Background
ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ပဲစင်းငုံသီးနှံစိုက်ဧက ၁၇၀၀၀ ကျော် စိုက်ပျိုး ခဲ့ပြီး၊ ဧကအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ဈေးကွက်အတွင်းကို ပဲစင်းငုံအသစ်များ ဖေဖော်ဝါရီလဆန်းမှစပြီး ဝင်ရောက်ခဲ့ကာယခုနောက်ဆုံးပတ် မှာတော့အိတ် ၅၀ ခန့်သာဝင်ရောက်မှုရှိလာခဲ့ပါတယ်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ဝယ်လိုအားနည်းပြီး ရောင်းချမှုများတာကြောင့် ပဲစင်းငုံဈေး အနည်းငယ်ဆင်းခဲ့ပါတယ်။ ပဲစင်းငုံလီမွန်ကို လည်း ဒေသတွင်းနဲ့ ပြည်ပက ပုံမှန်ဝင်ရောက်ပေမဲ့ ပဲခွဲစက်များနဲ့ ကုန်သည်များက အဝယ်မရှိတာကြောင့် ဈေးကျဆင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခုလ အစောပိုင်းသီတင်းပတ်များမှာရန်ကုန် ၤဥြ ဈေးကွက်အတွင်း ပဲစင်းငုံ တန်တစ်သောင်းအထက်မှာ အရောင်းအဝယ်သွက်နေခဲ့ရာမှ ယခင်တစ်ပတ်မှ စပြီး အရောင်းအဝယ်ဖြစ်မှုလျော့လာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၂၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၄ မှ မတ် ၁ ရက်) အတွင်းမှာတော့ တန်ချိန် ၄၇၀၀ သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ယခင်တစ်ပတ် ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့ ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်)အတွင်းမှာတော့ တန်ချိန် ၇၄၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုကိုကြည့်ရင် တန်ချိန် ၂၈၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၇၀ သန်းကျော်ရရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၁၂၅၀၀၀၊ ဝင်ငွေ ကန်ဒေါ်လာ ၁၀၄ သန်းကျော်နဲ့ယှဉ်ရင် တင်ပို့မှု ပမာဏအားဖြင့် တန် တစ်သိန်းခြောက်သောင်းကျော် ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၆၀ ကျော်သာ ပိုမိုရရှိကြောင်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး (အရှေ့) အတွင်း မိုးစပါးစိုက်ပြီးတဲ့အခါ ဆောင်းသီးနှံ၊ ပဲမျိုးစုံနှင့် နွေစပါးကိုသီးထပ်အဖြစ် စိုက်ပျိုးကြပါတယ်။တောင်သူများအဓိက အား ထားပြီး အများဆုံးစိုက်ပျိုးတဲ့ သီးနှံကတော့ မတ်ပဲဖြစ်ပြီး ပဲခူးခရိုင်မှာ စိုက်ဧက ၃ ဒသမ ၁ သိန်း၊ တောင်ငူခရိုင်မှာ စိုက်ဧက ၂ ဒသမ ၂ သိန်း၊ စုစုပေါင်း ၅ ဒသမ ၃ သိန်းခန့် စိုက်ပျိုးပါတယ်။
အိန္ဒိယ မတ်ပဲဈေးကွက်မှာ ယခုတစ်ပတ်လည်း ဈေးဆက်လက်လျော့ကျတာ တွေ့ရပါတယ်။ဈေးကွက်တွေမှာမတ်ပဲလက်ကျန်တွေရှိနေသေးတဲ့အပြင် ဝင်ရောက် မှုများပြီး အရောင်းအဝယ်ထိုင်းတာကြောင့် အစောပိုင်းရက်တွေမှာ ဈေး ကျဆင်း ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင်ၤဥြ ဈေးကွက်မှာ ယခုတစ် ပတ် မတ်ပဲ အရောင်းအဝယ် ဖြစ်မှု ပိုများလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၅၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် ဖေဖော်ဝါရီလ ၂၄ ရက်မှမတ်လ၁ရက်အထိ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ်စုစုပေါင်း တန်ချိန် ၁၅၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ တမီလ်နာဒူး ပြည်နယ်က မတ်ပဲခွဲခြမ်းတင်ဒါခေါ်ယူခြင်းနဲ့ ပတ်သက်လို့ အရောင်းအဝယ် အနည်း ငယ်သွက်လာတာကြောင့် ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၇၂၀၀ ကျော်ကိုလျော့နည်းခဲ့ရာမှ ယခုတစ်ပတ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက် အတွင်း တန်ချိန် ၉၀၀၀ ခန့်ကို တိုးတက်တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၄၇၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၄၂ သန်းကျော်ရရှိကြောင်း သက်ဆိုင်ရာ ဌာန စာရင်းများအရ သိရပါတယ်။
ဗီယက်နမ် စီးပွားရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲများဖြေရှင်းဖို့ ယခုနှစ် သကြားတန်ချိန် ၁၀၀၀၀၀- ၁၅၀၀၀၀ အတွင်း တင်ပို့ဖို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD)မှ တင်ပြထားကြောင်း သိရပါတယ်။ ယခုနှစ်အတွင်း သကြားစုစုပေါင်း ရောင်းချမှု တန်ချိန် ၁ ဒသမ ၅၇ သန်းခန့်ထိ ရောက်ရှိမယ်လို့ မျှော်မှန်းထားပြီး၊ အဲဒီပမာဏ အနက် တန်ချိန် ၁ ဒသမ ၄ သန်းကို ပြည်တွင်း စားသုံးဖို့ဖြစ်ပြီး၊ တန်ချိန် ၁ သိန်းကို နောက်နှစ်ကြံသီးနှံအတွက် စုဆောင်း ထားကာ တန်ချိန် ၇၀၀၀၀ မှာ ပိုလျှံမှာဖြစ်တယ်လို့ (MARD) ပြောကြားပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ကြံတန် ၅၆၀နဲ့ ချင်းရွှေဟော် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၀ သန်းတန်ဖိုးရှိ သကြား တန် ၁၀၀ ကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ MIRT(DOBT)
