Main menu

Background

Monday, 26 Dec 2011

               ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ပြန်ကျ ခဲ့ပါတယ်။

Monday, 26 Dec 2011

    အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းသလို ကြိုပွိုင့် ဈေးကွက်မှာလည်း အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် ကုလားပဲ ဈေးအနည်းငယ်ကျဆင်းခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့မှ ရောင်းချမှု များခြင်းကလည်း ကုလားပဲဈေးကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။

Monday, 26 Dec 2011

    လက်ရှိဆောင်းရာသီ စိုက်ပျိုးမှုမှာ ဂျုံစိုက်ဧရိယာမြင့်တက်ပေမယ့် ပဲမျိုးစုံ ဆီထွက်သီးနှံနဲ့ အခြားနှံစားသီးနှံ စိုက် ဧရိယာကတော့ ကျဆင်းခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက် ပါလီမန်မှ အတည် ပြု ပြောကြားပါတယ်။ သီးနှံရာသီဥတု စောင့်ကြည့်ရေးအဖွဲ့မှ ဒီဇင်ဘာ ၁၆ ရက်အထိ အပတ်စဉ်သီးနှံအခြေအနေ ကို အခြေခံပြီး အတည်ပြုပြောကြား ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၁-၂၀၁၂ အတွင်းဂျုံစိုက်ဧရိယာဟာယခင် ဆောင်းရာသီ ကာလတူနဲ့ယှဉ်ရင်ဟက် တာ ၄ သိန်းပိုမိုတယ်လို့ ဆိုပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခင် တစ်ပတ်က တန်ချိန် ၈၄ နဲ့ ၆၃ တန် အသီးသီးရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂-၁၆ရက်) အတွင်းမှာတော့ မြေထောက်ပဲတန်ချိန် ၁၇၂ တန်နဲ့ ထောပတ်ပဲ ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြေထောက်ပဲကို ထိုင်း၊ မလေးရှား၊ အိန္ဒိယနဲ့ စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ တရုတ်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။

Monday, 26 Dec 2011

    အိန္ဒိယနိုင်ငံမှ ယခုနှစ် ပဲထုတ် လုပ်မှု ကျဆင်းပြီး တင်သွင်းမှုမှာလည်း ကျဆင်းဖွယ်ရှိတာကြောင့်   နောက် ၂လမှ ၃လအတွင်းပဲမျိုးစုံဈေး ၁၀-၂၀ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်တယ်လို့ သိရပါတယ်။လက်ရှိဆောင်းပဲထွက်ရှိမှု မှာ ၅ ရာခိုင်နှုန်းနဲ့ မိုးပဲမျိုးစုံထွက်ရှိမှု ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အတွက် စုစု ပေါင်း ထုတ်လုပ်မှုက ၇ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့  အိန္ဒိယပဲမျိုးစုံနဲ့ ကောက်ပဲသီးနှံအသင်း (IPGA)ဒုတိယ ဥက္ကဋ္ဌ  Mr.Bimal Kothari  က ပြော ကြားပါတယ်။

Monday, 26 Dec 2011

    ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲယင်း ၂၈ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းဖိုးနဲ့ ရိဒ်နယ်စပ်ကနေ ပဲယင်း ၃ ဒသမ ၈၄ တန် တန်ဖိုး ကျပ် ၂ ဒသမ ၄၉၆ သန်း တို့ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နယ်စပ်စခန်းများကနေ ပဲယင်း ၃၂ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

Monday, 26 Dec 2011

    နီပေါနိုင်ငံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Pioneer  Marketing  မှ မြန်မာ့သစ်မာသား၊ ဆန်၊ ပဲမျိုးစုံနဲ့ သဘာဝဓာတ်ငွေ့၊ ရေနံထွက်ပစ္စည်းများတင်သွင်းလိုပြီး၊ မြန်မာနိုင်ငံကို ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေးဖက်ဝင်အပင်များ တင်ပို့လိုကြောင်း၊ နီပေါနိုင်ငံရှိ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Monday, 26 Dec 2011

    အိန္ဒိယ  ပြည်တွင်းဈေးကွက်တွေမှာ ဒေသတွင်းနဲ့  နိုင်ငံအထက်ပိုင်းက ဝယ်လိုအားနည်းလို့ ကုလားပဲဖြူလုံးကြီးဈေး အနည်းငယ်လျော့ကျပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ကာနာတာကာက ပဲစင်းငုံ ရောင်းချမှုမရှိပေမဲ့ ရန်ကုန်ကုလားပဲဖြူလုံးကြီး ဈေးလျော့ကျလာပါတယ်။ ဈေးကွက်တွေကို ပဲအသစ်များ နောက်လမှာ ဝင်ရောက် တော့မှာဖြစ်လို့ လှောင်လက်များမှ လက်ကျန်များ လက်ငင်းဈေးကွက်မှာ ရောင်းချမှု တိုးလာတယ်လို့ သိရပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးကို ယခင်တစ်ပတ်က တန် ၂၅၀ ကျော်တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တင်ပို့မှုမရှိခဲ့ကြောင်း သိရပါတယ်။ FOB ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီး တန် ၃၆၀ အရောင်းအဝယ် စာချုပ် ခဲ့ကြောင်း သိရပါတယ်။

Monday, 26 Dec 2011

    ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုမှာ တစ်ရက်အိတ် ၃၀၀ ကျော်သာ အဝင်ရှိခဲ့ပါတယ်။ မင်းတုန်း၊ ကံမဘက်မှ အဝင်နည်းလာခဲ့ကာ ဒေသတွင်း ပန်းတောင်း၊ ပေါက်ခေါင်းမှဝင်ရောက်ခဲ့တာဖြစ်ပြီး၊ အဝင်ရှိသလောက် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။

Pages