Main menu

Background

Friday, 29 Jun 2012

      မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၅၆၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၉၁၅ တန်ကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ တစ်ဖက်အိမ်နီးချင်းတရုတ်နိုင်ငံသို့အပို့ရှိခဲ့ပါတယ်။  ယခင် အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ် လျှင် ၆၁၅ တန်ခန့်လျော့နည်းတင်ပို့ခဲ့တယ်လို့သိရပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်ဈေးမြင့်လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံဈေးကျလျက်ရှိတာ တွေ့ရပါ တယ်။

Sunday, 24 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းအရောင်းအဝယ် နည်းပါးလျက်ရှိပါတယ်။ ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်းမှာ အချို့ ရက်များသာ အရောင်းအဝယ်ဖြစ်ခဲ့လို့ စုစုပေါင်း တန် ၁၁၀၀ ကျော်သာ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်အချို့သာရှိပြီး ပြည်တွင်း မှာလည်း လက်ကျန်မများတော့ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခုတစ်ပတ်လည်း ဆက်လက် ကျဆင်းလာပါတယ်။ ဇွန် ၁၁ ရက်မှ ၁၅ ရက်အထိတစ်ပတ်အတွင်းတန်ချိန် ၂၃၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်ဘက်ကို တင်ပို့ဖို့ ဝယ်လိုအားနည်းလာပြိး အိန္ဒိယကို တင်ပို့မှုအချို့သာရှိတယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန်လ ၁၅ ရက်အထိ ပဲတီစိမ်း စုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၉၁၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာကန်ဒေါ်လာ ၆၇ သန်းကျော်ရရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာ နှစ် ကာလတူမှာ တန်ချိန် ၇၅၀၀၀ ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈၅ သန်းခန့် ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏ ပိုမိုပေမဲ့ ဝင်ငွေလျော့ကျကြောင်း သိရပါ တယ်။MIRT - MAPT

Sunday, 24 Jun 2012

    ပြည်ပဲဈေးကွက်အတွင်း ပဲလွန်းဖြူ ဈေးမှာ ပဲလက်ကျန်နည်းလာခဲ့ပေမယ့် ဈေးနှုန်းအနေနဲ့ ဈေးပြန်မြင့်လာပြီး၊ ပဲတစ်တင်းကို ၁၆၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။အရောင်းအဝယ်ကတော့ နေ့ တိုင်းမဖြစ်ဘဲလက်လီသမားများ အဝယ် ရှိမှသာ ၁၄ အိတ် - ၁၅ အိတ်ခန့် ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။မိမိအေး

Sunday, 24 Jun 2012

    မူဆယ် ၁၀၅ မိုင်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၄၂ တန်ခွဲကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာ  အပို့ရှိခဲ့ပါတယ်။ မိမိဘက် မြေပြင်ဈေးမှာ တစ်တန်ကို ၆၂၅၀၃၃ ကျပ် ရှိနေပြီး ဈေးမြင့်နေပါ တယ်။ တစ်ဖက်နိုင်ငံဈေး သိသိသာ သာ ပြောင်းလဲမှုမရှိဘဲ တစ်တန် ကန် ဒေါ်လာ ၇၄၄ ဒေါ်လာ ရှိနေပါတယ်။                              MIRT - DOBT

Sunday, 24 Jun 2012

    ပြည်တွင်းဈေးကွက်တွေမှာ လက် ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူကို တင်ပို့မှုရော ရောင်းဝယ်မှုပါ လျော့လာ တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန် ချိန် ၇၀၀ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန် ၆၀၀ ကျော်ကို ထပ်မံလျော့ကျ တင်ပို့ ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်အထိ ၂၀၁၂-၁၂ဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ တင်ပို့မှုမှာ တန်ချိန် ၁၂၈၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၉ သန်း ကျော်ရရှိ ကြောင်းသိရပါတယ်။ ယခင်နှစ် ကာလ တူမှာ တန်ချိန် ၉၆၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၆ သန်းကျော်ရရှိ ခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    မြင်းခြံခရိုင်မှာ ပဲစင်းငုံကို အဓိကထား စိုက်ပျိုးခဲ့ရာမှ စိုက်ဧကပေါင်း ၂၈၀၀၀၀ ဧက စိုက်ပျိုးဖို့ လျာထားတဲ့အနက် ၁၁၅၆၀၀ ဧက စိုက်ပြီးခဲ့ပါပြီ။ ဒီလအကုန်မှာ အားလုံးစိုက်ပြီးမယ်လို့ တောင်သူများက ဆိုပါတယ်။ ပဲစင်းငုံဈေး မှာလည်း ယခင်လ ထက် ဈေးအနည်းငယ်မြင့်လာပါတယ်။

Sunday, 24 Jun 2012

    အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြှင့်ခြင်းက ပဲစင်းငုံဈေးနှုန်းထပ်မံ မြင့်တက်စေဖို့ဖြစ်စေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မိုးရာသီအတွင်း ဝယ်လိုအားမြင့်တက်ဖွယ်ရှိပြီး ပြည်ပတင်သွင်းမှုအပေါ်ကို မှီခိုမှု ပိုမိုလာတဲ့အတွက် ပဲစင်းငုံဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ သိရပါတယ်။

Sunday, 24 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံကို ပြည်ပဝယ်လက်အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပ ဝယ်လက်အဝယ်သွက်လျက်ရှိလာတဲ့အတွက် တချို့ကုန်သည်များက လက်ကျန် နည်းလာပြီဖြစ် သလို ဈေးပိုမိုလာ မယ့် ခန့်မှန်းချက်အရ ရောင်းချမှုနည်းလာတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲစင်းငုံလက်ကျန်နည်းနေပြီး တင်ဒါခေါ်ယူမှုများ လည်းရှိလို့ ပြည်ပဝယ်လက် အဝယ်သွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေးအနည်းငယ် လျော့လာရာမှ ယခုတစ်ပတ်မှာ အဝယ်ပြန်လိုက်လာလို့ ဈေးအနည်းငယ် တိုးလာ ခဲ့ပါတယ်။ ပဲထုတ်လုပ်ရာဒေသမှ ပဲအဝင်နည်းပေမဲ့ လက်လီ ဈေးကွက်မှာ ဝယ်လို အားတက်တာကြောင့် လက်ကားဈေးများ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါ တယ်။

Pages