ်မှာ တစ်ဘက်နိုင်ငံမြေပြင်ဈေး ပြောင်းလဲမှုမရှိသော်လည်း မိမိဘက် မြေပြင် ဈေးကျလျက်ရှိပါတယ်-

Sunday, 24 Jun 2012

        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းကို အရောင်း အဝယ်ပါးနေတာတွေ့ရပါတယ်။ ယခင်လပိုင်းက တရုတ်ဘက်က ဆွဲအားကောင်း ခဲ့လို့ အရောင်းအဝယ်များခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တရုတ် ဝယ်လက်မရှိသလို အိန္ဒိယဘက်ကလည်း အနည်းအကျဉ်းသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ အရည် အသွေးကောင်းတဲ့ ပဲတီရွှေဝါများသာ အဝယ်ရှိလို့ ယခုတစ်ပတ် (ဇွန်လ ၈-၁၄ ရက်) အတွင်း တန် ၁၅၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေထက် လျော့ နည်းလာနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၀ဝ၀ ကျော်တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန် ၄-၈ ရက်) အတွင်းမှာ တန်ချိန် ၅၇၀ဝ ခန့်သာတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယ၊ ဗီယက်နမ်၊ စင်ကာပူစတဲ့ နိုင်ငံတွေကို ပမာဏအနည်း ငယ်စီတင်ပို့တာဖြစ်ပါတယ်။

Sunday, 24 Jun 2012

        ပြည်ပဲဈေးကွက်မှာ ပဲလွန်းဖြူ လက်ကျန် နည်းနေပြီး၊ ပဲဈေးမှာ ယခင် တစ်ပတ်က တစ်တင်း ၁၆၅၀ဝ ကျပ်မှ ယခု တစ်ပတ် ၁၆၀ဝ၀ ကျပ်ထိ ဈေး လျှော့လာခဲ့တာကို တွေ့ရပါတယ်။ ပဲလွန်းဖြူ လက်လီသမားသာ နေ့တိုင်း အဝယ်ရှိပြီး၊ တစ်နေ့ ၁၄-၁၅ အိတ်ခန့် သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မိမိအေး

Pages