Main menu

Background

Monday, 27 Jun 2011

ပဲစင်းငုံဈေး ပြန်ဆင်းလာ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခင်တစ်ပတ်က ပဲစင်းငုံဈေးငြိမ်နေ ရာမှ ယခုတစ်ပတ်မှာ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ ရောင်းလိုအားများပြီး အဝယ်မရှိခြင်းက ဈေးနှုန်းကို ကျဆင်းစေပါတယ်။ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ နောက်ထပ် ၆ လခန့် လိုနေသေးတဲ့အတွက် လှောင်လက်ကြီးများဟာ ဈေးထပ်မံ မြင့်တက်မယ် မျှော်လင့်ပြီး ပဲစင်းငုံပမာဏ အမြောက်အမြား ကိုင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။ မိုးရွာသွန်းမှု ပုံမှန်အောက် ရောက်မယ်ဆိုပေမဲ့ လက်ရှိစိုက်ပျိုးထားတဲ့ ပဲများဟာ အစိုဓာတ်နဲ့ ရာသီဥတုကောင်းမွန်စွာရရှိတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးအတက်အကျဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                    ဒေါ်လာ/ တန်                   ၂၃-၆-၁၁          ၂၂-၆-၁၁          ၂၁-၆-၁၁            ၂ဝ-၆-၁၁မွန်ဘိုင်း            ၆၅၁-၆၆၂         ၆၆၄-၆၇၅        ၆၆၈-၆၇၉           ၆၇၂-၆၈၃ဒေလီ               ၇၂၃-၇၂၆         ၇၂၅-၇၂၇       ၇၃၅-၇၃၇           ၇၃၃-၇၃၆ချန်နိုင်း                ၆၅၆                ၆၅၈              ၆၅၇                  ၆၆၇MIRT(MAPT)

Monday, 27 Jun 2011

ဒီတစ်ပတ် တန် ၇ဝဝဝ စာချုပ်ရောင်း                  ရန်ကုန်တိုင်းဒေသကြီး(ဘုရင့်နောင်)ကုန်စည်ဒိုင်ရဲ့ FOB  ဈေးကွက်မှာ ပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်းကြောင့် မြန်မာ့ပဲရောင်းသူများရော ပြည်ပဝယ်လက်များပါ မကိုက်တဲ့အတွက် အရောင်းအဝယ်ဖြစ်မှု နည်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဇွန်လ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်းမှာ ပဲစင်းငုံဖြူနီနဲ့ အဖြူ တန်ချိန် ၇ဝဝဝ ခန့် ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၂၄ရက်အတွင်း ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ဆို ပြီးစီးမှုဟာ တန်ချိန် ၁၉ဝဝ ကျော်ရှိပြီလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန် ဝင်ငွေတစ်ယူနစ် တန်ဖိုးကျဆင်းပေမဲ့ ပဲစင်းငုံ ရန်ကုန် FOB ဈေးနှုန်းကတော့ ယခင်တစ်ပတ်ဈေးအတိုင်းဇွန်လ၂၄ ရက်မှာလည်း ပဲစင်းငုံ (FAQ)တစ်တန် ကန် ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ- ၅၄ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Monday, 27 Jun 2011

ယခုအပတ် မတ်ပဲတင်ပို့မှု ပိုမို                 ဇွန်လ ၁၅ ရက်မှ ၂၁ ရက်အထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၇ဝဝဝ တန်ဖိုးရှိ မတ်ပဲ တန် ၃ဝ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ဝ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီး များက ထွက်ရှိတဲ့ မတ်ပဲများကို တင်ပို့နေတာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ဈေးများ ကျလျက်ရှိပါတယ်။ နှစ်ဘက်မြေပြင်ပေါက်ဈေးများကို နိုှုင်းယှဉ် ဖော်ပြပေးလိုက်ရ ပါ တယ်-                              မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်       ပြောင်းလဲမှု   %     ယခု     ယခင်    ပြောင်းလဲမှု    %မတ်ပဲ     ၅၅၂၁၈၄     ၅၆၆၁ဝ၃      ၁၃၉၁၉      ၃      ၈ဝ၃     ၈၃၄          ၃၁           ၄MIRT (DOBT)

Monday, 27 Jun 2011

ယခုတစ်ပတ် အိန္ဒိယမတ်ပဲဈေးတည်ငြိမ်နေ                 ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ မတ်ပဲဈေး တည်ငြိမ်နေတာတွေ့ရပါတယ်။ ဝယ်လိုအားအကန့်အသတ်သာရှိလို့ အရောင်း အဝယ်ပါးတယ်လို့သိရပါတယ်။ မကြာသေးခင်က မိုးလေဝသဌာနရဲ့ ကြိုတင်ခန့်မှန်း ချက်အရ ပုံမှန်မိုးရွာသွန်းမှုလျော့မယ့် သတင်းများအရ ပဲခွဲစက်များနဲ့ ပြန်လည် ရောင်းချသူများမှ ပဲဝယ်လိုအား ပြန်လည်ကောင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဒါပေမဲ့ ပဲမျိုးစုံဟာ အခြားသီးနံှတွေထက် ရေလိုအပ်မှုနည်းတဲ့အတွက် ပဲစိုက်ပျိုးတဲ့ ဒေသအများစုမှာ မြေဆီလွှာအစိုဓါတ်လုံလောက်နေတယ်လို့ သိရပါတယ်။ ပြုပြင်ပြီး မတ်ပဲကို အဝယ်တက်ခြင်းက မတ်ပဲဈေးကို အထောက်အပံ့ဖြစ်စေ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကို ဖော်ပြလိုက်ပါတယ်                                                ဒေါ်လာ/ တန်                     ၂၃-၆-၁၁      ၂၂-၆-၁၁     ၂၁-၆-၁၁               ၂ဝ-၆-၁၁မွန်ဘိုင်း          ၈၄၆-၈၅၇      ၈၄၈-၈၅၉     ၈၄၆-၈၅၇              ၈၅၆-၈၆၇ဒေလီ              ၈၂၄-၈၉ဝ      ၈၂၆-၈၉၂     ၈၂၄-၈၉၁             ၈၂၂-၈၈၉ချန်နိုင်း           ၈ဝ၇-၉၁၈       ၈ဝ၉-၉၂ဝ     ၈၁၈-၉၃ဝ            ၈၂၂-၉၃၃MIRT(MAPT)

Monday, 27 Jun 2011

FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်နေဆဲ                   ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး ဈေးနှုန်းအပြောင်းအလဲ မတည်ငြိမ်မှုကြောင့် ကုန်သည်များ အရောင်းအဝယ်မလုပ်ရဲကြဘူးလို့ ဆိုပေမဲ့ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် စုစုပေါင်း တန်ချိန် ၁၈ဝဝဝ ခန့် အရောင်းအဝယ်စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁၈ ရက်မှ ၂၄ ရက် အထိ စုစုပေါင်း အရောင်းအဝယ် ဖြစ်မှုမှာ မတ်ပဲ SQ တန်ချိန် ၁၆ဝဝဝ ကျော်၊ FAQ တန်ချိန် ၄၂ဝဝဝ ကျော်နဲ့ အခွံချွတ် စုစုပေါင်း တန်ချိန် ၆ သောင်းကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                   ပို့ကုန်ဝင်ငွေဈေးနှုန်းအပြောင်းအလဲကြောင့် ပဲဈေးများလည်း ပြောင်းလဲလျက် ရှိရာ ရန်ကုန် FOB မတ်ပဲဈေးမှာ ယခင်တစ်ပတ်ထက် လျော့ကျခဲ့တာ တွေ့ရပါတယ်။                                        ဒေါ်လာ/တန်                    မတ်ပဲ(FAQ)       မတ်ပဲ(SQ)၂၄-၆-၁၁       ၇၃ဝ-၇၅ဝ         ၈၅ဝ-၈၇ဝ၁၇-၆-၁၁       ၇၅ဝ-၇၇ဝ         ၉ဝဝ-၉၂ဝMIRT(MAPT)

Monday, 27 Jun 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၈ဝဝဝ ကျော်ရှိ                 ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှုဟာ ယခင်သီတင်းပတ်များက တန်ချိန် နှစ်သောင်းကျော်နဲ့ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်)မှာ အနည်းငယ်လျော့ပြီးတန်ချိန် ၁၈ဝဝဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံ က အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ဖြစ်တယ်လို့ သိရပါတယ်။               လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၆ဝဝဝဝ ကျော်ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှု တန်ချိန် တစ်သိန်း ကျော်ထက် ပိုမိုတင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် သီတင်း ပတ်တွေ မှာ တော့ တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT - MAPT 

Tuesday, 21 Jun 2011

ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်အာလူးဈေးကွက်                  ယခုတစ်ပတ်တွင် အောင်ပန်းဘက်မှ အာလူးများ ပြည်ဈေးကွက်အတွင်းသို့ ပိဿာ ၄ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ ယခင် ပတ်အတိုင်း ပုံမှန်အဝင်ရှိပြီး ဧရာဝတီနှင့် ရခိုင်ဘက်သို့ ပိဿာချိန် ၆ဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို (ကြီး) ၈ဝဝ ကျပ်၊ (လတ်) ၇ဝဝ ကျပ်၊ (သေး) ၆၅ဝ ကျပ်တို့ရှိပြီး ဈေးကွက်အတွင်း ပွဲရုံများ၌ ပိဿာချိန် ၂၅ဝဝ ခန့်နှင့် ယခုတစ်ပတ်၌ အရောင်းအဝယ် ပုံမှန်ဖြစ် လျက်ရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Pages