Main menu

Background

Tuesday, 27 Sep 2011

အိန္ဒိယကုလားပဲဈေးအနည်းငယ်ပြန်လျော့ကျ                         အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ကုလားပဲလက်ငင်းဈေး တောက်လျှောက် မြင့်တက်ခဲ့ရာမှ ယခုသီတင်းပတ်နှောင်းပိုင်းမှာတော့ ဈေးအမြင့်မှာ ဝယ်လိုအားနည်သွားတဲ့အတွက် အနည်းငယ်ပြန်လျော့ ကျခဲ့ပါတယ်။ သြစတြေးလျ မှ တင်သွင်းပဲများရောက်ရှိတော့မှာဖြစ်ခြင်းက ဈေးကွက်ကို လွှမ်းမိုးထားပါတယ်။ အိန္ဒိယနိုင်ငံပိုင ်အေဂျင်စီ များကလည်း စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်အတွင်း ဘင်္ဘောတင်ဖို့ ပဲအဝယ်တင်ဒါများ ခေါ်ယူထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ အဓိကတင်ပို့နိုင်ငံတွေမှာ ပဲရောင်းချမှုနည်းခြင်းက ဈေးနှုန်းကို ဆက်လက်အထောက်အပံ့ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့်လမှာ ဆောင်းပဲစိုက်ပျိုးမှုအရှိန် ရလာတော့မှာဖြစ်ပြီး သီးနှံအတွက် အခြေအနေ ကောင်းမွန်ဖွယ်ရှိနေပါတယ်။ နှစ်ကုန်ပိုင်း ပွဲတော်များအတွက် ကုလားပဲ ခွဲခြမ်းနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကုလားပဲဝယ်လိုအားရှိနိုင်ခြင်းက ဈေးနှုန်းကို ဆက်လက် အထောက်အပံ့ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                         ဒေါ်လာ/ တန်                    ၂၁-၉-၁၁        ၂၀-၉-၁၁       ၁၉-၉-၁၁             ၁၇-၉-၁၁ဒေလီ             ၇၅၃-၇၅၈       ၇၅၂-၇၅၇      ၇၆၉-၇၇၄           ၇၅၀-၇၅၅ကန်ပါ              ၈၂၁                ၈၁၉              ၈၄၁                     ၈၁၁အာကိုလာ        ၈၀၀                 ၈၁၄             ၈၃၇                     ၈၁၄ 

Tuesday, 27 Sep 2011

ပဲဟောင်းပေမယ့် ဈေးကောင်းအရောင်းအဝယ်သွက်တဲ့ V2                        လှောင်သက်ကာလကြာ၊ ဈေးလည်းမာလာပြီဖြစ်လို့ ဈေးဖြတ်ပစ္စည်းအပ်မဲ့ ပွဲစားတွေရဲ့အဝယ်နဲ့ မန္တလေး၊ ရန်ကုန် Export ပုံမှန်ဝယ်လက်တွေ အဝယ် သွက်ခဲ့လို့ စက်တင်ဘာ တတိယပတ် မုံရွာကုန်စည်ဒိုင် V2 ဈေးကွက်ဟာ အမြင့် ဈေးမှာ အရောင်းအဝယ်ကောင်းခဲ့တာ တွေ့ရပါတယ်။ V2 ဈေးနဲ့အတူ ကျန် ကုလားပဲတွေလည်း မျိုးအဝယ်လိုက်ခဲ့သလို စက်ပိုင်နဲ့ လက်လီသမားတွေ '' လိုဝယ် '' ရှိတဲ့အတွက် အရောင်းအဝယ်ဈေးတက်လာခဲ့ ပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးတွေကတော့ V2 တစ်တင်း ၂၆၅၀၀ ကျပ်မှ ၂၆၈၀၀ ကျပ် တိုင်ပေတစ်တင်း ၁၉၆၀၀ ကျပ်မှ ၂၀၂၀၀ ကျပ် ကုလားပဲရိုးရိုး ၁၈၀၀၀ ကျပ်မှ ၁၉၂၀၀ ကျပ် ၉၂၉ ကုလားပဲ ၁၉၃၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးဈေးမာနေခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲ စီးထွက်မှု အနေနဲ့ မုံရွာဈေးကွက်ကနေ မန္တလေးကို တင်း ၅၀၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင် 

Tuesday, 27 Sep 2011

ရန်ကုန်သွားနေတဲ့ မန်း V2                     ကုလားပဲဖြူကြီးကို ရန်ကုန်ဝယ်လက်ရဲ့ ဝယ်လိုအားကောင်းနေတဲ့အတွက် ဈေးကွက်အတွင်းမှာ ဈေးစွာနေပြီး ရောင်းဝယ်နေကြပါတယ်။ ပဲလက်ကျန်က လည်း တဖြည်းဖြည်းနည်းလာသလို ဒေသတွင်း စိုက်ပျိုးမယ့် တောင်သူများ ကလည်း မျိုးအတွက်ပါ အနည်းငယ်ဝယ်ယူလာနေတာကြောင့် ဈေးမြင့်ပြီး အရောင်းသွက်နေတာ ဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။ ယခင်တစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၄၅ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၄၉ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၉၇ ကျပ်၊ တစ်တန် ၈၅၅၅၀၀ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၈၄ ကျပ်၊ တစ်တန် ၆၆၃၈၃၀ ကျပ်ဈေးဖြစ်လို့ ယခင်အပတ်ထက် တစ်ပိဿာ ၅၂ ကျပ်ခန့် မြင့်တက်လာကြောင်း တွေ့ရပါတယ်။ မန်းဈေးကွက်အတွင်းမှာ ကုလားပဲကို ဝယ်လိုအား ကောင်းတာကြောင့် စက်တင် ဘာလအတွင်းမှာလည်း ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး 

Tuesday, 27 Sep 2011

အရည်အသွေးကောင်းလို့ ဈေးကောင်းရတဲ့ မြန်မာ(ရှမ်းမွှာ)                      ကြက်သွန်ဖြူသီးနှံအနေနဲ့ ပြည်ဈေးကွက်တွင် ယခုတစ်ပတ်အတွင်း ရှမ်းမွှာဈေးမှာ ယခင်တစ်ပိဿာကို ၁၂၅၀-၁၃၅၀-၁၄၅၀ ကျပ်မှ ယခု ၁၄၅၀-၁၅၅၀- ၁၇၀၀ ကျပ်ထိ ဈေးမြင့်တက်သွားပြီး၊ အောင်ပန်းမှ ၃၅ ပိဿာဝင် အိတ် ၁၅၀ ခန့် ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ရှမ်းမွှာအနေနဲ့ ယခင်ဝင်ရောက်တဲ့ ကြက်သွန်ဖြူ တွေမှာ အရည်အသွေးညံ့တဲ့အတွက် ဈေးကောင်းမရဘဲ ယခုဝင်တဲ့ ရှမ်းမွှာမှာတော့ ပစ္စည်းအရည်အသွေးကောင်းတဲ့ အတွက် ဈေးကောင်းရခြင်းဖြစ်ပြီး၊ အရောင်းအဝယ်အားဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံ အိတ် ၁၀၀ ခန့် အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။                      ကြက်သွန်ဖြူ(ကြူကုတ်)နဲ့ (ဥတစ်လုံး)မှာတော့ ပုံမှန်ဈေးဖြင့် ရောင်းဝယ် နေပြီး၊ ကြူကုတ် ၁၅ ပိဿာဝင် အိတ် ၁၅၀၀ ခန့်၊ ဥတစ်လုံး ၃၅ ပိဿာဝင် ၁၀ အိတ်ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်ရှိ ဈေးနှုန်းများမှာ ကြူကုတ်တစ်ပိဿာ ၁၃၅၀-၁၄၅၀ ကျပ်၊ ဥတစ်လုံး တစ်ပိဿာ ၂၃၀၀-၃၀၀၀- ၄၅၀၀ ကျပ်တို့ ရှိပြီး၊ ယခုတစ်ပတ်အတွင်း ကြူကုတ် အိတ် ၁၀၀၀ နဲ့ ဥတစ်လုံး ပိဿာချိန် ၂၀၀ ခန့် အသီးသီးအရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။         ဝင်းလဲ့ဝါ 

Tuesday, 27 Sep 2011

မန်ကျည်းတင်ပို့ အားကောင်း                 စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက် တာကာလအတွင်း မန်ကျည်းတန်ချိန် ၁၇၀ ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မန်ကျည်းနဲ့ မန်ကျည်း စေ့စသဖြင့် နှစ်မျိုးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့ မှုက တန်ချိန် ၄၀ ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် ၄ ဆလောက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၉၇၈၀ ရရှိခဲ့ပါတယ်။MIRT (DOT) 

Tuesday, 27 Sep 2011

အောင်ပန်းဈေးကွက်ကို ချင်းစိုတွေဝင်                       ဒီတစ်ပတ် အောင်ပန်းဈေးကွက်ကို ကလောမြို့နယ် အောင်ပန်းဒေသရဲ့ အနီးတစ်ဝိုက်က ချင်း(စို)တွေ ထပ်ပြီး ဝင်လာပါတယ်။ အပင်တွေ အဝါလိုက်တာကြောင့် မပုပ်ခင်မှာ ဖော်ကြရတာလို့လည်း သိရပါတယ်။ တောင်သူတွေကလည်း မရင့်သေးတာကြောင့် မဖော်ချင်သေးပေမယ့် အခြေအနေအရ ဖော်နေရတာ လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အဝင်ကလည်း အရင်တစ်ပတ်ကထက် ပိုများလာပြီး၊ တစ်ရက်ကို ပိဿာချိန် ၁၀၀၀ - ၂၀၀၀ ခန့်ဝင်နေပါတယ်။ ချင်း(ဥမ)တွေကတော့ တောင်သူနဲ့ လှောင်လက်မှာ အနည်းငယ်ကျန်နေ သေး တယ်။ မနှစ်က ချင်း(ဥမ)တစ်ပိဿာ ၅၀၀ ကျပ်ကျော်ရခဲ့တာကြောင့်၊ ဒီနှစ်လည်း အဲဒီဈေးလောက် တက်လာမယ်ထင်ပြီး မရောင်းသေးဘဲ ဈေးအကောင်းကို စောင့်နေသေးတယ်လို့သိရပါတယ်။ ငွေလိုတဲ့ တောင်သူ အချို့ကတော့ ချင်း(ဥမ) တွေကို ဈေးကောင်းမစောင့်ဘဲ ပေါက်ဈေးနဲ့သာရောင်းချကြပါတယ်။ မန္တလေး၊ တောင်ငူ၊ မုံရွာ၊ ပြည်၊ နေပြည်တော်စတဲ့ မြို့တွေကိုလည်း အစဉ်မပြတ် ပို့နေရတယ်လို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။                           ဒီတစ်ပတ် ချင်း(စို)နု ပေါက်ဈေးတစ်ပိဿာ ၁၃၀ ကျပ်မှ ၁၅၀ ကျပ်ဈေးရှိပြီး၊ ချင်း(ဥမ)က တစ်ပိဿာ ၃၀၀ ကျပ် -၃၂၀ ကျပ်-၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်း ခြောက်ကတော့ တစ်ပိဿာ ၂၀၀၀ ကျပ် - ၂၁၀၀ ကျပ် ဈေးရှိပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၄၀၀ ကျပ်ဈေးရှိတယ်လို့ ဒေသခံ ကုန်သည်တွေထံမှ သိရပါတယ်။ ဧဧခိုင် 

Tuesday, 27 Sep 2011

လက်ကျန်ချင်း(ဥမ)များ ဝင်ရောက်မှုရှိနေသေး                   အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်တွင် ချင်း(ဥမ)များ လက်ကျန်တွေရှိနေပြီး၊ ချင်း(တက်)အသစ်မှာ စပေါ်၍မရင့်သေးဘဲ ပိန်ကပ်မှုရှိနေသေးလို့ ဈေးကွက် မသွက်သေးကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ ယခုတစ်ပတ် ချင်း(ဥမ)ပိဿာ ၃၀ ဝင်အိတ် ၂၂၀ ခန့်နဲ့ အဝင်ပါးလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယ ပတ်မှစပြီး ဈေးငြိမ်လာခဲ့ရာ ယခုတစ်ပတ်တွင်လည်း ချင်း(ဥမ)ရှယ် တစ်ပိဿာ ၈၀၀ ကျပ်(ဂျွန်) ၅၅၀-၆၅၀ ကျပ်တို့နဲ့ ဆက်လက်ဈေးငြိမ်နေပြီး ပုံမှန်ဈေး ကွက်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် တင်ပို့မှု အပါအဝင် ချင်း ဓါးလှီးသမားများ လက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ယခုတစ်ပတ် ပိဿာ ချိန် ၆၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Tuesday, 27 Sep 2011

နနွင်း ၄၈ တန် တင်ပို့                       ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း နနွင်း ၄၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေမှာ စင်ကာပူနိုင်ငံကို ၁၈ တန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံကို တန်ချိန် ၃၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၅ တန်သာ တင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ယခင်တစ်ပတ်ထက် ၃ ဆလောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၂၀၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Tuesday, 27 Sep 2011

နယ်စပ်မှ နနွင်းတက်(ရှမ်းစ)နဲ့ နနွင်းခေါင်းပါပို့               မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ ယခုအပတ်မှာ နနွင်းတက် (ရှမ်းစ) သာမက နနွင်း ခေါင်းအနည်းငယ်တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၀ ဒသမ ၀၆၈ သန်းတန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၄၅ တန်ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း တန်ဖိုးရှိ နနွင်းခေါင်း ၂ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျင်တော့ နနွင်းတက်တင်ပို့မှု တန် ၁၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ MIRT (DOBT) 

Tuesday, 27 Sep 2011

နနွင်းဈေး အနည်းငယ်မြင့်တက်လို့ အိန္ဒိယတောင်သူများပျော်ရွှင်လာ                     အိန္ဒိယမြောက်ပိုင်းကုန်သည်များက ရုတ်တရက် အဝယ်တက်လာလို့ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၃၀၀၀-၅၀၀၀ (ကန်ဒေါ်လာ ၆၂ ဒသမ ၁၀၃)ခန့် မြင့်တက်လာခဲ့တဲ့အတွက် နနွင်းတောင်သူများ ပျော်ရွှင်နေကြတယ် လို့ အီရော့ နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာက ပြောကြားပါတယ်။ ယခုလို ဈေးထိုးကျဆင်းပြီး အနည်းငယ်ပြန်တက်လာခြင်းဟာ နှစ် ၇၀ ခန့်အတွင်း ပထမဆုံးအကြိမ်ကြုံဖူးတာပါလို့ ဆိုပါတယ်။ မနှစ်ကတိုင်အောင် နနွင်းဈေး တဖြည်းဖြည်းသာ ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ ရုတ်တရက်ကျဆင်းမှုတွေဖြစ်လာတော့ တောင်သူတွေ ထိခိုက်မှုရှိတယ်လို့လည်း ဆိုပါတယ်။                       အရည်အသွေးအရ ဈေးကျတဲ့စပ်မျိုးနနွင်းဈေးလည်း တစ်တန်ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၁၀၃)ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။ တောင်သူများအနေနဲ့ နနွင်းဈေးအနည်းငယ်တက်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ အီရော့ဈေးကွက်မှာ နနွင်းဈေးတက်တာကြောင့် ကြိုပွိုင့်ဈေးလည်း တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၁) မြင့်တက်ခဲ့ တယ်လို့သိရပါတယ်။ နောက်ထပ်အမှာအော်ဒါအသစ် ၁၀ ခုလက်ခံရရှိခဲ့ပြီး၊ နနွင်းအိတ် ၆၂၀၀ ဝင်ရောက်မှုအနက် ၇၀ ရာခိုင်နှုန်း မှာ ရောင်းထုတ်ပြီးသွားပြီလို့ သိရပါတယ်။ အချို့ကုန်သည်တွေကလည်း ဈေးဆက်တက်မယ့်မျှော်လင့်ချက် တွေကြောင့် ၎င်းင်းတို့လက်ကျန်များကို ဈေးကွက်အတွင်း သယ်ယူလာကြတယ်လို့ သိရပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ရူပီး ၃၆၈၉၀ ၄၆၆၉၀(ကန်ဒေါ်လာ ၇၅၇-၉၅၈)၊ နနွင်းဥဈေးတစ်တန်ရူပီး ၃၅၀၀၀-၄၁၈၉၀ (ကန်ဒေါ်လာ ၇၁၈-၈၆၀)ဈေးရှိတယ်လို့ သိရပါတယ်။                  ယမင်းခင်၊Source: hindubusinees 

Pages