Background
ဒေသတွင်း လှောင်လက်အရောင်းအဝယ်များတဲ့ မုံရွာပဲစင်းငုံနီ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇူလိုင်လအတွင်းက ပဲစင်းငုံနီ တစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ ၆၄၅ ကျပ်၊ ၆၅၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုလအတွင်း ပဲစင်းငုံနီဈေးမှာ တစ်တင်းအပေါ် ၂ဝဝ ကျပ်-၃ဝဝ ကျပ်၊ တစ်ပိဿာအပေါ် ၁ဝ ကျပ်ခန့်သာ ဈေးအတက်အကျဖြစ်ကြောင်း သိရပါတယ်။ ဈေးအတက်အကျနည်းလို့ ဒေသတွင်း လှောင်လက်သမားများသာ အများဆုံး ရောင်းဝယ်ကြရာ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ပဲစင်းငုံနီတင်း ၅ဝဝ ကျော်စီးထွက် ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
အိန္ဒိယ ပဲစင်းငုံ အကျဈေးနဲ့ ငြိမ်နေ အိန္ဒိယပြည်တွင်းဈေးကွက်အချို့မှာ သီတင်းပတ်အစပိုင်းက တင်သွင်းပဲ ဈေးခိုင်မာနေပေမဲ့ ပြည်တွင်းပဲစင်းငုံဈေး လျော့ကျခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာ တော့ ဈေးအကျမှာ ငြိမ်နေတာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ ပင်နီစူလာ အချို့ဒေသ တွေမှာ မိုးအနံှ့အပြား ဆက်လက်ရွာသွန်းနေခြင်းက ပဲစိုက်ပျိုးဖို့အတွက် အထောက် အကူ ဖြစ်စေနိုင်ပေမဲ့ လက်ရှိအချိန်ထိ စိုက်ပြီးစီးမှုဟာ မနှစ်က ကာလတူစိုက်ပျိုးမှုထက် လျော့ကျခဲ့တာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်အလုံအလောက် ရှိနေပြီး လှောင်လက်တွေ ထုတ်ရောင်းမယ်ဆိုရင် ဈေးပိုကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ အချိန်လိုနေသေးတဲ့အတွက် ဈေးနှုန်းပြန်လည်အားကောင်းလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဈေးကွက် အသီးသီးမှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၃-၇-၁၁ ၁၂-၇-၁၁ ၁၁-၇-၁၁ ၉-၇-၁၁မွန်ဘိုင်း ၆၆၇-၆၈၄ ၆၆၆-၆၇၇ - ၆၇၆-၆၈၇ဒေလီ ၇၂၉-၇၃၁ ၇၂၇-၇၂၉ ၇၃၂-၇၃၅ ၇၃၂-၇၃၅ချန်နိုင်း ၆၆၂ ၆၆ဝ ၆၆၅ ၆၆၅MIRT(MAPT)
ပဲစင်းငုံကို ပြည်ပအဝယ်တန် ၆ဝဝဝ ကျော်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုသီတင်းပတ် ဇူလိုင်လဒုတိယပတ်မှာ တန် ၆ဝဝဝ ကျော် ပြည်ပအဝယ် စာချုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တန် ၁ဝဝဝဝ ထိ အရောင်း အဝယ် စာချုပ်ခဲ့ရာမှ ယခုတစ်ပတ်မှာ ပြန်လျော့ကျလာခဲ့ပါတယ်။ ဇူလိုင်လ ဒုတိယပတ်အထိ လဝက်အတွင်းပဲစင်းငုံတန် ၁၆ဝဝဝ ကျော် FOB အရောင်းအဝယ်စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ မြန်မာပဲစင်းငုံအနီ၊ လင်းခေးစတွေကို အဝယ်ပြန်လိုက်လာတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးမှာငြိမ်နေပြီး ဇူလိုင်လ ၁၄ ရက်မှာလည်း ပဲစင်းငုံနီ (FAQ ) တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT- MAPT
ပဲစင်းငုံတင်ပို့မှု ပြန်တိုးတက် ပြည်ပပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်တွေထက် တိုးတက်ပြီး ယခု သီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့)အတွင်း တန်ချိန် ၆၅ဝဝ အထိ တိုး တက်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအား တိုးလာတာကြောင့် တင်ပို့မှု တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၅ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၃၂ဝဝဝ ခန့် သာတင်ပို့ နိုင်ခဲ့လို့ ယခုနှစ်မှာ တန်ချိန် ၂ဝဝဝဝ ကျော်ပိုမို တင်ပို့ပြီးဖြစ်ပါတယ်။ ပြည်ပအဝယ် ပြန်လိုက်လာလို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ပြည်မတ်ပဲဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ် ပြည်မတ်ပဲဈေးကွက်မှာ ဇူလိုင် လဆန်းရက်က မတ်ပဲဈေးမြင့်ခဲ့သော် လည်း တဖြည်းဖြည်း ဈေးပြန်ကျလာ ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ပဲတစ်တင်းကို ၁၇၄ဝဝ-၁၇၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ် နေခဲ့တာကိုတွေ့ရပါတယ်။ ပြည်အနီး အနားတစ်ဝိုက်မှ တစ်နေ့ကို အိတ် ၄ဝဝ-၅ဝဝ ခန့်သာ အဝင်ရှိပြီး အဝင် ပါးလာတာကိုတွေ့ရပါတယ်။ ရန်ကုန် ဝယ်လက်ကလည်း တစ်နေ့ကို အိတ် ၄ဝဝ-၅ဝဝ ခန့် အဝယ်ရှိနေတယ်လို့သိရပါတယ်။ အခြားတိုင်းအဝင်မရှိဘဲ ပြည်မှ ဘုရင့်နောင်သို့ မတ်ပဲစီးဆင်းမှုကတော့ တစ်ရက်လျှင် အိတ် ၇ဝဝ ခန့် တင်ပို့မှုရှိ တယ်လို့သိရပါတယ်။ မိမိအေး
ပဲစိုက်ဧရိယာ အနည်းငယ်တိုးလို့ အိန္ဒိယမတ်ပဲဈေးအနည်းငယ်လျော့လာ အိန္ဒိယနိုင်ငံ ပဲစိုက်တဲ့ ဒေသတွေ မိုးအသင့်အတင့် ရွာသွန်းခဲ့တာကြောင့် စိုက်ဧရိယာ အနည်းငယ် တိုးတက်လာခဲ့ပြီး စိုက်ပျိုးပြီးတဲ့ အပင်တွေ အပင်ပေါက် အားကောင်းတဲ့ အခြေအနေတွေရှိလာတဲ့ သတင်းအရ လက်ငင်းဈေးကွက်တော် တော်များများမှာ မတ်ပဲဈေးလျော့နေပါတယ်။ လက်လီဈေးကွက်တွေမှာ ပြုပြင်ပြီး မတ်ပဲကို ဝယ်လိုအားနည်းနေဆဲဖြစ်တာကြောင့် လက်ကားဈေးကွက်တွေမှာလည်း အဝယ်နည်းနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မဟာရပ်ရှတရာနဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်းနေပေမဲ့ စိုက်ပျိုးမှု နောက်ကျတဲ့အတွက် အထွက်နှုန်းကျမှာ စိုးရိမ်ကြတဲ့ တောင်သူများအခြားသီးနံှနဲ့ ဆီထွက်သီးနံှတွေကို အစားထိုး စိုက်ပျိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်း ဝယ်လိုအားနည်းနေပြီး တင်သွင်းပဲနဲ့ ပြည်တွင်းထွက်ပဲများ ရောင်း ချမှု အလုံအလောက်ရှိနေသေးတာကြောင့် ကာလတိုအတွင်း မတ်ပဲဈေး အားပျော့ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၃-၇-၁၁ ၁၂-၇-၁၁ ၁၁-၇-၁၁ ၉-၇-၁၁မွန်ဘိုင်း ၈၅၂-၈၅၈ ၈၅ဝ-၈၅၆ - ၈၅၆-၈၆၈ဒေလီ ၈၅၂-၈၉၇ ၈၇၈-၈၉၅ ၈၈၅-၉ဝ၂ ၈၈၅-၉ဝ၂ချန်နိုင်း ၈၁၉-၉၃၆ ၈၂၂-၉၄ဝ ၈၄ဝ-၉၅၂ ၈၄ဝ-၉၅၂MIRT(MAPT)
မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ဝဝဝဝ ရှိ ပြည်ပကို မတ်ပဲတင်ပို့မှုဟာ လွန်ခဲ့တဲ့သီတင်းပတ်က တန်ချိန် ၁၆ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့)အတွင်းမှာ တန် နှစ်သောင်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လအတွင်း တင်ပို့မှု အားကောင်းခဲ့ သလို ယခုသီတင်းပတ်မှာလည်း တင်ပို့အားကောင်းနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် ရဲ့ ဇူလိုင်လ ၈ ရက်နေ့အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် နှစ်သိန်း တစ်သောင်းခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် တစ်သိန်းလေးသောင်း ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှု သိသိသာသာပိုလာတာ တွေ့ရပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်များမှာ ပြည်ပအဝယ်ပုံမှန်ရှိနေလို့ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ယခုတစ်ပတ် မတ်ပဲ FOB အရောင်းအဝယ်လျော့ ယခင်သီတင်းပတ်တွေက ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပဝယ်လက်တွေ အဝယ်သွက်လို့ FOB အရောင်းအဝယ် စာချုပ် တန်ချိန် သုံးသောင်းနီးပါးဖြစ်ခဲ့ပေမဲ့ ယခုဒုတိယပတ်မှာ လျော့ကျလာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းကုန်သည်များက ဈေးမြှင့်ရောင်းချမှု ကြောင့် FOB အဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် ၁၃ဝဝဝ ကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ လဝက်အထိ FOB အရောင်းအဝယ်စာခုျပ်ခုျပ်ဆိုမှုက SQ ၊ FAQ အပါအဝင် စုစုပေါင်း တန်ချိန် လေးသောင်းနီးပါးရှိတာတွေ့ရပါတယ်။ ပြည်ပ အဝယ်အနည်းငယ်လျော့တာကြောင့် ရန်ကုန် ၤဥြ ဈေးလည်းအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၄-၇-၁၁ ၇၆ဝ-၇၈ဝ ၈၄ဝ-၈၆ဝ၈-၇-၁၁ ၇၆ဝ-၇၈ဝ ၈၅ဝ-၈၇ဝMIRT(MAPT)
