Main menu

Background

Tuesday, 8 Nov 2011

                     ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၄၀၀ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် မှာ တန်ချိန် ၁၈၅ တန်သာရှိပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတို့ဖြစ်ပြီး ပမာဏများတာကတော့ ဖိလစ်ပိုင်ကို ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း အောက်တိုဘာ ၂၈ ရက်အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၆၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်း ခန့် ရရှိပြီလို့ သိရပါတယ်။                          ရန်ကုန် FOB အရောင်းအဝယ် ဖြစ်မှုအနေနဲ့ တန်ချိန် ၁၉၀ ခန့် ရှိလို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၂၀ ထက်အနည်းငယ်ပိုလာပါတယ်။ လက်ကျန်နည်းလာပြီး အဝယ် ပုံမှန်ရှိပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန် ဖိုး လျော့ကျတဲ့အတွက် ရန်ကုန် FOB  ဈေးလည်း လျော့လာပါတယ်။ အောက်တိုဘာလ ၂၈ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိရာမှ နိုဝင်ဘာလ ၄ ရက်မှာ FAQ တစ်တန် ၇၉၀-၈၁၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ ကိုကျဆင်းခဲ့ ပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ တစ်တင်း ၁၃၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကထက် တစ်တင်း ၅၀၀ ကျပ် ဈေးလျော့နည်းသွားခဲ့ပါတယ်။ ပွဲရုံ များမှာ ပဲစင်းငုံလက်ကျန်များရှိခဲ့ပေမဲ့ အရောင်းအဝယ် အေးနေခဲ့ပါတယ်။ နေ့စဉ် အရောင်းအဝယ်မဖြစ်ခဲ့ဘဲ အရောင်းအဝယ်ဖြစ်တဲ့ရက်များမှာ တစ်ရက် အိတ် ၄၀၀ ကျော် ရောင်းဝယ် ခဲ့ကြကြောင်းသိရပါတယ်။ ဆုမွန်ဆွေ

Tuesday, 8 Nov 2011

                      ယခုတစ်ပတ်အတွင်း ပဲစင်းငုံဈေး ကျဆင်းနေခဲ့ရာမှ နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ ဒေသတွင်း ခွဲစက်များအဝယ်ရှိလာလို့ ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ ဒေလီဈေးကွက်မှာ ပဲစင်းငုံလီမွန်အိတ် ၅၀၀-၇၀၀ ခန့်ရောင်း ထွက်ခဲ့ပါတယ်။ ပြည်တွင်းထွက် ဂူဘာကာမှ ပဲစင်းငုံများကို အမြင့်ဈေးနဲ့ ဖော်ပြ ထားတဲ့အတွက် အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ဟာရာနာနဲ့ ဥတ္တရာ ပရာဒေ့ရှ်က ပဲစင်းငုံအသစ် အိတ် ၄၀၀-၅၀၀ ဝန်းကျင်ဝင်ရောက်ခဲ့တဲ့အတွက် နောက်ရက်တွေမှာတော့ ပဲစင်းငုံဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                    ဒေါ်လာ/ တန်                        ၄-၁၁-၁၁           ၃-၁၁-၁၁       ၂-၁၁-၁၁               ၁-၁၁-၁၁မွန်ဘိုင်း           ၆၄၈-၆၈၃              ၆၃၃                 ၆၃၀                  ၆၃၃ဒေလီ               ၆၈၉-၆၉၀           ၆၇၁-၆၇၃        ၆၇၃-၆၇၅          ၆၇၂-၆၇၄ချန်နိုင်း               ၆၃၈                     ၆၁၈                ၆၂၀                   ၆၂၃MIRT-MAPT

Tuesday, 8 Nov 2011

                      ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်အားအကောင်းဆုံးပဲကတော့ ပဲစင်းငုံဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲအသစ်ဝင်မလာမီ စပ်ကူးမတ်ကူး ကာလအတွက် အဝယ်လိုက်လာလို့ ယခုတစ်ပတ်(အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်းမှာ ပဲစင်းငုံဖြူနီ တန်ချိန် ၄၈၀၀၊ ငုံနီ တန် ၆၄၀၀ ခန့်နဲ့ စုစုပေါင်း တန် ၁၁၀၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပဲစင်းငုံတွေထဲမှာ လင်းခေးစက ဈေးပိုတယ်လို့ သိရပါတယ်။                         အရောင်းအဝယ်အားကောင်းနေတဲ့အတွက် ယခုတစ်ပတ်မှာ ပို့ကုန်ဝင်ငွေ တန်ဖိုးလျော့လို့ အခြားပဲဈေးများ အနည်းငယ်လျော့ကျပေမဲ့ ပဲစင်းငုံ FOB ဈေးကတော့ ငြိမ်နေပါတယ်။ နိုဝင်ဘာလ ၄ ရက်မှာ ပဲစင်းငုံနီ FAQ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀-၄၈၀ နဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                      ယခင်တစ်ပတ်က ပဲစင်းငုံတန်ချိန် ၂၆၀၀ ကျော်သာတင်ပို့နိုင်ခဲ့ရာမှ ယခု တစ်ပတ် (အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့)အတွင်းမှာတော့ တန်ချိန် ၄၃၀၀ ခန့်အထိ ပိုမိုတင်ပို့လာနိုင်ပါတယ်။ အဓိကပဲများထဲမှာ ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှုက ယခင်တစ်ပတ်တွေထက် ပိုမိုနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၂၈ ရက်အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၃၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၈၅ သန်းကျော်ရရှိပြီဖြစ်ပါတယ်။ ယခင် ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၆၅၀၀၀ ခန့်နဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၂ သန်းကျော်ရရှိလို့ တင်ပို့မှုပမာဏအားဖြင့် ယခုနှစ်မှာ တစ်ဆပိုနေပေမဲ့ ဝင်ငွေ အားဖြင့် တင်ပို့မှု ပမာဏနဲ့ယှဉ်ရင် လျော့နည်းတာတွေ့ရပါတယ်။ လတ်တလော ပဲစင်းငုံအရောင်းအဝယ်ရှိလို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုပုံမှန် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။   MIRT-MAPT

Tuesday, 8 Nov 2011

               ပြည်ပွဲရုံများသို့ ယခုတစ်ပတ်အတွင်း မတ်ပဲအဝင်မရှိတော့ဘဲ လက်ကျန်များသာ တစ်တင်းကို ၁၈၀၀၀ ကျပ် ဈေးနဲ့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှာ မတ်ပဲဈေး တစ်တင်း ၂၄၅၀၀ ကျပ်ဈေး ရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ ယခင်နှစ်ကဈေးကို မမီတာတွေ့ရပါတယ်။ ရန်ကုန်ဝယ်လက် လည်း နည်းနေပြီး၊ လှောင်လက်သမားများသာ ထုတ်ရောင်းနေကြတဲ့အတွက် တစ်နေ့ကိုအိတ် ၃၀၀-၄၀၀ လောက်သာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၁၂၀၀ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။   မိမိအေး

Tuesday, 8 Nov 2011

                  အိန္ဒိယဈေးကွက်တွေကို ပဲအသစ်ထွက်တဲ့ ဒေသတချို့က မတ်ပဲဆက်လက် ဝင်ရောက်နေတဲ့အတွက် ဈေးအနည်းငယ်စီဆက်လက်ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ဈေးကွက်တွေထဲမှာ အာလူးနဲ့ ဟင်းသီးဟင်းရွက် များလည်း ဝင်ရောက်နေတဲ့ အတွက် မတ်ပဲဝယ်လိုအားနည်းခြင်းက ဈေးကျဆင်းဖို့ဖြစ်နေပါတယ်။ ဒေလီ ဈေးကွက်ကို မတ်ပဲအိတ် ၂၅၀၀၀၀ ဝန်းကျင်ဝင်ရောက်ခဲ့တဲ့အတွက် နောက်ရက် အနည်းငယ်အတွင်း ဈေးမြင့်တက်ဖွယ် မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                      ဒေါ်လာ/ တန်                         ၄-၁၁-၁၁         ၃-၁၁-၁၁         ၂-၁၁-၁၁                 ၁-၁၁-၁၁မွန်ဘိုင်း              ၇၅၅                 ၇၅၅                 ၇၅၂                       ၇၅၆ဒေလီ                ၅၁၁-၆၅၃        ၅၂၇-၆၆၉        ၇၄၆-၇၄၈               ၇၅၀-၇၅၂ချန်နိုင်း                ၇၉၁                ၇၉၅                 ၇၉၈                    ၈၀၇-၈၁၂MIRT-MAPT

Tuesday, 8 Nov 2011

                  ယခင်သီတင်းပတ်အတွင်း မတ်ပဲတင်ပို့မှု တန်ချိန် ၁၂၀၀၀ ကျော်ထိ တိုးတက် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့) အတွင်းမှာ တော့ တန်ချိန် ၅၇၀၀ ကျော်ကို ပြန်လည်လျော့ကျ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုနည်းသလို တင်ပို့မှုလည်းပြန်လည် လျော့ကျခဲ့ ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ အတွင်း အောက်တိုဘာ ၂၈ ရက်အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှု တန်ချိန် ၄၄၅၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၄ သန်းရရှိပြီးကြောင်းနဲ့ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုမှာ တန်ချိန် သုံးသိန်းကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၁၀ ကျော်ရရှိတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု တိုးတက်ဖွယ် မရှိဘူးလို့ ကုန်သည်များခန့်မှန်းထားကြောင်း သိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်များမှာ ယခင် တစ်ပတ်က မတ်ပဲ တန် ၄၄၀၀ ကျော်သာအရောင်းအဝယ်ရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်းမှာတော့  မတ်ပဲ SQ၊ FAQ ၊ အခွံချွတ် စုစုပေါင်း တန်ချိန် ၇၇၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ်အတွင်း အိန္ဒိယဝယ်လက် အသင့်အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်အချို့ကို ဒေသထွက်ပဲအသစ် အဝင်ဆက်ရှိနေသေးတဲ့အတွက် ဝယ်ယူမှု အေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။                      အရောင်းအဝယ်အသင့်အတင့်ဖြစ်ပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အနည်းငယ် ကျဆင်းလို့ ရန်ကုန် FOB ဈေးလည်းအနည်းငယ်လျော့ကျခဲ့ပါတယ်။                              ဒေါ်လာ/တန်                       မတ်ပဲ(FAQ)            မတ်ပဲ(SQ)၄-၁၁-၁၁          ၇၄၀-၇၆၀              ၈၀၀-၈၂၀၂၈-၁၀-၁၁        ၇၄၅-၇၆၅              ၈၁၀-၈၃၀                                                                     MIRT-MAPT

Monday, 31 Oct 2011

                                                              အိန္ဒိယမွန်ဘိုင်းဈေးကွက်                                                   ၂၅-၁၀-၂၀၁၁           (ဒေါ်လာ/တန်)   ၂၀-၁၀-၂၀၁၁၂၅-၁၀-၂၀၁၁  ပြောင်းလဲမှု   မတ်ပဲ    ၇၄၂    ၇၆၇  ပဲတီစိမ်းရိုးရိုး       -     -     - ပဲစင်းငုံ     ၆၁၀     ၆၃၆  

Pages