Main menu

Background

Wednesday, 20 Jun 2012

    ယခင်နှစ် ဆောင်းရာသီမှာ အအေးလွန်ကဲခြင်းကြောင့် ပြည်တွင်းသီးနှံများ ပျက်စီးခဲ့တဲ့အတွက် ပြည်တွင်း စားသုံးမှု ဖြည့်ဆည်းဖို့ ပဲလိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်းခန့် တင်သွင်းရဖွယ်ရှိတယ်လို့ ဇွန်လ ၃ ရက်နေ့မှာ ပဲတင်သွင်း သူများက ပြောကြားပါတယ်။ ယခင်နှစ် ဆောင်းရာသီက အအေးလွန်ကဲပြီး၊ ပဲသီးနှံရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင် ပျက်စီးခဲ့လို့ ပြည်တွင်း ဝယ်လိုအား ပြည့်မီဖို့ ယခုအခါ တင်သွင်းရမယ်လို့ ပဲတင်သွင်းသူများခေါင်းဆောင်  Anis  Majeed  မှ ပြောကြားပါတယ်။

Wednesday, 20 Jun 2012

    အိန္ဒိယပြည်တွင်းဈေးကွက်အတွင်းမှာ ရူပီးတန်ဖိုးကျဆင်းလို့ တင်သွင်းပဲ ဈေးကြီးမြင့်တဲ့အတွက် ပဲစင်းငုံဈေးလည်း ယခုတစ်ပတ်ဆက်လက်မြင့် တက် နေပါ တယ်။ ပြည်တွင်းပဲစင်းငုံလက်ကျန်နည်းနေတာကြောင့် ပြည်ပပဲစင်းငုံများ ဆက် တိုက်တင်သွင်းလျက်ရှိရာမှာ ရူပီးတန်ဖိုးကျဆင်းနေတဲ့အတွက် တင်သွင်းပဲဈေး မြင့်တက် လာတာဖြစ်ပါတယ်။

Wednesday, 20 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ ရောင်းဝယ်မှု အားကောင်း နေပါတယ်။ ဇွန် ၁ ရက်မှ ၇ ရက်အထိ ပဲစင်းငုံအနီနဲ့ ဖြူနီစုစုပေါင်း တန်ချိန် ၁၂၀၀၀ နီးပါး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်များ ဝယ်လို အားကောင်းနေဆဲဖြစ်ပြီး ပြည်တွင်း ရောင်းလက်များ ဈေးအနိမ့်နဲ့ ရောင်းချမှု အားသိပ်မကောင်းတဲ့ အတွက် အရောင်း အဝယ်ဖြစ်ပေမဲ့ FOB ဈေးတော့ အနည်းငယ် တိုးလာခဲ့ပါတယ်။

Wednesday, 20 Jun 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် ပိုမိုတိုးတက် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၈၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မေ ၂၈ - ဇွန် ၁ ရက်) အတွင်းမှာ တန်ချိန် ၁၄၀၀၀ ခန့်အထိ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ မေလအတွင်းမှာလည်း ပဲစင်းငုံတန်ချိန် ၃၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဧပြီလအတွင်းမှာ တန်ချိန် ၁၄၅၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၁ မေလအတွင်းမှာလည်း ပဲစင်းငုံတန်ချိန် ၁၉၀၀၀ ကျော်သာတင်ပို့မှုရှိခဲ့လို့ ယခုနှစ် မေလမှာ ပိုမိုတင်ပို့မှုရှိခဲ့ပါတယ်။

Wednesday, 20 Jun 2012

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ မတ်ပဲတန် ၁၀၀ ကိုမေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိ ကာလ အတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၈၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် နယ်စပ်မှလည်းကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိမတ်ပဲ ၁၁၇ တန် ကျော် တင်ပို့မှုရှိခဲ့တယ်လို့သိရပါတယ်။ မူဆယ်မှာတော့ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ဈေးများပြောင်းလဲမှုမရှိဘဲ ယခင်အပတ်အတိုင်း မိမိဘက်မြေပြင်ဈေးတစ်တန်ကို ၅၆၇၆၀၀ ကျပ်နဲ့ တစ်ဘက်နိုင်ငံရွှေလီဈေးမှာ ၆၈၂ ဒေါ်လာ ပေါက်လျက်ရှိပါတယ်။                                                                                    MIRT(DOBT)

Wednesday, 20 Jun 2012

    ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၂၂၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှ ၁၂၃၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တာကြောင့် ဈေးအနည်းငယ်မြင့်လာ ပါတယ်။ ဟင်္သာတခရိုင်အတွင်း မြို့နယ်များမှလည်း  ပဲဝင်ရောက်မှုနည်းလာပြီး တစ်ရက် အိတ် ၅၀၀ ခန့်သာ ဝင်ရောက်လျက် ရှိပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများ ရဲ့ ဈေးပေးဝယ်ယူမှု ကြောင့် ပဲစီးဆင်းမှုမှာ တစ်နေ့ပျမ်းမျှ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။                                                  အေးအေးခိုင်

Wednesday, 20 Jun 2012

    အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုတစ်ပတ် အရောင်းအဝယ်အေး တာကြောင့် မတ်ပဲဈေး ငြိမ်နေပါတယ်။ မဟာရပ်ရှတရာရှိ ဈေးကွက်အများစုမှာ ပဲခွဲစက်များနဲ့ ကုန်သည်များမှ ဝယ်လိုအားနည်းတာကြောင့် ပြည်တွင်းမတ်ပဲ ဈေး ရော တင်သွင်းပဲဈေးပါ ဒီတစ်ပတ်လုံးငြိမ်နေပါတယ်။

Wednesday, 20 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး  ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်ပုံမှန်ရှိနေပြီး ပြည်တွင်း ရောင်းလက်များမှ ရောင်းလိုအားများနေတယ်လို့ သိရပါတယ်။ ဈေးအနိမ့်မှာ ပင် ရောင်းချမှုများတာကြောင့် မတ်ပဲ FOB ဈေးမှာ ယခင်တစ်ပတ်ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။

Wednesday, 20 Jun 2012

    ယခုနှစ် မေလအတွင်း မတ်ပဲတင်ပို့မှုက စံချိန်သစ်တင် တိုးတက်ခဲ့ပါတယ်။ ဧပြီလတစ်လလုံးမှာ မတ်ပဲတန်ချိန် ၄၂၀၀၀ ကျော်တင်ပို့ခဲ့ပြီး မေလတစ်လလုံးမှာ တန်ချိန် ၉၀၀၀၀ ကျော်အထိ တင်ပို့မှုမြင့်တက်ခဲ့ ကြောင်းသိရပါတယ်။ ယခင်နှစ် မေလအတွင်းမှာလည်း မတ်ပဲတင်ပို့မှု တန်ချိန် ၈၅၀၀၀ နီးပါးထိမြင့်တက်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ စံချိန်သစ်တင် တိုးတက်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

Wednesday, 20 Jun 2012

    စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှု လျော့ကျဖို့ ဆန်နဲ့အခြားစားသောက်ကုန်များ တင်သွင်းရေး တန်ဇန်းနီးယား အစိုးရက တွန်းအားပေးလာနိုင်တယ်လို့ တန်ဇန်းနီးယားဘဏ် (BOT) မှ ပြောကြားပါတယ်။ စားနပ်ရိက္ခာသီးနှံ ရှားပါးခြင်းနဲ့ ရေ နံ ဈေးမြင့်တက်ခြင်းတို့ကြောင့် အာဖရိကနိုင်ငံအတွင်း ဈေးနှုန်းဖောင်းပွမှုဟာ ၂၄ ရာခိုင်နှုန်း ဝန်းကျင်ရှိနေပါတယ်။

Pages