Main menu

Background

Monday, 5 Mar 2012

    ပြည်ပကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း မန်ကျည်း တန်ချိန် ၂၀၀၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံနဲ့ တန်ချိန်က အင်ဒိုနီးရှား ကို တန် ၆၀၀ ၊ ပါကစ္စတန်နိုင်ငံကို တန် ၆၅၀၊ စင်ကာပူနိုင်ငံကို တန် ၃၄၀ ၊ မလေးရှားနိုင်ငံကို တန် ၃၆၃ နဲ့ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။

Monday, 5 Mar 2012

    အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)က နေ့စဉ်ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှပိဿာ ၆၀၀၀ ခန့်ဝင်ပြီး၊ အရောင်းအဝယ်ကတော့ အနည်းငယ် အေးနေတယ်လို့သိရပါတယ်။ ဝယ်လက်တွေကလည်း ဈေးချိုတဲ့ပြင်ဦးလွင်ချင်းကို အဝယ်ပိုများနေလို့ အောင်ပန်းချင်းက အရောင်းအဝယ်အေးနေတယ်လို့လည်း သိရပါတယ်။

Monday, 5 Mar 2012

    ပြည်ချင်းဈေးကွက်သို့အောင်ပန်းဘက်မှချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် ပုံမှန်ဝင်ရာက်မှုရှိနေပါတယ်။ တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်နဲ့ ပုံမှန်ဈေးရှိပြီး၊ ဈေးကွက်အတွင်း တစ်နေ့ပိဿာချိန် ၂၀၀ ခန့် အရောင်းအဝယ်ရှိနေပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ပြည် နယ်သို့ စားသုံးမှုအဖြစ် နေ့စဉ်ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်

Sunday, 4 Mar 2012

    မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ဟာ နထစသမအ အတွက် ကာလကြာ အဝယ်တန့်ခဲ့ရာက ဖေဖော်ဝါရီ လကုန်ပတ်မှစပြီး၊ ရန်ကုန်ဝယ်လက်တွေ စတင် လှုပ်ရှားလာကြလို့ အရောင်းအဝယ်သွက်စပြုနေတယ်လို့ ကုန်သည် ရပ်ကွက်က ဆိုပါတယ်။

Sunday, 4 Mar 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲသစ် ဝင်ရောက်မှု တစ်ရက်အိတ် ၃၀၀၀ ခန့်သာ ဝင်ရောက်ပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေးဆက်လက်ကျ ဆင်းခဲ့ပါတယ်။ ယခုနှစ် ကုလားပဲထွက်ရှိမှု လျော့ကျပေမဲ့ မဒ္ဒရာပရာဒေ့ရှ်ဘက်က ကုလားပဲဝင်ရောက်မှုက ယခုအချိန်မှာ အားကောင်းနေတယ်လို့ သိရပါတယ်။

Sunday, 4 Mar 2012

    ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ယခု တစ်ပတ်လည်း ဆက်လက်အရောင်းအဝယ်သွက်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါ ရီလ၂၄ရက်မှမတ်လ ၁ ရက်အထိ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်း တန် ၅၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။

Sunday, 4 Mar 2012

    ပါကစ္စတန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က ရေနံဈေးနှုန်းမြှင့်တင်လိုက်တာကြောင့် သယ်ယူပို့ဆောင် စရိတ်ကြီးမြင့် လာခြင်းနဲ့ ရူပီးတန်ဖိုးကျဆင်းခြင်းတို့ကို အကြောင်းပြုပြီးလွန်ခဲ့တဲ့သီတင်း ၂ပတ်အတွင်းလက်ကား ကုန်သည်များမှ ပဲမျိုးစုံ ဈေးနှုန်းကို ၁ ကီလို ရူပီး ၂ ဒသမ ၁၄ (ကန်ဒေါ်လာ သုည ဒသမ ၀၂၃) ခန့် တိုးမြင့်ခဲ့ကြောင်းသိရပါတယ်။

Sunday, 4 Mar 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်တွင်းထွက် ပဲတီစိမ်းဈေးများ ဆက်လက်တည်ငြိမ်နေပါတယ်။ ပြည်တွင်းပဲတီစိမ်း များမှာ အရည်အသွေးနိမ့်တာများတဲ့အတွက် အရည်အသွေးပိုကောင်းတဲ့ မြန်မာပဲတီရွှေဝါများ တင်သွင်းလျက်ရှိနေပါတယ်။

Sunday, 4 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၇ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၂၅၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၉၀၀ ကျော် အပို့လျော့ခဲ့ပါတယ်။

Sunday, 4 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်FOB  ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲတီရွှေဝါ ရောင်းဝယ်မှု အားကောင်းနေတာတွေ့ရပါတယ်။ ယခင်တစ်ပတ် ပဲတီစိမ်းတန်ချိန် နှစ်သောင်းခန့် အရောင်းအဝယ် ဖြစ်ခဲ့သလို ယခု တစ်ပတ်မှာလည်း ပဲတီရွှေဝါ တန်ချိန် ၁၈၀၀၀ ကျော်နဲ့ ပဲတီစိမ်း၊ ပဲတီစိမ်းခွဲခြမ်းစုစုပေါင်း တန်ချိန် ၁၉၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တန်ချိန် ၄၃၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။  ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်အတိုင်း ငြိမ်နေပြီး ပဲတီစိမ်းအညာ တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့  ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိကြောင်း သိရပါတယ်။                                                                    MIRT - MAPT

Pages