Main menu

Background

Monday, 21 May 2012

    မေ ၉ ရက်မှ ၁၅ ရက်ထိ  ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၄၇ တန်နဲ့ မန်ကျည်းစေ့ ၁၅ တန်ကျော်ကို မြဝတီနဲ့ စစ်တွေနယ်စပ်စခန်းများမှ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် မန်ကျည်းမှည့် (အစေ့ပါ) ၃၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)

Monday, 21 May 2012

    မေ ၆ ရက်မှ ၁၂ ရက် တာကာလအတွင်း မန်ကျည်း ၁၀၇၈ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ နိုင်ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေက အိန္ဒိယနိုင်ငံကို တန် ၂၀၀၊ အင်ဒိုနီးရှားနိုင်ငံကို ၃၄၉ တန်၊ မလေးရှားနိုင်ငံကို ၁၇၁ တန်နဲ့ စင်ကာပူနိုင်ငံကို ၃၅၈ တန်အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်မန်ကျည်းတင်ပို့မှုက တန်ချိန် ငါးရာကျော်ရှိခဲ့ ပါတယ်။ ယခင် FOB  ဈေးတစ်တန်ကို ကန်ဒေါ်လာ ၄၆၀ ကျော်ရရှိခဲ့တဲ့ မန်ကျည်း ကဒီတစ်ပတ်မှာ ကန်ဒေါ်လာ ၄၉၀ ကျော်ရရှိခဲ့ပါတယ်။       MIRT (DOT)

Monday, 21 May 2012

    အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) က အဝင်များနေပါတယ်။ တီကျစ်၊ နောင်တရားစတဲ့နယ်တွေက ချင်းတွေအဝင်များ လာပြီး၊ တစ်ရက်ပိဿာချိန် ၁၀၀၀၊ ၂၀၀၀ ခန့် ဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။ ဒီတစ်လမှာ ချင်းထိုးသမားေ တွက လည်း အော်ဒါနည်းတာကြောင့် ယခင်လလောက်တောင် အရောင်းမသွက်ဘဲ၊ ခပ်အေးအေးသာ ရောင်းနေရတယ် လို့လည်း ဆိုပါတယ်။

Monday, 21 May 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး၊ အဝင်မှာ အောင်ပန်းဖက်မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၇၀၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်နဲ့ ပုံမှန်ဈေးရှိပြီး၊ ဈေးကွက်အတွင်း ပိဿာချိန် ၂၀၀ ခန့် အရောင်းအဝယ်ရှိနေပါတယ်။ ဈေးကွက်က တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို စားသုံးမှုအဖြစ်ပိဿာချိန် ၁၈၀ ခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်

Monday, 21 May 2012

    ပါကစ္စတန်နိုင်ငံအတွင်း ကုလားပဲလက်ကားဈေးဟာ ယခင်တစ်ပတ်က တစ် ကီလို ရူပီး ၁၁၀(တစ်တန် ကန်ဒေါ်လာ ၁၂၁၀)ထိ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မေလ ၁၁ ရက်မှာ အနည်းငယ်ကျဆင်းခဲ့ပေမယ့် တစ်ကီလို ရူပီး ၁၀၀ (တစ်တန် ကန်ဒေါ်လာ ၁၁၀၀)အထိ ရှိနေဆဲဖြစ်ပါတယ်။

Monday, 21 May 2012

    မုံရွာကုန်စည်ဒိုင် မေလလယ်ကုလားပဲဈေးကွက်မှာ ပစ္စည်းလက်ကျန်လျော့ နည်းလာတဲ့အတွက် ရောင်းလိုအားနည်းနေကာ ဝယ်လိုအားကတော့ ဆက်လက် ကောင်းမွန်နေဆဲဖြစ်လို့ ဈေးမာနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲမျိုးစုံ တစ်တင်းပေါက်ဈေး အနိမ့်အမြင့်နဲ့ အရောင်းအဝယ် ဖြစ်မှုအခြေအနေကို လေ့လာကြည့်တဲ့အခါ V2  အနေနဲ့ အမြင့်ဆုံး ၁၉၅၀၀ ကျပ်ထိ ပေါက်ခဲ့ပြီး၊ အနိမ့်ဆုံး ၁၉၂၀၀ ကျပ်သာ ဖြစ်ခဲ့ကာ ရန်ကုန်ဝယ်လက်တွေ တစ်လ နီးပါးနေ့စဉ် ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ်  ၁၅၀၀ ဝန်းကျင်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 21 May 2012

    ယခုတစ်ပတ်အတွင်း အိန္ဒိယကုလားပဲလက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအား နည်းတာကြောင့် ကြိုပွိုင့်ဈေးပါ အနည်းငယ်ကျဆင်းခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း နေ့စဉ်ဈေးကွက်ကို ဝင်ရောက်မှု အနည်းငယ် လျော့ကျ ခဲ့ကြောင်း သိရပါ တယ်။

Monday, 21 May 2012

    ပင်လယ်ရေကြောင်းက ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်သိသိသာသာပိုလာ ခဲ့ပါတယ်။ယခင်တစ်ပတ်က တန်ချိန် ၂၄၀၀ ကျော်သာရှိရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၆၅၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 21 May 2012

    အိန္ဒိယနိုင်ငံမှာ ပရိုတိန်းပြည့်ဝတဲ့ပဲကို ဝယ်လိုအားမြင့်တက်ခြင်းနဲ့ ှ၎င်းင်းရဲ့ကျန်းမာရေးတန်ဖိုးတို့ကြောင့် ပဲနှစ်စဉ်စားသုံးမှု ကြီးထွားလျက်ရှိနေပါတယ်။ နိုင်ငံအတွင်း ပဲမျိုးစုံရောင်းချမှုနဲ့ ဝယ်လိုအားကွာဟမှုလျော့ကျစေဖို့ နိုင်ငံအတွင်း ထုတ်လုပ်မှု မြှင့်တင် လျက်ရှိရာ ၂၀၀၆-၀၇ မှာ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁၄ ဒသမ ၀၆ သန်းရှိရာမှ ၂၀၁၀-၁၁ မှာ တန်ချိန် ၁၈ ဒသမ ၂ သန်းကို လေးနှစ်အတွင်း တန်ချိန် ၄ ဒသမ ၁၄ သန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

Monday, 21 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို လွန်ခဲ့တဲ့ရက်အတွင်း နွေပဲတီစိမ်းတွေ ဝင်ရောက်မှုတိုးလာပြီး ဝယ်ယူမှုနည်းတာကြောင့် ယခင်တစ်ပတ်ထက်ဈေးကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းထပ်မံဝင်ရောက်မှု တိုးလာခဲ့ရင် လာမယ့်ရက်တွေမှာ ဈေးဆက်လက်ကျ ဆင်းဖွယ်ရှိတယ်လို့လည်းကုန်သည်များကဆိုပါတယ်။

Pages