Background
မန္တလေးမြို့ပေါ်ရှိကုန်ဝယ်ဒိုင်၊ ပွဲရုံများသို့ အနယ်နယ်အရပ်ရပ်မှ ပဲတီစိမ်းကြီးများဝင်ရောက်လျက်ရှိပါတယ်။အများ အားဖြင့်ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ ငါန်းဇွန်၊ ရမည်းသင်း၊ ပခုက္ကူ၊ မုံရွာ၊ချောင်းဦးစတဲ့ဒေသများမှဖြစ်ပါတယ်။၂၀၁၄ ခုနှစ် သြဂုတ်လ ပထမအပတ်မှာယခင်အပတ် (ဇူလိုင် လ နောက်ဆုံး ပတ်) ဈေးအောက် အနည်းငယ် ရောက်ပေမဲ့ သိသိသာသာတော့မဟုတ်ပါဘူး။ ယခင်နှစ်ကာလတူဈေးနဲ့ နှိုင်းယှဉ်ပါက များစွာမြင့်တက်ကြောင်း သိရပါတယ်။
မုံရွာကုန်စည်ဒိုင် သြဂုတ်လ ပထမပတ်ပဲဈေးကွက်မှာကုလားပဲမျိုးစုံနဲ့ စိမ်းကြီးဈေးအနည်းငယ်ကျခဲ့ပြီး စွန်တာနီ၊ ပဲကြီး၊ ငုံနီတို့ ဈေးအနည်းငယ် တက်ခဲ့ ပေမယ့် အရောင်းအဝယ် မှန်မှန် အေးအေးသာဖြစ်ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်က သိရပါတယ်။ယခုတစ်ပတ်ပဲတီစိမ်းကြီးဈေးကွက်မှာ နယ်စုံက
ပဲစင်းငုံသီးနှံမှာ ဇွန်လအတွင်း ဈေး ငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု ဇူလိုင်လဆန်းမှစပြီး ပဲစင်းငုံဈေးမှာ မတ်ပဲဈေးကဲ့သို့ဈေးမြင့်လာတာကို တွေ့ ရပါတယ်။ ရန်ကုန်ဝယ်လက်မှ အိတ် ၃၀၀ ကျော် ၄၀၀ ထိ ဝယ်ယူမှုရှိပြီး၊ ပဲအဝင်မရှိပေမဲ့ လက်ကျန် ပဲများရှိတဲ့ အတွက်ရောင်းချမှုရှိခဲ့ပါတယ်။ ပဲစင်းငုံ ဈေးမှာယခုတစ်ပတ် တစ်တင်း ၂၁၀၀၀ ကျပ်မှ ၂၁၂၀၀ ကျပ်ထိ ယခင်အပတ် ထက် ဈေးပိုရနေခဲ့တယ်လို့ သိရပါ တယ်။
မန္တလေးမြို့ပေါ်ရှိ ပဲအရောင်း အဝယ်ပြုလုပ်တဲ့ ပွဲရုံများသို့ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း ၊ ချောင်းဦး၊ မုံရွာစတဲ့ဒေသ များမှ မတ်ပဲအဓိက ဝင်ရောက်လျက် ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ စဉ့်ကူးမြို့နယ် က မတ်ပဲအများဆုံး စိုက်ပျိုးထွက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနဲ့မတ်လများ မှာ မတ်ပဲ တစ်ပိဿာ၁၀၀၀ ကျပ် အောက်မှာသာ အရောင်းအဝယ်ဖြစ် ခဲ့ပြီး၊ ဧပြီလဆန်းပိုင်းမှစပြီး တစ်ပိဿာ ၁၀၀၀ ကျပ်အထက်မှာ အရောင်း အဝယ် ဖြစ်တာ ယခုအချိန်အထိလို့ ဆို ရပေမဲ့ ဇူလိုင်လ တတိယအပတ်မှာ တော့ ယခုနှစ်ရဲ့လက်ရှိအ ချိန်အထိ မှာ တော့ ဈေးအမြင့် ဆုံး ကို ရောက်ေ နပါ တယ်။
ပြည်ပဲမျိုးစုံဈေးကွက်တွင် ယခု တစ်ပတ်မှာ မတ်ပဲနှင့် ပဲစင်းငုံသီးနှံ ဈေးမြင့်လာခဲ့သလို ထောပတ်ပဲသီးနှံ လည်း ဈေးပိုလာ ခဲ့တာ ကို တွေ့ရပါ တယ်။ ပဲကြီး၊ ဘိုကိတ်နဲ့ ပဲပုပ်သီးနှံ များကတော့ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ ဈေး မှာ ယခင်တစ်ပတ်ကတစ်တင်း ၂၅၈၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ရန်ကုန် ဝယ် လက် ဝယ်လိုအားကောင်း လို့ တစ်ရက် အိတ် ၄၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်း ၂၇၃၀၀ ကျပ်မှ
မိုးနည်းပါးတဲ့အတွက် ခရိုင် အတွင်းမှာ ပဲစင်းငုံနီကလွဲလို့ အခြားပဲ ထုတ်လုပ်မှုကျဆင်းနိုင်ဖွယ်ရှိတယ်လို့ ပဲစင်းငုံနဲ့ အခြားပဲ ကို အများဆုံး ရောင်းချတဲ့ ဂူဘာကာပြည်နယ် တောင်သူ များက ခန့်မှန်းကြောင်း သိရပါတယ် ။ ဒေသတွင်း ပဲစိုက်ေ တာင်သူတွေက ဝင်ငွေလျော့ကျမှာကို စိုးရိမ်နေကြသလို စားသုံးသူတွေကလည်း ၎င်းင်းတို့ရဲ့ မရှိမဖြစ်အရေးပါတဲ့ ပဲမျိုးစုံေ ဈးနှုန်းမြင့် တက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါ
ပြီးခဲ့တဲ့ရက်ပတ် ဝါဝင်ကာလမှာ စောင့်ထားခဲ့ကြတဲ့ ဥပုသ်က တောင်သူ နဲ့ ပွဲစားကုန်သည်တွေ ထွက်ခဲ့ကြပေမဲ့ မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်ကတော့ ခုအပတ်ထိ ဥပုသ် ထွက်ဟန်မတူ။ အရောင်းလေးအဝယ်နှေး ဈေးအေးနေ ဆဲ။ ဒီတစ်ပတ် စိမ်းကြီးဈေးကွက်က တော့ တရုတ်အတွက် မန်းလက်ဝယ်လို အားသွက်နေလို့ ဒေသခံ ကုန်သ ည် တွေ ရောင်းချင်အောင် တက်ဈေးပေးခဲ့ရာတစ်တင်း၃၆၅၀၀ကျပ်ကနေ၃၈၅၀၀ ကျပ်ထိ အမြင့်ဈေးပေါက်ခဲ့ပါတယ်။ ဒါေ တာင် ရောင်းလက်မိတ်ပေါတဲ့ ဝယ် လက်တွေသာ ပစ္စည်းရခဲ့ပြီး တစ်ရက် အိတ် ၂၀၀၀ နီးပါး
မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ကုန်သည်၊စက်ပိုင်များကထိန်တော်အသင်း) ရဲ့ ၂၀၁၄ ခုနှစ် ဇွန်လ ပထမအပတ်မှာ ပဲ၊ ပြောင်း၊ နှမ်းများ အရောင်းအဝယ်သွက်လက်လျက်ရှိပါတယ်။ ပြည်ပ(တရုတ်) ဝယ်လက်မှပဲတီစိမ်းကြီး၊ ပဲယင်း၊ ထောပတ် ပဲကြီး၊ နှမ်းမျိုးစုံ နဲ့ ပြောင်းမျိုးစုံမှာအဓိက အရောင်းအဝယ် ဖြစ်တဲ့ သီးနှံများဖြစ်ပါတယ်။
ပြည်တွင်း ပဲမျိုးစုံ ဈေးကွက်မှာ Export ပဲတွေအနက် ပဲတီစိမ်းတစ်မျိုး တည်းသာ တရုတ်ဝယ်လက်က အရည် အသွေးပေါ် မူတည်ပြီး ဈေးကောင်းပေး အဝယ်ရှိတာကြောင့် ဈေးသိသာစွာမြင့်လာပြီး အရောင်းရော အဝယ်ပါသွက်လို့ ဈေးကွက်မှာ ဦးဆောင်နေကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီး (ထိပ်စ) ကို တရုတ်ဝယ်လက်က တစ် ပိဿာ ၂၁၆၉ ကျပ် (တစ်တန်ကို ၁၃၂၈၂၇၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀၀ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါ တယ်။ပခုက္ကူဈေးကွက်မှာ ယခင်အပတ်ကအရောင်းအဝယ်အေးတဲ့ ပဲတီစိမ်းကို ဒီတစ်ပတ်မှာ ရန်ကုန်-မန္တလေး အဆွဲပြန်လိုက် လာတာကြောင့် ဈေးမြင့်လာပြီးတစ်ပိဿာ ၂၀၂၀ ကျပ် (တစ်တန်ကို ၁၂၃၇၀၀၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မုံရွာဈေးကွက်မှာပဲတီစိမ်းအနေနဲ့ ဈေးကွက်သို့ဝင်ရောက်မှုနည်းလာပေမဲ့ အဝင်ရှိ သလောက်တော့ တရုတ် အဆွဲသွက်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေး ကောင်းတာကအခုထွက်တဲ့ပဲက မိုး လွတ်ပြီး အရည် အသွေး ကောင်းတယ် လေ။ ဒါကြောင့် Export အတွက် ဝယ် ယူနေတဲ့ ဝယ်လက်တွေက ဈေးကောင်း ပေး အဝယ်ရှိတာလို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၂၀၉၅ ကျပ် (တစ်တန်ကို ၁၂၈၂၉၅၀ ကျပ်) ဈေးြ ဖင့် နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း၊ပဲတီစိမ်းဈေးကောင်းရလို့ တောင်သူ ရော ကုန်သည်ပါ စီးပွားရေးအရ တွက် ချေကိုက်ေ နကြောင်း ဈေးကွက်အတွင်း မှသိရပါတယ်။
ဇွန်လဆန်း ပြည်ပဲဈေးကွက်မှာ ပဲဈေးများအားလုံး ဈေးအေးအရောင်း အဝယ်အေးခဲ့သလို ပဲစင်းငုံ၊ ပဲကြီးဈေး များ ထပ်မံလျော့ နည်းသွားခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးမှာ တစ်တင်း ၂၄၈၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ပဲ အဝင်မများတော့လို့ လက်ကျန်ပဲများ ပါ ထုတ် ရောင်းချခဲ့ကြတာကို တွေ့ရပါ တယ်။ ပဲဈေး ငြိမ်နေသော်လည်း ရန်ကုန်ဝယ်လက်မှ နေ့စဉ်ပုံမှန်ဝယ်ယူ နေတဲ့အတွက် အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ မတ်ပဲဈေးမှာ ယခုကာလမှာ ယခင် လဆန်းနဲ့ယှဉ်ရင် ဈေးအေးနေခဲ့တယ် ဆိုပေမဲ့ ယခင်နှစ်က ဇွန်လဆန်း ဈေး ထက်တော့ ဈေးပိုရလျက်ရှိပါတယ်။ ယခင်နှစ်က မတ်ပဲဈေးမှာ တစ်တင်း ၁၇၄၀၀ ကျပ်ဖြင့် သာဈေးကောင်း မရ ခဲ့တာကို တွေ့ရပါတယ်။
