Background
အိန္ဒိယနိုင်ငံ နာပါမှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုမှ တရုတ် ကြက်သွန်ဖြူတွေမှာ အဆိပ်ဖြစ်စေတဲ့ မှိုပါဝင်ကြောင်း စမ်း သပ် တွေ့ရှိပြီးနောက်တရုတ်ကြက်သွန်ဖြူများကို ဖျက်ဆီးဖို့ တရားရုံးမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ ယင်းကြက်သွန် ဖြူဟာလူစားသုံးရန်မသင့်တော်ကြောင်းနဲ့ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေကြောင်း၊
အိန္ဒိယဈေးကွက်အချို့ကို နနွင်းဝင်ရောက်မှု ပိုမိုများပြားလာလို့ နနွင်းဈေးကျဆင်းပေမဲ့ အရည်အသွေး ကောင်း နနွင်း ကတော့မတ်လ ၁၄ ရက်မှာ ဈေးပိုရတယ်လို့သိရပါတယ်။ အီရော့နဲ့ သမဝါယမအသင်းဈေးဝင်းမှာ နနွင်း ၂ မျိုးလုံး တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၈၇) ကျဆင်းပေမဲ့ အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာတော့ ဈေးပိုမိုခဲ့တယ်
နနွင်းဈေးကွက်ကတော့ နည်းနည်းလှုပ်လာပါတယ်။ ဟိုပုံးနနွင်းဈေးကွက်မှာ မိုင်းပွန်၊ ပင်လုံဘက်က မျိုးသမားတွေ အဝယ်လိုက်တဲ့အတွက် ဈေးတက်လာပါတယ်။ နနွင်းအစိုတစ်ပိဿာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိပါတယ်။ နနွင်းခြောက် ဈေးကတော့ မူဆယ်ဘက်ကအဆွဲရှိလို့ ဒီတစ်ပတ်မှာဈေးထပ်တက်လာပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်း တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၁၇၃ တန်နဲ့ မြဝတီနယ်စပ်မှ ဒေသထွက် နနွင်းတက် (နနွင်းခေါင်း) ၅ တန် ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းဖိုးကို မတ်လ ၇ ရက်မှ ၁၃ ရက်ကာလအတွင်း တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် တန် ၈၀ ဝန်းကျင် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။MIRT (DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလအတွင်း နနွင်း တင်ပို့မှုက ၁၅ တန်ရှိခဲ့ပြီး ဇန်နဝါရီလ နနွင်းတင်ပို့မှုက ၃၆ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူဖြစ်တဲ့ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ နနွင်းတင်ပို့မှု တန်ချိန် ၇၆ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့မှုက ယခင်နှစ် ဖေဖော်ဝါရီလ တင်ပို့မှုထက်အားလျော့ခဲ့ပါတယ်။ MIRT (DOT)
ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်များမှာ ပေါ်စအချိန်က အစေ့လွတ် တစ်ပိဿာ ၁၂၀၀ ကျပ်ရှိရာမှ လှိုင်လှိုင်ပေါ်ချိန်မှာတော့ ဈေးကျဆင်းလာတာကို တွေ့ရပါတယ်။ ယခုလအတွင်း အိမ်သုံးတစ်နှစ်စာ ၃ ပိဿာ မှ ၅ ပိဿာအထိ ဝယ်ယူသိုလှောင်သူများကြောင့် အရောင်းသွက်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာတော့ မန်ကျည်းမှည့် အစေ့လွတ် တစ်ပိဿာ လက်ကား ၈၀၀ ကျော်နဲ့ လက်လီ ၁၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ အိဆွေဇင်
မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များ ဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီးနဲ့ စစ်တွေနယ်စပ်စခန်းများမှ ကန်ဒေါ်လာသုည ဒသမ ၃၂၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ)နဲ့ မန်ကျည်းစေ့ တန် ၄၄၀ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် အပို့လျော့ခဲ့သော်လည်း မူဆယ်နဲ့ စစ်တွေနယ်စပ်များအပြင် ကန်ပိုက်တီးမှပါ
ပြည်ပဈေးကွက်ကို မန်ကျည်းတင်ပို့မှုက မတ်လ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ၁၈၈၂ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန် တွေကတော့အင်ဒိုနီးရှားနိုင်ငံကို ၉၆ တန်၊ မလေးရှားနိုင်ငံကို ၆၀၀ တန်၊ ပါကစ္စတန် နိုင်ငံကို တန်ချိန် ၈၆၀၊ စင်ကာပူနိုင်ငံကို ၁၉၃ တန်၊ ဗီယက်နမ်နိုင်ငံ ကို ၁၂၅ တန်နဲ့ ရီမန်နိုင်ငံကို ၈တန်ဖြစ်ပါတယ်။
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး အဝင်မှာ အောင်ပန်းမှပိဿာ ၃၀၀င်အိတ်၊ ၂၀၀ခန့်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ တစ်ပိဿာ ကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း(ဓားလှီး) ၇၅၀ ကျပ်တို့နဲ့ ပုံမှန် ဈေးရှိကာ ဈေးကွက်အတွင်းတစ်နေ့ ပိဿာချိန် ၂၀၀ ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှုအဖြစ် နေ့စဉ်ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ် လို့လည်း သိရပါတယ်။ ဝင်းဝင်းခိုင်
ယခုတစ်ပတ် ဟိုပုံးချင်းဈေးတက်လာပါတယ်။ ချင်းခြောက်ပြုလုပ်ဖို့အတွက် အဝယ်လိုက်လာပါတယ်။ ပြုတ်ချင်းပြုလုပ်ဖို့အတွက် ချင်းစိုကိုတစ်ပိဿာ ၃၀၀ ကျပ်ပေးပြီး ဝယ်နေတယ်လို့သိရပါတယ်။ ချင်းစို (အခက်သေး)မှာ တစ်ပိဿာ ၃၀၀ ကျပ်နဲ့အထက်မှာဈေးရှိနေပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၆၀၀ ကျပ်၊ ၁၇၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ အရောင်းအေးနေပါသေးတယ်။ ချင်း (ဖြူ/ကြီး) တစ်ပိဿာ ၃၃၀ ကျပ်၊ ၃၄၀ ကျပ်၊ ချင်း (နီစ/လှ)တစ်ပိဿာ ၃၅၀ ကျပ်၊ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်၊ ၁၆၀၀ ကျပ်ဈေး ရှိပါတယ်။ လက်လီအရောင်းသာရှိပြီး တစ်ပတ်အတွင်း ပိဿာချိန် ထောင်ဂဏန်း လောက်သာ အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။ှံ့