Background
အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုတစ်ပတ် ပဲစင်းငုံဈေးနှုန်းငြိမ်နေရာ မှ သီတင်းပတ်နှောင်းပိုင်းမှာ ပြန်မာလာခဲ့ပါတယ်။ ပဲစင်းငုံခွဲခြမ်းတွေကို အဝယ် နည်းသလို ဂူဘာကာနဲ့ ကာနာတာကာက ပဲဝင်ရောက်မှု ပါးနေတယ်လို့ သိရပါ တယ်။
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် (ဖေဖော်ဝါရီလ ၃-၉ ရက်)အတွင်း ပဲစင်းငုံတန် ၂၂၀၀၀ ကျော်အထိ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်ထက် ပဲစင်းငုံ စုစုပေါင်း အရောင်းအဝယ်ဖြစ်မှု တန်တစ်သောင်းခန့် ပိုမိုခဲ့ပါတယ်။
၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ပဲစင်းငုံတင်ပို့မှု ကျဆင်းခဲ့ရာမှ နှစ်ကုန်ပိုင်းမှစပြီး တင်ပို့မှုပြန်တက်လာခဲ့တာတွေ့ရပါတယ်။ ၂၀၁၂ ဇန်နဝါရီလ တစ်လလုံးမှာ ပဲစင်း ငုံတန်ချိန် ၄၄၀၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၄ သန်းကျော် ရရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ဇန်နဝါရီလအတွင်းမှာ ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရှိလို့ ယခုနှစ်မှာ တစ်ဆခန့် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
ဟင်္သာတမတ်ပဲဈေးဟာ ယခင်အပတ်က တစ်တင်း ၁၃၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တာကြောင့် ယခင်အပတ်ထက် တစ်တင်း ၂၀၀ ကျပ်ဈေးမြင့် လာပါတယ်။ မတ်ပဲ သစ်များလည်း အဝင်များလာပြီး၊ ရန်ကုန်ဝယ်လက်သမားများရဲ့ ဈေးပေးဝယ်မှု ကြောင့် ရန်ကုန် ဘုရင့်နောင်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၅၀၀ ခန့် တင်ပို့ နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပြည်ပဲဈေးကွက်သို့ ယခုတစ်ပတ်မှာတော့ မကွေးတိုင်းဒေသကြီး၊ ကံမ၊ ပြည်မြို့ နဲ့ အောင်လံကြားရွာများမှ ပဲသစ်များအဝင်ရှိပြီး၊ တစ်နေ့အိတ် ၁၀၀-၂၀၀ ခန့် အဝင်ရှိပါတယ်။ ပဲသစ်ပဲဟောင်းနှစ်မျိုးစလုံး ရန်ကုန်ဝယ်လက် အဝယ်ရှိသော်လည်း ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ကလောက် အရောင်းအဝယ်မဖြစ်ခဲ့ပေမဲ့ ပုံမှန် အရောင်းအဝယ်ရှိတာကို တွေ့ရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အတွင်း လှောင်လက် များက ရောင်းချမှုတွေရှိလာလို့ မတ်ပဲဈေးလျော့ခဲ့ပါတယ်။ ဒေလီဈေးကွက်မှာ လည်း မတ်ပဲလက်ကျန်အိတ် ၂ သိန်းခန့်ကျန်ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်ထက် ၂ ဆခန့်တိုးတက်လာပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် ၆၅၀၀ ခန့်အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ယခု တစ်ပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမှာ မတ်ပဲ SQ၊ FAQနဲ့ အခွံချွတ်စုစုပေါင်းတန်ချိန် ၁၅၅၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
၂၀၁၂ ဇန်နဝါရီလအတွင်း မတ်ပဲတင်ပို့မှုကတော့ ယခင်လနဲ့ ယှဉ်ရင် အနည်းငယ်တိုးလာခဲ့ပေမဲ့ ၂၀၁၁ ဇန်နဝါရီလနဲ့ ယှဉ်ရင်တော့ ထက်ဝက်ခန့်လျော့ ကျတယ်လို့ သိရပါတယ်။၂၀၁၂ ခုနှစ် ဇန်နဝါရီ တစ်လလုံးမှာ မတ်ပဲတန်ချိန် ၂၈၀၀၀ နီးပါးသာရှိပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၄၅၀၀၀ ခန့်ထိ တင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။
ကမ္ဘာ့ထိပ်တန်း သကြားထုတ်လုပ်တဲ့ ဘရာဇီးရဲ့ ထွက်ရှိမှု အလားအလာအပေါ် စိုးရိမ်ခြင်းနဲ့ တရုတ်နိုင်ငံမှ တင်သွင်းသူ များကလက်ငင်းဈေးကွက်မှာ ဝယ်လိုအားခိုင်မာနေခြင်းတို့ကြောင့် ၇ ရက်ကြာလျော့ကျနေတဲ့ သကြားကြိုပွိုင့်ဈေးဟာ ဇန်နဝါရီလ ၃၀ ရက်မှာ ပြန်တက်လာခဲ့ပါတယ်။ ICE ကြိုပွိုင့်ဈေးကွက်မှာ မတ်လပို့ရမယ့် သကြားဈေးဟာ သုည ဒသမ ၄၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ပေါင်ကန်ဒေါ်လာ သုည ဒသမ ၂၄၃၂(တစ်တန် ကန်ဒေါ်လာ ၅၃၆)ဈေးဖြစ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာကြိုပွိုင့်ဈေးကွက်တွေကို ခြေရာခံကာ ယခုရက်သတ္တပတ်မှာ မလေးရှားရော်ဘာ ဈေးနှုန်းတွေ ဆက်တိုက် ခိုင်မာနိုင်ဖွယ်ရှိကြောင်းခန့်မှန်းထားတယ်။ ရောင်းလိုအားတင်းကျပ်မှုအခြေအနေများ၊ ထိုင်းနိုင်ငံရဲ့ ဈေးနှုန်းထောက်ပံ့ ပေးရေးစီမံချက်နဲ့ လောင်စာဆီဈေးနှုန်းခိုင်မာမှုတို့ကြောင့် ရော်ဘာဈေးကို ထောက်ပံ့ပေးနိုင်ကြောင်း ကုန်သည်တွေက ပြော ကြားလိုက်တယ်။