Background
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်တွင်း အရောင်းအဝယ်သွက်နေပြီး၊ အောင် ပန်းမှ ပိဿာ ၃၀ ဝင်အိတ်၊၂၅၀ ခန့်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ တစ်ပိဿာ ကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း(ဓါးလှီး) ၇၅၀ ကျပ်တို့နဲ့ ပုံမှန် ဈေးရှိပြီး၊ ဈေးကွက်အတွင်း နေ့စဉ် ပိဿာချိန် ၃၅၀ ခန့် ပုံမှန်အရောင်း အဝယ် ဖြစ်နေပါတယ်။ ဈေးကွက်မှ တစ်ဆင့်ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ်နေ့စဉ် ပိဿာချိန် ၄၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
အိန္ဒိယအစိုးရဟာ ပဲမျိုးစုံတင်ပို့မှုပိတ်ထားတာကို နောက်ထပ်တစ်နှစ် သက် တမ်း တိုးခဲ့ပါတယ်။ ဒါပေမယ့် ကာဘူလီကုလားပဲဖြူလုံးကြီးနဲ့ အော်ဂဲနစ်ပဲ တင်ပို့မှု ကိုတော့ ခွင့်ပြုထားပါတယ်။ ပဲမျိုးစုံပြည်ပတင်ပို့မှုကို ၂၀၀၆ ခုနှစ်မှာ ၆ လအတွက် တားမြစ်ခဲ့ပေမယ့် တစ်နှစ်ပြီး တစ်နှစ်သက်တမ်းတိုးလာခဲ့ပါတယ်။
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ် မှာ ပဲသစ်များဝင်ရောက်မှုများလာတဲ့အတွက် တစ်တင်း ၁၅၇၀၀ ကျပ်နဲ့သာ အရောင်းအဝယ်ရှိခဲ့ပါတယ်။ ပဲသစ်များမှာ ပန်းတောင်း၊ ကံမမှ အဝင်များကြောင်း သိရပြီး၊ တစ်နေ့အိတ် ၅၀၀-၆၀၀ ခန့် အဝင်ရှိခဲ့ပါတယ်။ ရခိုင် ပြည်နယ်မှ အဝယ်ရှိသလို ဒေသတွင်းခွဲစက်သမားများမှလည်း ပုံမှန်အဝယ်ရှိတဲ့ အတွက် တစ်နေ့အိတ် ၄၀၀-၅၀၀ ခန့်ရောင်းအားရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း
အိန္ဒိယပြည်တွင်းလက်ကားဈေးကွက်တွေမှာ ဝယ်လိုအားနည်းလို့ ကုလားပဲ ဈေးကျဆင်းခဲ့ပါတယ်။ ကြိုပွိုင့်ဈေးအနည်းငယ်ကျဆင်းခြင်းနဲ့ ဈေးနှုန်းမြင့်တက် ခြင်းကို လျှော့ချဖို့ အစိုးရရဲ့ ကြားဖြတ်ဝင်ရောက်လာနိုင်တဲ့ သတင်းများကြောင့် လက်ငင်းရောင်းဝယ်မှုအနည်းငယ်လျော့ကျလာတယ်လို့ သိရပါတယ်။ ဒေလီဈေး ကွက်ကို ထရပ်ကား ၄၀-၄၅
ကုလားပဲဖြူလုံးကြီးကိုပါကစ္စတန်နဲ့ အိန္ဒိယဝယ်လက်တွေ အဝယ်ရှိနေလို့ ယခု တစ်ပတ်မှာလည်း ပုံမှန်တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၆၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ်(မတ်လ ၁၉-၂၃ ရက်)အတွင်း မှာ တန် ၃၀၀၀ ခန့် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ ကုလားပဲ စုစုပေါင်း တင်ပို့နိုင်မှု တန်ချိန် ၇၆၀၀၀ နီးပါးရှိပြီးကန်ဒေါ်လာ၆၃ သန်း ကျော်ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။
အိန္ဒိယရဲ့အဓိကအစားအစာထဲမှာ ပဲမျိုးစုံက ဈေးကြီးမြင့်နေပါတယ်။ ပြောင်းလဲမှုမရှိ စိုက်ပျိုးကြတဲ့ တောင်သူတွေဟာ ပုံမှန်အတိုင်းစိုက်ပျိုးလို့ အထွက် တိုးတက်မှုမရှိခဲ့ကြပါဘူး။ ဒါကြောင့်လည်း အိန္ဒိယမှာ စိုက်ပျိုးထွက်ရှိမှုက စားသုံးမှု ထက် လျော့နည်းလျက်ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်မတိုင်မီ အချိန်တွေက နှစ်စဉ်ထုတ်လုပ်မှု တန်ချိန် ၁၄ ဒသမ ၅ သန်းကျော်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းကို ဝယ်လိုအားပါးနေပေမဲ့ ရူပီးတန်ဖိုးကျဆင်းနေတာကြောင့် ပဲတီစိမ်းဈေးက ယခုတစ်ပတ်မှာလည်း တည်ငြိမ်နေတာတွေ့ရပါတယ်။ ပြည်တွင်းပဲတီစိမ်းအထွက်ပိုခဲ့လို့ လက်ကျန်ရှိနေသေးတဲ့အပြင် ပြည်ပက အရည်အသွေးကောင်း ပဲတီစိမ်းများလည်း တင်သွင်းမှုရှိနေလို့ ဈေးကွက် တွေမှာ လက်ကျန်တွေ အလုံအလောက်ရှိနေသေး
မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုညဒသမ ၁၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၅၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း တန် ၂၀ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ထက်ဝက်ကျော်ခန့် လျော့နည်း တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ယခင်သီတင်းပတ်က ပဲတီရွှေဝါဈေးကောင်းခဲ့ပြီး ယခုတစ်ပတ်မှာ ဈေးအေးလာခဲ့သလို အရောင်းအဝယ်ဖြစ်မှုလည်း ယခင်တစ်ပတ်ထက် လျော့ကျတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ ခန့် စာချုပ်အရောင်းအဝယ်ရှိခဲ့ပြီး ယခုမတ်လ ၂၃-၃၀ ရက်အတွင်းမှာတော့ ပဲတီရွှေဝါ၊ ပဲတီစိမ်း၊ ခွဲခြမ်းစုစုပေါင်း တန်တစ်သောင်းနီးပါးသာ FOB အရောင်း အဝယ်စာချု ပ်နိုင်တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ဆက်လက်အားကောင်းနေပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၄၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့သလို ယခုတစ်ပတ် (မတ်လ ၁၉-၂၃ ရက်) မှာလည်း တန်ချိန် ၁၃၅၀၀ နီးပါး တင်ပို့နိုင်တာ တွေ့ရပါ တယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်နေ့အထိ ပဲတီစိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၄၀၀၀၀ကျော်ရှိပြီး
