Main menu

Background

Thursday, 24 May 2012

    ဂရိကိုအီးယူအဖွဲ့မှ ထုတ်ပယ်သွားမယ်ဆိုတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့အတူ အီးယူဒေသစီးပွားရေး အားနည်းလာပြီး ယူရိုငွေ တန်ဖိုးကျဆင်းနေတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ အီးယူဒေသနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်နှေးကွေးလာတာနဲ့အမျှ တာယာအတွက်အသုံးပြုဖို့ ရော်ဘာဝယ်လိုအားနည်းသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေပိုမိုလာရာ ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေက လေးလအတွင်းအနိမ့်ဆုံးကို ထိုးဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။

Monday, 21 May 2012

    မေလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၇၃ တန်ကျော်၊ တန်ဖိုး ၃ ဒသမ ၆၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၇၆၀ ကျော်၊ မလေးရှားကို ၂၃၀ တန်၊ စင်ကာပူကို ၄၂ တန်နဲ့ ပါကစ္စတန်ကို တန် ၄၀ နီးပါး တင်ပို့ခဲ့တာတွေ့ရပါတယ်။

Monday, 21 May 2012

    ဟင်္သာတဈေးကွက်အတွင်း အစေ့ထုတ်ပြောင်းဈေးဟာ စပေါ်ခါစ ဧပြီ လဆန်းပိုင်းက ပိဿာ ၂၀ ဝင် တစ်တင်း ၅၂၀၀ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပါတယ်။ ဧပြီ လကုန်ပိုင်းမှာ ၅၄၀၀ ကျပ်၊ မေပထမပတ်မှာ ပြောင်း တစ်တင်း ၅၇၀၀ ကျပ်၊ ယခု မေဒုတိယပတ်မှာ ပြောင်းစေ့တစ်တင်း  ၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ပြုလုပ်နေကြပြီး၊ ဈေးဆက်မြင့်ေ နကြောင်း တွေ့ရပါတယ်။ အစေ့ထုတ်ပြောင်း သီးနှံများလည်း ဟင်္သာတဈေးကွက်အတွင်းသို့ အဝင်လှိုင်လာပြီး တစ်ရက် အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားအထိ အရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ ရန်ကုန်ဝယ်လက်အစာစပ်လုပ်ငန်းရှင် နဲ့ကုန်သည်ကြီးများရဲ့ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။အေးအေးခိုင်

Monday, 21 May 2012

    ကယားပြည်နယ် လွိုင်ကော်ခရိုင်မှာ တောင်သူများ အစေ့ထုတ်ပြောင်းစိုက်ဖို့ မြေဧက ၁၅၀၀၀ ကျော် မြေပြင်ပြီးဖြစ်သော်လည်း ရာသီဥတုအခြေအနေအရ မိုးရွာသွန်းမှုနည်းပါးတာကြောင့် မိုးသီးနှံအစေ့ထုတ်ပြောင်းနဲ့ ပဲစင်းငုံကို စိုက်ပျိုး နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Monday, 21 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၅၄၇ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၉ တန်ကိုမေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၄၂၃၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

Monday, 21 May 2012

    မေ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၇၈၄ တန်၊တန်ဖိုးဒေါ်လာ သုည ဒသမ ၄၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တင်ပို့မှုရှိသည်ဆိုရုံသာရှိခဲ့တဲ့အတွက် အဆပေါင်းများစွာ သာလွန်တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ ဗီယက်နမ်ကို တန် ၇၄၀ နဲ့ စင်ကာပူကို ၁၀၄၀ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။

Monday, 21 May 2012

         အရည်အသွေးကောင်းနနွင်းကို ပြည်ပတင်ပို့သူများနဲ့ ပြည်တွင်းဝယ်လက်များမှဝယ်ယူမှုရှိလို့ မေလ ၁၆ ရက်မှာ တစ်တန် ကို ရူပီး ၁၀၀၀-၁၅၀၀(ကန်ဒေါ်လာ ၁၈ ဒသမ ၄၂ - ၂၇ ဒသမ ၆၄) ပိုမိုလာတယ်လို့ သိရပါတယ်။ လက်ကျန်ရဲ့  ၇၀ ရာခိုင်နှုန်းရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့သူများက အရည်အသွေးကောင်း နနွင်းကို ပိုကြိုက်ကြပြီး အရည် အသွေးကောင်း နနွင်းအားလုံးနီးပါး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

Monday, 21 May 2012

    ယခုရက်ပိုင်း ကျောက်ဆည်နယ်ထွက် နနွင်းတက်များ အရောင်းအေးပြီး ဈေးကျလာတယ်လို့ သိရပါတယ်။ ယမန်နှစ်က တစ်ပိဿာ ၂၈၀၀ ကျပ်- ၃၀၀၀ကျပ်ဈေးနဲ့ အဝယ်လိုက်ဈေးကောင်းရခဲ့သလောက် ဒီနှစ်မှာတော့ အနည်းငယ်သော တရုတ် ဝယ်လက်သာရှိခဲ့တဲ့အတွက် ဈေးအေးနေပါတယ်။

Monday, 21 May 2012

    နနွင်းခြောက်တွေကတော့ အဝင်များနေပါတယ်။ အဝင်များပေမဲ့ ရောင်းအားကတော့ သိပ်မကောင်းလာ ပါဘူး။ ပြည်တွင်း သုံးအတွက်သာ ဝယ်နေတာကြောင့် ဈေးကလည်းသိပ်မကောင်းပါဘူး။ ဟိုပုံးအရည်အသွေး ကောင်းတဲ့ ဟိုပုံးနနွင်း ကတော့ မူဆယ်ဝယ်လက်တွေအဝယ်ရှိစဉ်က တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးထိ ရခဲ့ပေမဲ့ ယခုလောလောဆယ်မှာ တော့ တစ်ပိဿာ ၁၀၀၀ ကျပ် အောက်ဈေးသာရှိပါတယ်။

Monday, 21 May 2012

    မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၂၈ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၁ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ နနွင်းတက် ၃၀၂ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်က တင်ပို့မှုနဲ့ သိပ်ကွာဟမှုမရှိတာတွေ့ရပါတယ်။MIRT(DOBT)

Pages