Background
ပြည်ချင်းဈေးကွက်သို့ ယခုတစ်ပတ်မှာတော့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းတက်(အသစ်)များ အနည်းငယ်စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ အဝင်ရှိပေမဲ့ ချင်းသစ်မှာ အစိုဓာတ်များပြီး အရင့်လိုသေးလို့ အပုပ်မြန်တဲ့အတွက် လက်ကား လှောင်လက်သမားများမှ ဝယ်အားနည်းနေပြီး၊ ပွဲရုံများမှာ ဝင်ရောက်မှုနှုန်း ထက်ဝက်ခန့်သာ အရောင်းအဝယ်ရှိကြောင်းသိရပါတယ်။ ချင်း (ဥမ) အဟောင်း များအနေနဲ့ ချင်းတက် (အသစ်) နဲ့ယှဉ်လျှင် ရောင်းအားကောင်းနေပြီး ပစ္စည်းပြတ် ခါနီးလို့ ဈေးလည်းကောင်းလာပါတယ်။ ယခင်အပတ်ထက် တစ်ပိဿာကို ပျမ်းမျှ ၁၀၀ ကျပ်ခန့် ဈေးမြင့်သွားပြီး၊ ယခုချင်း (ဥမ) ရှယ်တစ်ပိဿာ ၉၀၀ ကျပ်၊ ဂျွန် ၆၅၀-၇၀၀ ကျပ်၊ ချင်းတက် (အသစ်) ၆၀၀ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ ချင်း (ဥမ) အဝင်မှာလည်း ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ ပုံမှန်အဝင်ရှိလျက်၊ ပွဲရုံများတွင် လက်လီလက်ကားရောင်းဝယ်သူများ၊ ချင်းဓားလှီးသမားများနှင့် ပိဿာချိန် ၄၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပိဿာချိန်ပျမ်းမျှ ၁၈၀၀ ခန့်ကို ယခု တစ်ပတ်အတွင်း ဈေးကွက်မှတစ်ဆင့် စီးဆင်းသွားခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ကမ္ဘာ့ကောက်ပဲသီးနှံရောင်းချမှု ပိုမိုခြင်းနဲ့ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ စက်တင်ဘာလအတွင်းမှာ ၂ ရာခိုင်နှုန်းကျဆင်း ခဲ့တယ်လို့ FAO က အောက်တိုဘာ ၆ ရက်နေ့မှာပြောကြား ပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းကျဆင်းမှုကြောင့် ငွေကြေးဖောင်းပွမှု သက်သာရာရရှိခဲ့တဲ့ အတွက် ဥရောပ ဗဟိုဘဏ်မှ အတိုးနှုန်းဆုံးဖြတ်ချက်အပေါ် စိုးရိမ်မှုများလည်း လျော့ကျလာတယ်လို့ ဆိုပါတယ်။ အဓိကစားသောက်ကုန်များဖြစ်တဲ့ နှံစားသီးနှံ၊ ဆီထွက်သီးနှံ၊ အသားနဲ့ သကြားတို့ရဲ့ လစဉ်ဈေးနှုန်း အပြောင်းအလဲကိုတိုင်းတာတဲ့ FAO ရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းညွှန်ကိန်းဟာ စက်တင်ဘာလမှာ ပျမ်းမျှ ၂၂၅ မှတ်ရှိလို့ သြဂုတ်လထက် ၄ ဒသမ ၅ မှတ်ကျဆင်းခဲ့တယ်လို့ FAO ကဆိုပါတယ်။ စက်တင်ဘာညွှန်းကိန်း က ဖေဖော်ဝါရီလအတွင်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၃၈ မှတ်အောက် လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ကုန်စည်ဈေးနှုန်းများဟာ ဆက်လက်ကျဆင်းမယ့် အလားအလာအရ နောက်လအနည်းငယ်အတွင်းမှာလည်း ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်း ကျဆင်းမယ်လို့ FAO စီးပွားရေးပညာရှင်ကပြောကြားပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေခြင်းက ဝယ်လိုအားကို နည်းစေနိုင်တဲ့အပေါ် ရင်းနှီး မြုပ်နှံသူများ စိုးရိမ်လာကြပြီး စက်တင်လာလအတွင်း နိုင်ငံတကာ သီးနှံ ဈေးကွက်များမှာ ရောင်းထုတ်မှုတွေရှိလာခြင်းကလည်း လွန်ခဲ့တဲ့လများ အတွင်း စားနပ်ရိက္ခာဈေးနှုန်း ပိုမိုကျဆင်းဖို့ဖြစ်လာပါတယ်။ ၂၀၁၁ နှံစားသီးနှံထွက်ရှိမှုဟာ အစောပိုင်းခန့်မှန်းထားတဲ့ ပမာဏထက်တန်ချိန် ၃ သန်းပိုပြီး၊ တန်ချိန် ၂ ဒသမ ၃၁ ဘီလီယံ ထွက်ရှိမယ်လို့ တိုးမြင့်ခန့်မှန်းခဲ့ပါတယ်။ သီးနှံထုတ်လုပ်မှု တိုးတက်မယ့်မျှော်လင့်ချက်ရှိပေမဲ့ ကမ္ဘာ့စီးပွားရေးပြန် လည် တိုးတက်မှု နှေးကွေးနေခြင်းနဲ့ ငွေကြေးအကျပ်အတည်း တိုးပွားလာခြင်း ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအပေါ် ထိခိုက်မှုနဲ့ပတ်သက်လို့တော့ မရေရာဘူး လို့ ရောမ အခြေစိုက် အေဂျင်စီမှပြောကြားပါတယ်။ စီးပွားရေးအခြေအနေ တိုးတက်မှု နှေးကွေးလာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အလုပ်လက်မဲ့ ပြဿနာ တိုးပွားလာပြီး၊ ဝင်ငွေနည်းပါးမှုတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ လမင်း Source: Reuters
ပြည်ဈေးကွက်မှာ ထောပတ်ပဲလက်ကျန်များ နည်းလာခဲ့ပေမဲ့ လက်လီသမားနဲ့ လက်ကားသမားများပါ အရောင်းအဝယ်ဖြစ်လာခဲ့ပါတယ်။ ပဲဈေးနှုန်းမှာတော့ တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး၊ ယခုတစ်ပတ်မှာ ရန်ကုန်ဝယ်လက်များ မှ မှာယူမှုရှိလာတဲ့အတွက် တစ်ရက်အိတ် ၃၀ မှ ၅၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ သလို ဒေသတွင်းပုံမှန်ဝယ်ယူမှုရှိတဲ့ လက်လီသမားများကြောင့် တစ်ရက် ၁၅ အိတ် ခန့် ရောင်းဝယ်မှုရှိခဲ့ပါတယ်။ ဒါကြောင့် ယခုအောက်တိုဘာ လဆန်းတွင် ထောပတ်ပဲသီးနှံမှာ လက်လီသမားရော၊ လက်ကားသမားများပါ ဝယ်ယူမှုကြောင့် စုစုပေါင်း အိတ် ၆၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ခင်ဆွေဝင်း
ပင်လယ်ရေကြောင်း ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း ပမာဏများနေသေးတာ တွေ့ရပါတယ်။ လက်ကျန်နည်းနေပြီဖြစ်ပေမဲ့ စက်တင်ဘာနောက်ဆုံး သီတင်းပတ်မှာ ထောပတ်ပဲ တန် ၂၀၀ နဲ့ မြေထောက်ပဲ တန်ချိန် ၄၁၀ ကျော်ထိ တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လ လုံးအတွင်း တင်ပို့မှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၆၆၃၊ မြေထောက်ပဲတန်ချိန် ၁၇၀၀ ကျော်ရှိပြီး သြဂုတ်လအတွင်းမှာ ထောပတ်ပဲတန်ချိန် ၇၀၀ ခန့်၊ မြေထောက်ပဲ တန်ချိန် ၈၀၀ ခန့် ရှိခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အောက်တိုဘာလ ပထမပတ်အတွင်း ထောပတ်ပဲ တန်ချိန် ၁၄၀၊ မြေထောက်ပဲ တန်ချိန် ၄၃၀ ကျော် စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး FOB အရောင်းအဝယ်ဖြစ်မှုမှာ ထောပတ်ပဲတန်ချိန် ၂၉၀ သာရှိခဲ့ပြီး မြေထောက်ပဲတန်ချိန် ၂၇၀၀ ခန့်ရှိခဲ့ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ FOB ဈေးအနေနဲ့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ ရှိပြီး မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT_MAPT
စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၁၁၅ သန်းတန်ဖိုးရှိ ပဲယင်း ၂၂၃ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ နယ်စပ်မှ ပဲယင်းအပို့ မရှိခဲ့ပေမဲ့ စက်တင်ဘာလ အတွင်းမှာ ပဲယင်း ၁၀၂၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ကာလအတွင်းမှာတော့ နယ်စပ်မှ ပဲယင်း (ချင်းပဲ) ၈၂၈၆ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်မြင့်သော်လည်း တစ်ဘက်နိုင်ငံဈေးမှာ ယခင်အပတ်ထက် ၁၅ ဒေါ်လာခန့် လျော့ကျလျက်ရှိတာ တွေ့ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၅၈၀၀၀ ၃၅၀၇၅၇ ၇၂၄၃ ၂ ၄၈၆ ၅၀၁ ၁၅ ၃MIRT(MAPT)
မုံရွာကုန်စည်ဒိုင် အောက်တိုဘာပထမပတ် ကုလားပဲဈေးကွက်မှာ V2 ဈေး အနည်းငယ် ကျခဲ့ပေမယ့် ကျန်ကုလားပဲတွေ ဈေးမာနေခဲ့ပါတယ်။ Export အတွက် မန္တလေးနဲ့ ရန်ကုန်ဝယ်လက်တွေ ဝယ်အားလျော့သွားခဲ့ လို့ အခုလိုဈေးကျ သွားခြင်းဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ ယခုတစ်ပတ်မှာ V2 တစ်တင်း ၂၃၅၀၀ ကျပ်၊ တိုင်ပေတစ်တင်း ၁၉၇၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၈၅၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၉၅၀၀ ကျပ် အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ဈေးကွက် မျှော်လင့်ချက်နဲ့ ကုန်သည်အချင်းချင်း အရောင်းအဝယ်ဖြစ်ခဲ့ကြလို့ မုံရွာကုန်စည် ဒိုင်မှာ တစ်ရက် အိတ် ၁၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ကုလားပဲစီးဆင်းသွားမှု အနေနဲ့ မန္တလေးကို တင်း ၃၀၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၂၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဈေးအနိမ့်နဲ့ ဝယ်လိုအားတက်လာတာကြောင့် အိန္ဒိယကုလားပဲ လက်ငင်းဈေးအနည်းငယ်တိုးလာပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ ထွက်ရှိမှုကောင်းနိုင်တဲ့ သတင်းတွေအရ ကြိုပွိုင့်ဈေးကွက်မှာအောက်တိုဘာ ၆ ရက်နေ့က ဈေးကျဆင်းခဲ့ပါတယ်။ NCDEX မှာအောက်တိုဘာလ စာချုပ် ကုလားပဲဈေးဟာ ၃ ဒသမ ၉၉ ရာခိုင်နှုန်းလျှော့ကျပြီး တစ်တန်ကို ရူပီး ၁၄၆၀၅ (ကန်ဒေါ်လာ ၂၉၇) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘီကနာမှာ သိုလှောင်မှု ပမာဏအပေါ် ကန့်သတ်ခြင်းနဲ့ ဝယ်ယူမှုကောင်းနေခြင်းတို့က ဈေးနှုန်းကျဆင်းမှုကို အထောက်အပံ့ပြုနေပါတယ်။ နောက်လအနည်းငယ်အတွင်း ကုလားပဲဈေး သိသိသာသာမြင့်တက်နိုင်တဲ့ အလားအလာအရ ပွဲတော်အတွက် အဝယ်ရှိပေမဲ့ အချို့ရောင်းချသူများက ဈေး မတက်မီ ရောင်းမထုတ်သေးကြောင်း သိရပါတယ်။ ပထမ အကြိမ် မိုးပဲထုတ်လုပ်မှု ခန့်မှန်းချက်အရ ယခင်နှစ်မှာ တန်ချိန် ၇ ဒသမ ၂ သန်းထွက်ရှိရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းနိုင်ခြင်းက ကာလလတ်အတွင်း ကုလားပဲ ဈေးကို အထောက်အပံ့ပြုနိုင်ပါတယ်။ ယမင်းခင် Source: commodityonline
အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ကုလားပဲ ဈေးဆက်တိုက်ကျ ဆင်းခဲ့ရာမှ ယခုသီတင်းပတ်နှောင်းပိုင်းမှာ လှောင်လက်များအဝယ်လိုက်လာလို့ ဈေးပြန်တက်လာပါတယ်။ အရောင်း အဝယ် ဖြစ်မှုအနေနဲ့ ကုလားပဲအမျိုးအစားနဲ့ အရည်အသွေးအလိုက် ဈေးကွာခြားမှု ရှိပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် နည်းနေပြီဖြစ်လို့ လာမယ့်ရက်တွေမှာ ဈေးပြန် လည် မြင့်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိ ဆောင်းပဲစိုက်ပျိုးမှုမှာ အစိုဓာတ်ကောင်းမွန်ပြီး ရာသီဥတုသာယာနေတဲ့အတွက် ကုလားပဲစိုက်ဧရိယာ မနှစ်ကထက် ပိုနိုင် ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၅-၁၀-၁၁ ၄-၁၀-၁၁ ၃-၁၀-၁၁ ၁-၁၀-၁၁ဒေလီ ၆၆၀-၆၆၆ ၆၇၃-၆၈၃ ၆၅၄-၆၇၀ ၆၃၃-၆၄၃ကန်ပါ ၇၂၆ ၇၂၉ ၇၁၆-၇၂၁ ၆၆၈အာကိုလာ ၇၂၁ ၇၃၄ ၇၁၆-၇၂၁ ၆၉၄-၆၉၉MIRT(MAPT)
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ စက်တင်ဘာလ နောက်ဆုံးပတ် မှာ တန်ချိန်၁၉၀၀ ခန့်နဲ့ ယခင်သီတင်းပတ်များလိုဘဲ ပုံမှန်အနေအထားနဲ့ တင်ပို့နေပါတယ်။ စက်တင်ဘာလ တစ်လလုံးအတွင်း ကုလားပဲ ပြည်ပတင်ပို့မှု တန် ၈၅၀ ခန့် ရှိပြီး သြဂုတ်လအတွင်း တန်ချိန် ၁၆၀၀၀ ခန့်ရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၁၀ စက်တင်ဘာလအတွင်းမှာတော့ တန်ချိန် ၇၀၀ ခန့်သာရှိခဲ့လို့ ယခုနှစ်မှာ ကုလားပဲ တင်ပို့မှု သိသိသာသာ ပြန်တက်လာခဲ့ပါတယ်။ FOB ဈေးကွက် အရောင်းအဝယ်ဖြစ်မှုမှာ အောက်တိုဘာလ ပထမပတ် အတွင်း တန်ချိန် ၄၆၀ ကို ပြည်ပအရောင်းအဝယ်စာချုပ်ခဲ့ပြီး စက်တင်ဘာလ တစ်လလုံးအတွင်း တန်ချိန် ၅၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲအရောင်းအဝယ် အနည်းငယ်ဖြစ်ပေမဲ့ အခြားပဲဈေးများ ကျဆင်း ခြင်းနဲ့အတူ ကုလားပဲ FOB ဈေးလည်း စက်တင်ဘာလ ၃၀ ရက်မှာ ကန်ဒေါ်လာ ၁၁၀၀-၁၂၀၀ ရှိခဲ့ရာမှ အောက်တိုဘာ ၇ ရက်မှာ ကန်ဒေါ်လာ ၁၀၈၀-၁၁၀၀ ရှိကြောင်း သိရပါတယ်။ MIRT(MAPT)
ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲတီစိမ်းသီးနှံအနေဖြင့် အဝင်မရှိခဲ့ဘဲ ပွဲရုံများမှာလည်း နည်းပြီး ပွဲရုံအနည်းငယ် လောက်သာ ပဲလက်ကျန်ရှိတယ်လို့ သိရပါတယ်။ လိုင်းသမားများအဝယ်မရှိသလောက်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလမှစပြီး မျိုး သမားများ အဝယ်ရှိလာခဲ့ပါတယ်။ ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ မျိုးပဲလာရောက် ဝယ်ယူမှုများရှိတဲ့အတွက် အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲဈေးမှာ တစ်တင်းကို ၁၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ ယခင်နှစ်က မျိုးပဲဈေးမှာတစ်တင်း ၂၅၅၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် မျိုးပဲဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာရှိတဲ့အတွက် ပဲစိုက်ပျိုးရန် ဝယ်ယူသူတောင်သူများအနေနဲ့ မျိုးဖိုး ရင်းနှီးစားရိတ်သက်သာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း