Main menu

Background

Wednesday, 14 Aug 2013

ပြည်ပကို ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃ ရက်နေ့တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၄၉ ဒသမ ၉၈ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံကိုသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။

Wednesday, 14 Aug 2013

ဒီတစ်ပတ်လည်း ချင်းက အဝယ်လိုက်နေပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံကို တင်ပို့ဖို့အတွက် တမူးနဲ့ တောင်ကုတ်လှောင်လက်တွေကတော့ ဝယ်နေတုံး ပါပဲ။ တချို့ ဝယ်လက်တွေကတော့ ဒီထက် ဈေးကောင်း လာရင်ဆိုတဲ့ မျှော်လင့် ချက်နဲ့ဝယ်ပြီး၊ လှောင်ကြတယ်လို့လည်း သိရပါတယ်။

Wednesday, 14 Aug 2013

တောင်ကြီးနဲ့ အောင်ပန်းဈေးကွက်မှ ချင်း(ဥမ)များ ယခုတစ်ပတ်ပြည်ဈေး ကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ ဝင်ရောက်မှုမှာ ယခင်အပတ်အတိုင်း ပုံမှန်အဝယ်ရှိနေပါတယ်။ အဝင်လည်း ပုံမှန်၊ ဈေးလည်း ပုံမှန်နဲ့ ယခင်ပတ် ဈေး အတိုင်းချင်း(ဥမ)(ရှယ်)တစ်ပိဿာကို ၁၂၀၀ ကျပ်၊ (ဂျွန်) ၁၁၀၀ ကျပ်တို့နဲ့ ဈေးငြိမ် နေပြီး၊ အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၈၀၀ ခန့်နဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်လည်း ပုံမှန်ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသ ကြီး စားသုံးမှုအဖြစ် ဈေးကွက်မှတစ်ဆင့် တစ်ရက်ကို ပိဿာချိန် ၃၅၀ ခန့် တင်ပို့မှု ရှိကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်

Wednesday, 14 Aug 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၃၁ ရက်မှ သြဂုတ်လ၆ ရက်တာကာလမှာကန်ဒေါ်လာ ၃ ဒသမ ၈၄၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၄၅၂၃ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်းဖိုးရှိ (လုံးခြမ်း) ၃၄ တန်တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်းရောင်းဝယ် ရေး စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်းတန်ဖိုးရှိ  (လုံးပြည့်) ၉၄ တန်နီးပါးကို တင်ပို့ခဲ့ပါတယ်။

Wednesday, 14 Aug 2013

မုံရွာ ကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲမျိုးစုံ ဈေးကွက်မှာ ကုလားပဲမျိုးစုံနဲ့ ပဲစင်းငုံနီတို့ မနှစ်က ကာလတူ ပေါက်ဈေးထက် ဈေးလျော့ လာခဲ့ကြပြီး၊ ပဲတီစိမ်းကြီးနဲ့ စွန်တာနီ၊ ပဲကြီးတွေကတော့ မနှစ်ကကာလတူ ပေါက်ဈေးထက် ဈေးပိုရခဲ့ကြတာတွေ့ ရ ပါတယ်။

Wednesday, 14 Aug 2013

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေး ကွက်မှာ သြဂုတ်လဆန်းအတွင်း ပဲတီ စိမ်းဈေးနှုန်းများ သိသိသာသာ ဈေး လျော့နည်းသွားခဲ့ပြီး၊ ပဲကြီး၊ ဘိုကိတ်၊ မတ်ပဲဈေးများ ဈေးငြိမ်နေကာ ပဲပုပ်နဲ့ စားတော်ပဲဈေးမြင့်တက်လာခဲ့ပါတယ်။

Wednesday, 14 Aug 2013

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်တွင် မြန်မာ မတ်ပဲကို အတွင်းပိုင်းဈေးကွက်တွေက အရောင်း အဝယ်လုပ်တာနည်းလို့ ဈေးငြိမ်နေပြီး ပဲစင်းငုံနီကတော့ ပဲခွဲစက်နှင့် ကုန်သည် များက အဝယ်မရှိဘို့ ဈေးကျဆင်းနေ တယ်လို့ သိရပါတယ်။ ဒေလီဈေးကွက် မှာလည်း ဒေစီကုလားပဲများ ဈေးငြိမ် နေပါတယ်။

Tuesday, 6 Aug 2013

ဇူလိုင်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ ၉၃၈ တန်ခန့်ကို တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဒသမ ၀၆၅ သန်းဖိုးရရှိခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူနိုင်ငံကို တန် ၃၈၀ ခန့်၊ တရုတ်နိုင်ငံကို ၃၆ တန်၊  မလေးရှား နိုင်ငံကို ၅၀၂ တန်ခန့်နဲ့ ပါကစ္စတန်နိုင်ငံကို တန် ၂၀ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ဇွန်လနဲ့နှိုင်းယှဉ်ပါက တန်ချိန် ၄၀၀ ကျော် လျော့နည်းခဲ့ပါတယ်။

Tuesday, 6 Aug 2013

တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်က စိုက်တဲ့ ရေသွင်းပြောင်းေ တွတောင်ကြီး ဈေးကွက်နဲ့ အောင်ပန်းဈေးကွက်ကိုဝင်လာပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃၀၀၀ ခန့်သာအဝင်ရှိနေပါသေးတယ်

Tuesday, 6 Aug 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးမှ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ပြောင်း ၉၂၇၃ တန်ကျော်၊ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၉၄၁ သန်းတန်ဖိုးရှိ ပြောင်း ၂၉၄၀ တန်ကျော်နဲ့ လွယ်ဂျယ်ကူးသန်းရောင်း ဝယ်ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်းတန်ဖိုးရှိ ပြောင်း ၅၃၆ တန် ကျော်ကို အသီးသီးတင်ပို့ခဲ့ပါတယ်။

Pages