Main menu

Background

Friday, 23 Mar 2012

    အိန္ဒိယနိုင်ငံရဲ့ပဲမျိုးစုံထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် အိန္ဒိယပဲမျိုးစုံ သုတေသန တက္ကသိုလ် (IIPR) နဲ့ နိုင်ငံတော် စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ ပဲမျိုးစုံ (NFSM-Palser) အစီအစဉ်အောက်မှာရှိတဲ့ နိုင်ငံတော်ပိုးမွှား စုပေါင်းကာကွယ် ထိန်းသိမ်း ရေးစင်တာ (NCIPM)တို့နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ

Friday, 23 Mar 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခု တစ်ပတ်တွင် တစ်တင်း ၁၆၂၀၀ ကျပ်ဖြင့် အရောင်း အဝယ်ရှိခဲ့ပါတယ်။ ပြည်ဈေးကွက်သို့ အောင်လံမှ တစ်နေ့တင်း ၁၀၀၀ ခန့် အဝင်ရှိ ခဲ့ကြောင်းသိရပါတယ်။ အဝင်ရှိသလောက် အဝယ်ရှိကြောင်းသိရပါတယ်။ မြို့ပေါ် ခွဲစက်နဲ့ ရန်ကုန်ရှိခွဲစက်သမားများမှ အဝယ်ရှိတဲ့အတွက်တစ်နေ့အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။လွင်လွင်ဆန်း

Friday, 23 Mar 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုနည်းပြီး ဝယ်လိုအား တက်နေတာကြောင့် ကုလားပဲဈေးက အမြင့်ဘက်ဆက်လက်ချီတက်နေပါတယ်။ လက်ငင်းဈေးကွက်မြင့်တက်ခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်း မြင့်တက်လာခဲ့ရာ NCDEX  ကုလားပဲဖြူလုံးကြီး ကြိုပွိုင့်ဈေးကွက်မှာ ဧပြီလစာချုပ်ဈေးဟာ ၁ ဒသမ ၀၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဝယ်လိုအားကောင်းပြီး အထွက် လျော့ကျတာကြောင့် လာမယ့်ရက်တွေမှာလည်း ကုလားပဲဈေးဆက်လက်မြင့်တက် ဖွယ် ရှိကြောင်း ခန့်မှန်းကြပါတယ်။

Friday, 23 Mar 2012

    ကုလားပဲကို ပြည်ပဝယ်လက်များ အဝယ်သွက်နေလို့ တင်ပို့မှုစံချိန်တင်လာ တာ တွေ့ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ကုလားပဲအထွက်လျော့ကျတာ ကြောင့် ဝယ်လိုအားတက်နေတဲ့အတွက် ယခုတစ်ပတ် (မတ်လ ၅-၉ ရက်) အတွင်း တန်ချိန် ၃၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ရန်ကုန်  FOB ဈေးကွက်မှာလည်း မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်း ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်းတန်ချိန် ၆၇၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Friday, 23 Mar 2012

    ပါကစ္စတန်နိုင်ငံ ကရာချိ လက်လီလက်ကားဈေးကွက်များမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပဲမျိုးစုံဈေးနှုန်း ဆက်တိုက် မြင့်တက်နေတာကြောင့် စားသုံးသူများအတွက် ဈေးနှုန်းဖိစီးမှုဖြစ်ပေါ်နေပါတယ်။ ပါကစ္စတန်ငွေကြေး တန်ဖိုး ဆက်လက် ကျဆင်းခြင်းကြောင့် တင်သွင်းပဲဈေးက မြင့်တက်လာခဲ့ပါတယ်။ Jodia   ဈေးမှာ တင်သွင်းပဲတွေရဲ့ ဈေးနှုန်းဟာ

Friday, 23 Mar 2012

    မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှသာ ကန်ဒေါ်လာ သုညဒသမ ၁၈၂ သန်းတန်ဖိုးရှိပဲတီစိမ်းလုံးပြည့် ၂၅၈ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန် အပို့ရှိခဲ့ပါတယ်။

Friday, 23 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲတီစိမ်း၊ ပဲတီရွှေဝါရောင်းဝယ်မှု အားကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်မှုထက် အနည်းငယ်လျော့ပေမဲ့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်းမှာ တန်ချိန် ၁၅၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက် အဝယ်သွက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ရန်ကုန် FOB ဈေးမှာ အခြားပဲဈေးများနဲ့မတူ ဈေးကျဆင်းခဲ့တာ တွေ့ရပါတယ်။ မတ်လ ၉ ရက်က FAQ အညာရွှေဝါနဲ့ ပခုက္ကူမှာ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ရွှေဝါအကြီး မှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိရာမှ မတ်လ ၁၆ ရက်မှာ FAQ အညာနဲ့ ပခုက္ကူမှ ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၇၈၀-၈၀၀ ကို လျော့ကျခဲ့ကြောင်း သိရပါတယ်။                                                                          MIRT - MAPT                                        

Friday, 23 Mar 2012

    ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုကတော့ ယခုတစ်ပတ်လည်းဆက်လက်အားကောင်းနေပါတယ်။ မတ်လ ၅ ရက်မှ ၉ ရက် အတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၁၂၀၀၀ ခန့်တင်ပို့နိုင်ခဲ့လို့ ပဲအားလုံးထဲမှာ အပတ်စဉ် ပမာဏ ပိုမိုတင်ပို့မှုရှိနေပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၉ ရက်အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၁၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၈၅ သန်းကျော်ရှိလို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ ပမာဏတန်ချိန် ၂၄၅၀၀၀၊ ဝင်ငွေ ကန်ဒေါ်လာ ၂၇၃ သန်းနဲ့ နှိုင်းယှဉ်ရင် ပမာဏမှာ တန်ချိန် ၇ သောင်းနီးပါး ပိုမိုတင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိ တင်ပို့မှုအနေအထားအရ ယခုဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ ပဲတီစိမ်းတန်ချိန် ၃၅၀၀၀၀ ဝန်းကျင် တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။  MIRT - MAPT

Friday, 23 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုညဒသမ ၀၅၆ သန်း တန်ဖိုးရှိ ပဲလွန်း ဖြူ ၇၄ တန်ကိုမတ်လ ၇ရက်မှ၁၃ ရက် ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် ၈၄ တန် တင်ပို့မှုလျော့ နည်းခဲ့ရပါတယ်။

Friday, 23 Mar 2012

    နိုင်ငံတော်တော်များများက ဝယ် လိုအားရှိနေတဲ့ ပဲလွန်းဖြူကို ယခုတစ် ပတ်လည်း အရောင်းအဝယ် သွက်ပြီး တင်ပို့မှုပိုနေတာ တွေ့ရပါတယ်။ ယခင် တစ်ပတ်က ပင်လယ်ရေကြောင်း တင်ပို့ မှု တန် ၁၄၀၀ ကျော်ရှိပြီး ယခုတစ်ပတ် (မတ်လ ၅-၉) အတွင်းမှာ တန်ချိန် ၁၈၀၀ ကျော်ထိ တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများ မှာ ဗီယက်နမ်၊ အိန္ဒိယ၊ စင်ကာပူ၊ ကိုရီး ယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်နဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပြီး ပမာဏများ များ တင်ပို့တာတော့ စင်ကာပူ၊ ဗီယက် နမ်နဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။

Pages