Background
ကုလားပဲကို ပြည်ပဝယ်လက်များ အဝယ်သွက်နေလို့ တင်ပို့မှုစံချိန်တင်လာ တာ တွေ့ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ကုလားပဲအထွက်လျော့ကျတာ ကြောင့် ဝယ်လိုအားတက်နေတဲ့အတွက် ယခုတစ်ပတ် (မတ်လ ၅-၉ ရက်) အတွင်း တန်ချိန် ၃၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ရန်ကုန် FOB ဈေးကွက်မှာလည်း မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်း ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်းတန်ချိန် ၆၇၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိ လက်လီလက်ကားဈေးကွက်များမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပဲမျိုးစုံဈေးနှုန်း ဆက်တိုက် မြင့်တက်နေတာကြောင့် စားသုံးသူများအတွက် ဈေးနှုန်းဖိစီးမှုဖြစ်ပေါ်နေပါတယ်။ ပါကစ္စတန်ငွေကြေး တန်ဖိုး ဆက်လက် ကျဆင်းခြင်းကြောင့် တင်သွင်းပဲဈေးက မြင့်တက်လာခဲ့ပါတယ်။ Jodia ဈေးမှာ တင်သွင်းပဲတွေရဲ့ ဈေးနှုန်းဟာ
မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှသာ ကန်ဒေါ်လာ သုညဒသမ ၁၈၂ သန်းတန်ဖိုးရှိပဲတီစိမ်းလုံးပြည့် ၂၅၈ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန် အပို့ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲတီစိမ်း၊ ပဲတီရွှေဝါရောင်းဝယ်မှု အားကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်မှုထက် အနည်းငယ်လျော့ပေမဲ့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်းမှာ တန်ချိန် ၁၅၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက် အဝယ်သွက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ရန်ကုန် FOB ဈေးမှာ အခြားပဲဈေးများနဲ့မတူ ဈေးကျဆင်းခဲ့တာ တွေ့ရပါတယ်။ မတ်လ ၉ ရက်က FAQ အညာရွှေဝါနဲ့ ပခုက္ကူမှာ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ရွှေဝါအကြီး မှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိရာမှ မတ်လ ၁၆ ရက်မှာ FAQ အညာနဲ့ ပခုက္ကူမှ ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၇၈၀-၈၀၀ ကို လျော့ကျခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုကတော့ ယခုတစ်ပတ်လည်းဆက်လက်အားကောင်းနေပါတယ်။ မတ်လ ၅ ရက်မှ ၉ ရက် အတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၁၂၀၀၀ ခန့်တင်ပို့နိုင်ခဲ့လို့ ပဲအားလုံးထဲမှာ အပတ်စဉ် ပမာဏ ပိုမိုတင်ပို့မှုရှိနေပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၉ ရက်အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၁၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၈၅ သန်းကျော်ရှိလို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ ပမာဏတန်ချိန် ၂၄၅၀၀၀၊ ဝင်ငွေ ကန်ဒေါ်လာ ၂၇၃ သန်းနဲ့ နှိုင်းယှဉ်ရင် ပမာဏမှာ တန်ချိန် ၇ သောင်းနီးပါး ပိုမိုတင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိ တင်ပို့မှုအနေအထားအရ ယခုဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ ပဲတီစိမ်းတန်ချိန် ၃၅၀၀၀၀ ဝန်းကျင် တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ MIRT - MAPT
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုညဒသမ ၀၅၆ သန်း တန်ဖိုးရှိ ပဲလွန်း ဖြူ ၇၄ တန်ကိုမတ်လ ၇ရက်မှ၁၃ ရက် ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် ၈၄ တန် တင်ပို့မှုလျော့ နည်းခဲ့ရပါတယ်။
နိုင်ငံတော်တော်များများက ဝယ် လိုအားရှိနေတဲ့ ပဲလွန်းဖြူကို ယခုတစ် ပတ်လည်း အရောင်းအဝယ် သွက်ပြီး တင်ပို့မှုပိုနေတာ တွေ့ရပါတယ်။ ယခင် တစ်ပတ်က ပင်လယ်ရေကြောင်း တင်ပို့ မှု တန် ၁၄၀၀ ကျော်ရှိပြီး ယခုတစ်ပတ် (မတ်လ ၅-၉) အတွင်းမှာ တန်ချိန် ၁၈၀၀ ကျော်ထိ တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများ မှာ ဗီယက်နမ်၊ အိန္ဒိယ၊ စင်ကာပူ၊ ကိုရီး ယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်နဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပြီး ပမာဏများ များ တင်ပို့တာတော့ စင်ကာပူ၊ ဗီယက် နမ်နဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင် မတ်လ လဝက် ပဲစင်းငုံနီဈေးကွက်မှာ ရန်ကုန်ဝယ်လက်တွေ အဝင်အေးလို့ ဈေးကျကာ အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်ဝယ်လက်အများစုက ပေါက်ဈေးချင်း တူရင် သယ်ယူစရိတ် သက်သာမဲ့ ပခုက္ကူနဲ့ မန္တလေးကုန်သည်တွေဆီကသာ ဝယ်ယူနေကြလို့ မုံရွာ ဈေးကွက်မှာ အခုလို
ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပဲစင်းငုံဈေး တိုးလာတာ တွေ့ရပါတယ်။ဒေသတွင်းက ပဲစင်းငုံဝင်ရောက်မှု အားနည်းလာပြီး မဟာရပ်ရှတရာ ပဲစင်းငုံကို ဝယ်လိုအားတက်လာလို့ ဈေးတက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အချို့ဈေးကွက်တွေမှာ
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု ယခင်တစ်ပတ်ထက် ပိုလာပါတယ်။ မတ်လ ၁၀-၁၅ ရက် အတွင်းပဲစင်းငုံ ဖြူနီ၊ အနီနဲ့ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၁၂၅၀၀ ကျော်ထိ အရောင်း အဝယ်စာချုပ်နိုင်တာတွေ့ရပါတယ်