Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ချင်းခြောက် ၆ တန်ကျော်ကို မေ ၁၆ ရက်မှ ၂၂ ရက် အထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ မြဝတီနယ်စပ်မှ ဒေသထွက်ချင်းများ အခြောက်ခံတင်ပို့ခြင်းဖြစ်ရာ တင်ပို့မှုပမာဏမှာအနည်းငယ်ခန့်သာရှိတာ ဖြစ်ပါ တယ်။ ယခင်အပတ်ကထက် ၄ တန်ကျော်အပို့ပိုခဲ့ပါတယ်။MIRT(DOBT)
အိန္ဒိယဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များ အဝယ်နည်းတာကြောင့် ယခင်တစ်ပတ်ထက် ဈေးဆက်လက် ကျဆင်းခဲ့ပါတယ်။ ရာဂျက်စသန်ဈေးကွက်ကို နွေပဲတီစိမ်းဝင်ရောက်မှု တိုးလာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မဒ္ဒရာပရာဒေ့ရှ် မှာ ရေသွင်းဖို့ အခက်အခဲရှိလို့ ယခုနှစ်အထွက်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။
မေလ ၁၆ မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၆၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၉၈၆ တန်ကျော်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ရာယခင်အပတ်ကထက်တန် ၇၆၀ ကျော်အပို့ပိုမိုခဲ့ပါတယ်။ ပဲတီစိမ်းလုံးပြည့်များသာအပို့ရှိပြီး လုံးခြမ်း တင်ပို့နိုင်မှုတော့ မရှိဘူးလို့သိရပါတယ်။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဖက်နိုင်ငံမြေပြင်ဈေးများ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်းအရောင်းအဝယ် ပိုဖြစ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကိုတင်ပို့ဖို့အရည်အသွေးကောင်းများဝယ်ယူမှုရှိလို့ ယခုတစ်ပတ် (မေလ ၁၈ ရက်-၂၄ ရက်) အတွင်းမှာ တန်ချိန် တစ်သောင်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၉၅၀၀ ခန့်ထက် ပိုမိုခဲ့ပါတယ်။
ယခင်တစ်ပတ်က ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန် ၁၃၀၀၀ ခန့်အထိ တင်ပို့မှုတက်ခဲ့ပြီး ယခုတစ်ပတ်(မေလ ၁၄-၁၈) အတွင်းမှာတော့ တန်ချိန် ၉၂၀၀ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ အစောပိုင်း အပတ်စဉ်တင်ပို့မှု ပမာဏတွေထက်တော့ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၁၈ ရက်အထိ စုစု ပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၅၅၀၀၀ ခန့်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၁ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။
ရာသီဥတုအခြေအနေမကောင်းတာကြောင့် ကုလားပဲအထွက် သိသိသာသာ ကျဆင်းခြင်းနဲ့ ဈေးနှုန်းထပ်မံမြင့်တက်မယ်မျှော် မှန်းပြီး၊ တောင်သူများ သိုလှောင် ထိန်းသိမ်းခြင်းတို့ကြောင့် လက်ရှိရာသီအတွင်း ကုလားပဲဈေးအမြင့်ဘက် ဆက် တက်ဖွယ်ရှိနေပါတယ်။ အခြား လယ်ယာထွက်ကုန်များနည်းတူ ရိတ်သိမ်းကာလ ဖေဖော်ဝါရီမှာ ဈေးနှုန်းကျဆင်းခဲ့ပြီး၊ ရိတ်သိမ်းထွက်ရှိမှု အမြင့်ဆုံးကာလ ဧပြီလ မေလကုန်တွေထိ ဈေးနှုန်းကျဆင်း လေ့ရှိပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရောင်းအဝယ်ဖြစ်မှုနည်းတာကြောင့် ယခင်တစ်ပတ်က ကုလားပဲ ဈေးအေးခဲ့ရာမှ ယခု တစ်ပတ်နှောင်းပိုင်းမှာ ဈေးပြန်မာ လာတာ တွေ့ရပါတယ်။ ရူပီးတန်ဖိုးဆက်လက် ကျဆင်းနေခြင်းကြောင့် ပြည်ပက တင်သွင်းပဲဈေးများ ကြီးမြင့်တဲ့အပြင် ပြည်တွင်းပဲဝင်ရောက်မှု ပုံမှန်ရှိနေတဲ့အတွက် ကုလားပဲဈေးလက်ရှိဝန်းကျင်မှာ အပြောင်းအလဲဖြစ်နေကြောင်း သိရပါတယ်။ မေ ၂၂ ရက်မှာ မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာကုလားပဲဖြူလုံးကြီး ကွန်တိန်နာ ၁၀ လုံး ဝင်ရောက်ကြောင်းသိရပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်း ယှဉ် ဖော်ပြလိုက်ပါတယ်-
ကုလားပဲရိုးရိုးနဲ့ ကုလားပဲဖြူလုံးကြီးများမှာ ရောင်းဝယ်မှုကောင်းသလို၊ တင်ပို့မှု လည်း အားကောင်းနေပါတယ်။ မေ ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲစုစုပေါင်း တန်ချိန် ၆၀၀၀ နီးပါးတင်ပို့မှုရှိခဲ့ပြီး တင်ပို့တဲ့ အဓိကနိုင်ငံတွေ ကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်း များ ဖြစ်တဲ့ မူဆယ်နဲ့ မြဝတီနယ်စပ်ကုန် သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၅၂ တန်ခန့်ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်တင်ပို့မှု ထက် ၁၄ တန် လျော့နည်းတင်ပို့ခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေ ကတော့မူဆယ်မှ ၃၇ တန်ခန့်နဲ့ မြဝတီ မှ ၁၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နဲ့ရွှေလီမြေပြင်ဈေးများ အနည်း ငယ်ကျလျက်ရှိတယ်လို့ သိရပါတယ်-
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၁၃၀၀ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်း မှာတော့ တန်ချိန် ၉၀၀ ခန့်သာတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံများကတော့ အီဂျစ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကိုဖြစ်ပါတယ်။