Main menu

Background

Tuesday, 8 Nov 2011

                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးနှုန်းမှာ တစ်တင်း ၂၀၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ အောင်လံဖက်မှ ပဲအဝင်အနည်းငယ်ရှိသလို ပွဲရုံများကလည်းလက်ကျန်များထုတ်ရောင်းချလာခဲ့ကြပါတယ်။ ကုလားပဲဈေး အနေ နဲ့ ယခင်နှစ်ဈေးနဲ့ နှိုင်းယှဉ်ရင် သိပ်လျော့နည်းသွားခဲ့တာမျိုးမရှိဘဲ တစ်တင်း ၂၀၀၀၀ ကျပ် အထက်ရှိခဲ့ကြပါတယ်။ ယခု နိုဝင်ဘာလဆန်းပိုင်းအတွင်း အရောင်း အဝယ်ဖြစ်မှု ပမာဏ အနေနဲ့ အိတ် ၈၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Tuesday, 8 Nov 2011

                    ယခုတစ်ပတ်မုံရွာ ကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ V2  အနေနဲ့ ဒေသတွင်း ဝယ်လက်ရှိပြီး၊ ရောင်းလက်မရှိလို့ ရန်ကုန်ဖက်ကတစ်ဆင့် မုံရွာဈေးကွက်ထဲ ပြန်ဝင်လာမှုရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိ ရပါတယ်။ ဒေသအတွင်း ဆောင်းသီးနှံအဖြစ် စောစောစိုက်ခဲ့ကြတဲ့ V2 ခင်းအချို့ ရေဝင်ပျက်စီးမှုရှိလို့ မျိုးပြန်ဝယ်ကြ တဲ့အတွက် အခုလို ဝယ်အားကောင်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကုလားပဲ(တိုင်ပေ)နဲ့ 929 ကုလားပဲ ဈေးကွက်မှာတော့ ဒေသခံစက်သမားနဲ့ ကြာဇံသမားတွေအဆွဲလိုက်လို့ တစ်နေ့အိတ် ၇၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲပေါက်ဈေး တွေကတော့ V2  တစ်တင်း ၂၂၀၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၉၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၉၃၀၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မုံရွာဈေးကွက်မှ ကုလားပဲစီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၇၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ကျော်သာရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုှုင်

Tuesday, 8 Nov 2011

              အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်အများစုမှာ ဈေးအမြင့်နဲ့ ငြိမ်နေပေမဲ့ အချို့ဈေးကွက်မှာ ဝယ်လိုအားနည်းလို့ ဈေးအနည်းငယ်ကျဆင်းပါတယ်။ ဈေးအမြင့်နဲ့ လှောင်လက်များဝယ်ယူဖို့မကိုက်တဲ့အတွက် အရောင်းအဝယ်မရှိဘူးလို့ သိရပါတယ်။ ဝယ်လိုအားနည်းမယ်ဆိုရင် နောက် ၄ ရက်ခန့်အတွင်း ဈေးကျဆင်း ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ နောက် ၄ လအကြာမှာ ပဲအသစ်များ ဝင်လာမှာဖြစ်လို့ ဈေးအနိမ့်မှာတော့ လှောင်လက်များ အဝယ်အသစ်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်ပေါက်ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                         ဒေါ်လာ/ တန်                    ၄-၁၁-၁၁       ၃-၁၁-၁၁        ၂-၁၁-၁၁              ၁-၁၁-၁၁ဒေလီ            ၇၁၀-၇၁၅      ၇၀၄-၇၀၉        ၇၀၇-၇၁၂             ၇၁၅-၇၂၀ကန်ပါ               ၇၃၅              ၇၂၉                 ၇၃၂                    ၇၄၄အာကိုလာ         ၇၄၅               ၇၄၀                 ၇၄၂                     -MIRT-MAPT

Tuesday, 8 Nov 2011

                         ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က အရောင်းအဝယ် မရှိခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ယခုတစ်ပတ်မှာ တန်ချိန် ၁၃၀ ကျော်ရှိပါတယ်။ အရောင်းအဝယ် အသင့်အတင့်ရှိသလို ပင်လယ်ရေကြောင်းတင်ပို့မှု အနေနဲ့လည်း တန်ချိန် ၃၆၀ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းခွဲစက်များလည်း အဝယ်ရှိတဲ့ပဲဖြစ်လို့ လက်ကျန်လျော့လာပြီဖြစ်ပြီး ပြည်ပဝယ်လိုအားလည်း အသင့်အတင့် သာရှိလို့ ရန်ကုန် FOB ဈေးအနည်းငယ် လျော့ ကျခဲ့ပါတယ်။ အောက်တိုဘာလ ၂၈ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၁၀၀၀-၁၀၂၀ ရှိရာမှ နိုဝင်ဘာလ ၄ ရက်မှာ ကန်ဒေါ်လာ ၉၈၀-၁၀၀၀ ဈေးသာ ရှိတယ်လို့ သိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                   ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ အဝင်များလာတာကိုတွေ့ရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ် များမှ အဝင်ရှိလာသလို အောင်လံ၊ မင်းတုန်း၊ ကံမဘက်မှလည်း ရေလမ်းရောကုန်းလမ်းမှပါ ဝင်ရောက်မှုများ ရှိခဲ့ပါတယ်။ တစ်ရက် အိတ် ၅၀၀ ကျော်အထိ အဝင်ရှိခဲ့ပြီး ရန်ကုန်ဝယ်လက်များ အဝယ်ရှိတာကြောင့် အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ဈေးနှုန်းကတော့ တစ်တင်း ၁၆၆၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ပြန်မြင့်လာကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Tuesday, 8 Nov 2011

                  အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းကို အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ရှိခဲ့ရာမှာ ဒေလီဈေးကွက် အတွင်း ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်အတွင်း ရာဂျက်စသန်ဈေးကွက်များမှ ပဲတီစိမ်းအိတ် ၅၀၀၀၀- ၆၀၀၀၀ ခန့်ဝင်ရောက်ခြင်းက ဈေးကွက်ကို ကျဆင်းစေပါတယ်။ နောက်ရက်များမှာလည်း ပဲဝင်ရောက်မှုအရ ဈေးမြင့် တက်ဖွယ်မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                   ဒေါ်လာ/ တန်                                         ၄-၁၁-၁၁     ၃-၁၁-၁၁     ၂-၁၁-၁၁           ၁-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)         ၈၂၂       ၈၄၁-၈၄၆      ၈၄၄-၈၄၉        ၈၄၇-၈၅၃ဒေလီ                                ၄၉၀-၇၀၉    ၄၈၆-၇၀၉      ၄၈၈-၇၀၂         ၄၉၀-၇၁၅အာကိုလာ                          ၆၅၃-၈၅၈    ၄၈၆-၈၅၁      ၆၅၁-၈၅၄        ၄၇၀-၆၅၄MIRT-MAPT

Tuesday, 8 Nov 2011

              အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်သတ္တပါတ်အတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၄၂ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၇၆ ဒသမ ၅၀ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၇ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ရာသီဥတုပူပြင်းတဲ့အခါ ကိုယ်တွင်အေးစေရန်အတွက် ပဲတီစိမ်းပြုတ်ရည်ကို သောက်သုံးကြခြင်း၊ မုန့်များ ပြုလုပ်ရန်တို့အတွက် ပဲတီစိမ်းကို ဝယ်ယူကြခြင်းဖြစ်သော် လည်းယခုအခါ တရုတ်ဖက်တွင် ရာသီဥတုအေးနေခြင်း၊ မုန့်ပဲသားရေစာထုတ်လုပ်ရေးလုပ်ငန်းများတွင် ဓာတုဆေးဝါးသုံးစွဲမှုများ မရှိစေရန် ကြပ်မတ်စစ်ဆေးမှုဆက်လက်ပြုလုပ် နေသဖြင့် အပို့လျော့နေရတယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ် မြင့်တက်ပေမဲ့ တစ်ဘက်နိုင်ငံဈေးမှာတော့ လျော့ကျလျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                                         မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု           ယခင်     ပြောင်းလဲမှု   %       ယခု     ယခင်  ပြောင်းလဲမှု      %ပဲတီစိမ်း     ၅၆၉၆၅၄     ၅၆၆၄၅၆     ၃၁၉၈      ၀ .၆      ၈၅၃     ၈၆၄         ၁၁          ၁ .၃MIRT-MAPT

Tuesday, 8 Nov 2011

                     ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် ၄၉၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပေမဲ့ အရည်အသွေးနိမ့်ပဲများပြီး အရည်အသွေးကောင်းပဲ ရရှိမှုနည်းတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ပြည်တွင်းအချို့ဒေသက ပဲအသစ်များ ဈေးကွက်ထဲ ဝင်လာတော့မှာဖြစ်လို့ အရောင်းအဝယ်ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                 ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နိုဝင်ဘာလ ၄ ရက်နေ့မှာလည်း FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူတစ်တန်ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                   ပုံမှန်အားဖြင့် ပဲတီစိမ်းကို ပင်လယ်ရေကြောင်းက တင်ပို့မှု တန်ချိန် ၂၀၀၀ အထက်မှာရှိနေခဲ့ရာမှ ယခုတစ်ပတ် အောက် တိုဘာနောက်ဆုံးပတ်အတွင်းမှာတော့ တန်ချိန် ၁၅၀၀ အောက်ကို လျှော့ကျတင်ပို့ ခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေတဲ့အပြင် အရည်အသွေးနိမ့်ပဲများလည်း လျှော့ရောင်းနေတဲ့အတွက် ပြည်ပက အဝယ် နှေးတဲ့အတွက် ယခုလအတွင်းတင်ပို့မှု လျှော့ကျနေပါတယ်။                     လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂၀၃၀၀၀ ခန့် ရှိပြီးဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၉၇ သန်းခန့် ရရှိထားပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ အတွင်းမှာ တန်ချိန် ၁၄၈၀၀၀ ခန့်နဲ့ ကန်ဒေါ်လာ ၁၇၆ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှုပမာဏ ပိုမိုနေတာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ်များ မှာလည်း ပဲတီစိမ်းတင်ပို့မှု အနည်းငယ်လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                   ဟင်္သာတခရိုင်အတွင်း ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ အင်္ဂပူမြို့ နယ်များပါဝင်ပြီး ဆောင်းသီးနှံ ပဲလွန်းဖြူ ပဲများကို ကိုင်းမြေအချို့မှာ အဓိက ထား စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်က ပဲလွန်းဖြူ ဧက ၄၄၀၀၀ ခန့် စိုက်ပျိုးခဲ့ပြီး၊ တင်းသိန်း ပေါင်း ၅ သိန်းကျော်ထွက်ရှိခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ဟင်္သာတ ခရိုင် အတွင်း ပဲလွန်းဖြူဧက ၄၅၀၀၀ ခန့် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက် ရှိရာ အောက်တိုဘာလကုန်မှာ ပဲလွန်း ဖြူဧက ၉၀၀ စိုက်ပျိုးပြီးဖြစ် ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းသို့ စိုက်ပျိုးပြီးဖြစ်သော နတ်တော်ဖြူခေါ် လွန်းဖြူ ပဲများဟာ ဒီဇင်ဘာလဆန်းပိုင်းမှာ ဝင်ရောက်လာမှာဖြစ်ကြောင်း သိရပါတယ်။ အေးအေးခိုင်

Pages